Thursday, October 31, 2013
မန်မာပြည်သားများ တရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း
မန်မာပြည်သားများ တရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း
Posted by Phoe Cho on October 18, 2013 2 Comments၁၉၉၅ ဝန်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ၊ အဆုပ်၊ နှလုံး၊ မျက်ကြည်လွာများ (cornears) အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ် လာကြသည်။ တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၎င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလ တော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂ဝ၁၂ ကျန်းမာရေးဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇဝတ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၎င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ချင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။ သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇဝတ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ လိုက်စားလိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်ရှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်မှ စတင်တွေ့ရှိကာ ၂ဝ၁၂ ခုနှစ် မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး “ဟွန်” ကပင် တားမြစ် ထုတ်ပြန်ခဲ့လေသည်။
တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ဝယ်လိုအား မြင့်တက်လာသည်မှာ လူနာဦးရေ တနှစ်လျင် တသန်းခွဲ နီးပါးမျှဖြစ်လာလေသည်။ ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခိုဂိုဏ်းများ တိုးပွားလာတော့သည်။ တရုတ်ပြည်၏ တည်ဆဲ ဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇဝတ်မှုအဖြစ် ကြီးမားသောပြစ်ဒဏ်နှင့် သေဒဏ်ထိ ချမှတ်ရန် ပြဋ္ဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်း ရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ဘဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျက်ရှိနေကြသော မြန်မာ၊ လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။
တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့် (Organ Transplant) ဈေးကွက်မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြညှ် ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ တရုတ်ပြည်တွင် ကျောက်ကပ် တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅ဝဝ မှ ၅၅ဝဝ ထိဈေးပေါက်ကြောင်း (Xinhua News Agency) ဆင်ဟွာ သတင်းက တရားဝင်တင်ပြသွားသော မတ်လ ၂၅ ရက် ၂ဝ၁၂ ခုနှစ် သတင်းစာက လူမှောင်ခိုဂိုဏ်းသားများအတွက် သတင်းကောင်းဈေးနှုန်း ဖြစ်ခဲ့သည်။ လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ ထိ ပေါက်ပြီး၊ မျက်ကြည်လွှာသည် အမေရိကန်ဒေါ်လာ ၄ဝဝဝ မှ ၆ဝဝဝ ထိ ဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂ဝဝဝဝ ထိပေါက်ကြောင်း သိရသည်။
ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃ဝ အောက်ရှိသော လူပျောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်းနှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂ဝ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ ပြောဆိုထားသည်။ အဆိုပါ လူပျောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ်မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂ဝ၁ဝ မှ ယခု ၂ဝ၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပျောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။ မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်။
မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၎င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီ ဖြစ်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာအစိုးရသတင်းစာများက ၂ဝ၁၁ ခုမှ စတင်ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိ ကြောင်း တွေ့ရှိရသည်။ ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများ ကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက် ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောကများအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများပေးနေကြရသည်။ ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင်နှင့် ဥပဒေ အကာကွယ်အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘဝသို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း….. ။
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
Kiara > 李颖芝
Subscribe to:
Posts (Atom)