Monday, November 3, 2014

အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို မကြာမီ အသုံးပြုနိုင်ဖွယ်ရှိ


အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို မကြာမီ အသုံးပြုနိုင်ဖွယ်ရှိ

 
ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပေးလာနိုင်ဖွယ် ရှိနေကြောင်း စုံစမ်းသိရသည်။
“Telenor က အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပေးဖို့ရှိတယ်လို့တော့ကြားတယ်။ အသေအချာတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားတာ မရှိသေးဘူး" ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပါက နိုင်ငံတကာနှင့် ဆက်စပ် လုပ်ကိုင်ရသည့် Online Payment လုပ်ငန်းများ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်မှုများတွင် ယခုထက်ပိုမို အဆင်ပြေ လွယ်ကူလာမည်ဖြစ်ပြီး ယင်းအကျိုးဆက်ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများပါ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြား သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးက "အခုလောလောဆယ်တော့ အသေးစိတ် ထုတ်ပြန်လို့မရသေးပါဘူး။ တရားဝင် မိတ်ဆက်ပေးတဲ့အချိန်မှာ ဝန်ဆောင်မှုတွေ အားလုံးကို အသိပေးသွားမှာပါ။ လောလောဆယ်တော့ Telenor ကွန်ရက်က စမ်းသပ်နေတာ ဖြစ်တဲ့အတွက် Facebook လို ဝန်ဆောင်မှုတွေမှာ Telenor ကို တွေ့နေရတာ ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားသည်။
ထို့အပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပြည်တွင်း၌ အသုံးပြုလာနိုင်ပါက Google, Facebook ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုရာတွင်လည်း ပိုမိုလုံခြုံ စိတ်ချစွာဖြင့် အသုံးပြု လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

1 comment:

  1. GOOD WORK this site is amazing blog site" thanks for sharing with is .
    Smart invest

    ReplyDelete