Thursday, October 31, 2013

တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်း လုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်


တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်း လုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်

တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်း လုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်

ဥရောပခရီး ကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေး ဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ … နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။ သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။
တရုတ်လူမျိုးတွေဟာ ကလေးနို့မှုန့်တွေကို တရုတ်ပြည်မကြီး အပြင်ဘက် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရသလောက် ဝယ်နေကြတော့ နယ်သာလန်၊ နယူးဇီလန်တို့ အပါအဝင် အနည်းဆုံး နိုင်ငံခြောက် နိုင်ငံမှာ နှို့မှုန့် ပြတ်လပ်မှုတောင် ဖြစ်ခဲ့ရတယ်။ ဒီပြတ်လပ်မှုဟာ တရုတ်တွေရဲ့ စားသုံးမှုပုံစံနဲ့ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချရမှု (Food and Environmental Safety) အပေါ် ရေချိန် မြင့်တက်လာတဲ့ စိုးရိမ်မှုကို မြင်သာစေပါတယ်။ အကျိုးဆက်အနေနဲ့ ဗြိတိန်နိုင်ငံက တချို့ဆိုင်တွေဆိုရင် လူတစ်ယောက်ကို နှို့မှုန့်နှစ်ဘူးပဲ ဝယ်ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်သတဲ့။ ဟောင်ကောင်နိုင်ငံ အကောက်ခွန် အရာရှိ တွေကလည်း လူတစ်ယောက်ကို နို့မှုန့်နှစ်ဘူး သို့မဟုတ် နို့မှုန့်အလေးချိန် လေးပေါင်အထိပဲ သူ့နိုင်ငံထဲကနေ သယ်ယူထွက်ခွာခွင့် ချမှတ်လိုက်တယ်။ ဖောက်ဖျက်ရင် ဒဏ်ငွေ ၆၅၀၀ ဒေါ်လာနဲ့ အတူ ထောင်ဒဏ် ၂ နှစ်ထိတောင် ကျခံရနိုင်တယ် ဆိုတာမျိုးအထိ ဖြစ်သွားခဲ့တယ်။ ၂၀၁၂ ဧပြီလမှာ နှစ်ရက် စီမံကိန်းနဲ့ ရှာဖွေ ဖမ်းဆီးလိုက်တာ နို့မှုန့်ပေါင် ၂၀၀ လောက်နဲ့ လူဆယ်ယောက်လောက်ကို ဖမ်းမိခဲ့တယ်။
နို့မှုန့်ခြေရာ
တရုတ်လူမျိုးတွေ ပြည်ပက နို့မှုန့်တွေကို ဘာကြောင့် အငမ်းမရ ဝယ်ယူနေကြသလဲ ဆိုတာကို ခြေရာကောက်ဖို့ဆိုရင် ၂၀၀၈ ခုနှစ်ကို ပြန်သွားရပါမယ်။ တရုတ်ပြည်ထုတ် နို့မှုန့်တွေထဲမှာ မယ်လမင်း ဓာတ်တွေတွေ့ရပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်းများကြောင့် ကလေးခြောက်ယောက် အသက်ဆုံးရှုံးခဲ့ရ၊ ကလေးငယ်ပေါင်း ၅၄,၀၀၀ ခန့်ကို ဆေးရုံတင်ခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ပေါ့။
အဆိုပါ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ဂန်စူပြည်နယ် (Gansu) က ကလေး ၁၆ ယောက် ကျောက်ကပ်မှာ ကျောက်တည်တဲ့အတွက် ဆေးစစ်ရာက နို့မှုန့် ပြဿနာရဲ့မီးခိုး စတင်ထွက်ခဲ့တယ်။ အဲဒီ ၂၀၀၈ ခုနှစ် တရုတ်နို့မှုန့်ကိစ္စကို စားသောက်ကုန် ဘေးကင်းလုံခြုံမှု (Food Safety) ဆိုင်ရာ အကြီးဆုံး ပြဿနာတွေထဲက တစ်ခုလို့တောင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ရည်ညွှန်း ပြောဆိုလာခဲ့ရတယ်။ လအနည်းငယ်အကြာ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကြက်ဥနဲ့ အခြား စားသောက်ကုန် တွေမှာလည်း မယ်လမင်းတွေ ထပ်မံတွေ့ရှိခဲ့တယ်။ နောက် ၂ နှစ်အကြာ၂၀၁၀ ဇူလိုင်လမှာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်မြောက်ဘက်က ပြည်နယ်တစ်ခုမှာ နို့ထွက်ပစ္စည်း ကုန်ကြမ်း ၆၄ တန်ကို စစ်ဆေးခဲ့ရာမှာ အဆိပ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းများနဲ့ မယ်လမင်းဓာတ်များ သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။
တရုတ်နို့မှုန့် ပြဿနာကို စတင်အနံ့ခံနိုင်ခဲ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကျန်းဝေစူး (Jiang Weisuo) ဆိုသူ ၂၀၁၂ နိုဝင်ဘာလမှာ သူ့ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ပဲ သေရသလိုလို၊ လူငှားပြီး အသတ်ခံရသလိုလို ဖြစ်ခဲ့တဲ့ သတင်းဟာလည်း တရုတ်ပြည်သူတွေ အနေနဲ့ သူတို့ဆီက စားသောက်ကုန်တွေရဲ့ ယုံကြည်စိတ်ချရမှု အပေါ် ပိုပြီး သံသယတွေ ပွားစေခဲ့ပါတယ်။
တရုတ်အစိုးရ၏ တာဝန်ယူမှု ၂၀၀၈ နို့မှုန့် ပြဿနာအပေါ် တရုတ်နိုင်ငံ အစိုးရဘက်ပိုင်းက တာဝန်ယူမှုကို ကြည့်ရင်လည်း အားရစရာ သိပ်မရှိလှပါဘူး။
တကယ်တော့ နို့မှုန့်မှာ မယ်လမင်းဓာတ် ပါတဲ့ကိစ္စဟာ ဆန်လု (Sanlu) ကုမ္ပဏီက စတင်ခဲ့တာပါ။ ဆန်လုရဲ့ ၄၃ ရာခိုင်နှုန်းကို နယူးဇီလန်က ဖွန့်တာရာ (Fonterra) ကုမ္ပဏီက ပိုင်ဆိုင်ပြီး မယ်လမင်းဓာတ် တွေ့တဲ့အကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လ ၂ ရက် (ပြည်သူတွေ မသိခင် တစ်လအလို) မှာ ဖွန့်တာရာက သိခဲ့ပြီး ရောင်းပြီးပစ္စည်းအားလုံး ပြန်သိမ်းဖို့ တွန်းအား ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၀၈ ခုနှစ်ဟာ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် တရုတ်ပြည်က လက်ခံကျင်းပနေချိန် ဖြစ်နေတယ်။ အိုလံပစ်ပွဲတော် လက်ခံကျင်းပခွင့် ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုကို မသိမသာ လှစ်ပြလို့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လေတော့ တရုတ်အစိုးရ ကလည်း နို့မှုန့်ကိစ္စကြီးဟာ အိုလံပစ်အတွက် ဆူးညောင့် ခလုတ်တစ်ခု ဖြစ်လာမှာကို စိုးရိမ်တကြီး ဖြစ် လာတယ်။
ဒီတော့ တရုတ်အစိုးရက တရုတ် သတင်းသမားများကို နို့မှုန့်ကိစ္စအတွက် အကျယ်အကျယ် မငြိမ်းဖွယ် မလုပ်ဖို့၊ သိုသိုသိပ်သိပ် လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ် သတင်းစာများကို နို့မှုန့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးဘက်ကို မရေးဖို့၊ နိုင်ငံပိုင် သတင်းစာ စင်ဟွာရဲ့သတင်းအတိုင်းပဲ တစ်သဝေမတိမ်းရေးဖို့ ပြောကြားခဲ့ပါတယ်။ စီစီတီဗီ (CCTV) သတင်းဌာန ဆိုရင် နို့မှုန့်အကြောင်း မဟုတ်ဘဲ မကြာမီ အာကာသခရီး စတင်တော့မယ့် အာကာသယာဉ် ရှန်းဂျိုး အမှတ် ၇ (Shenzhou 7) အကြောင်းကိုပဲ အသားပေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဖုံးကွယ်မှုတွေ၊ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကို ထိုစဉ်က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဟယ်လန်ကလပ် (Halen Clark) အပါအဝင် အနောက်နိုင်ငံ သတင်းစာတိုက် များကလည်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆုံးတော့လည်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ဆန်လုကုမ္ပဏီဟာ လူသိရှင်ကြား အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။
နိုင်ငံတကာ၏ ယုံကြည်မှု
၂၀၀၈ နို့မှုန့် ပြဿနာရဲ့ အကျိုးဆက်ကတော့ နိုင်ငံ ၂၅ နိုင်ငံက တရုတ်နို့မှုန့် အပါအဝင် အခြား နို့ထွက်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း ပါပဲ။ မြန်မာပြည်ကလည်း တရုတ်နို့မှုန့် ၁၆ တန်ကို ဖျက်ဆီးခဲ့ပြီး တရုတ်နို့မှုန့် ကိုးမျိုးကိုလည်း တင်သွင်းခွင့် ပိတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်း တင်သွင်းခွင့်ကို ၂၀၁၃ ဇွန်လ ၂၃ မှ နောက်ထပ်တစ်နှစ် ထပ်မံပိတ်ပင်လိုက်ကြောင်း သိပ်မကြာသေးခင်က ပြောကြားသွားတယ်။
ယုံကြည်မှုဆိုတာ အလွယ်တကူနဲ့ ပြန်လည် ဆောက်တည်လို့ ရတာမျိုးမှ မဟုတ်တာ။ အထူးသဖြင့် နိုင်ငံနဲ့ချီပြီး အဆိုးအကောင်း ထိခိုက်နိုင်တာမျိုးဆိုရင် ပိုပြီးတောင် အချိန်ကြာကြာ ယူရမှာပါပဲ။
တရုတ်ပညာရှင်တစ်ဦး၏ အမြင်
ကမ္ဘာကြီးရဲ့ ဆူပါပါဝါ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံများ ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ ချင်းဟွာ (Tsinghua) တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ဆွန်ဂျူရာ (Sun Zhe) က သူ့ရဲ့အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။ “ပါဝါတန်ခိုး ရွေ့လျားမှု (Power Shifting) အတွက် ပညာရှင်တွေ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီသဘောတရားကို သတိကြီးကြီး ထားရပါလိမ့်မယ်။ ဥပမာ ဆိုရရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပါဝါတန်ခိုးတွေ ရွေ့နေတယ်လို့ သူတို့က ပြောကြတယ်။ သို့သော်ငြားလည်း ဖွံ့ဖြိုးဆဲတွေဟာ ဖွံ့ဖြိုးပြီးတွေကို နိုင်ငံရေး လွှမ်းမိုးမှုအပိုင်းမှာ ယှဉ်နိုင်ပါ့မလား။ အခုဆိုရင် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပါဝါတန်ခိုး ရွေ့လျားမှုကို ကျွန်တော်တို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာ မူဝါဒရဲ့ အကျိုးသက်ရောက်မှု ကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဥပမာ – တရုတ်ကိုပဲကြည့် … သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စားသောက်ကုန် ဘေးကင်းလုံခြုံမှုကို ကိုင်တွယ် ဖြေရှင်းတဲ့အပေါ် မူတည်ပြီး ကမ္ဘာက တရုတ်ပြည်ကို ဘယ်လိုမြင်သလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာပါပဲ”
စားသောက်ကုန် ဘေးကင်းလုံခြုံမှုဟာ အဲဒီလောက်တောင် အရေးကြီးနေတယ်လို့ အနှီပါမောက္ခက ဆိုသွားပါတယ်။ ဒီနေရာမှာ ထူးဆန်းတာက တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲလို့ ယူဆတာပါပဲ။ အတိတ်က ဖြစ်ရပ်များအပေါ် သင်ခန်းစာယူမှု တရုတ်ပြည်ဟာ ၂၀၀၈ ခုနှစ် အဖြစ်အပျက်ကို သင်ခန်းစာယူခဲ့ပုံ မပေါ်ပါဘူး။ ထိုအချက်ကို သိသာပေါ်လွင်အောင် ကိန်းဂဏန်းများဖြင့် တင်ပြခွင့်ပြုပါ။
ရှန်ဟိုင်း ဂျိအားတွန်း (Shanghai Jiao Tong) တက္ကသိုလ်က စားသောက်ကုန် ဘေးကင်းလုံခြုံမှု အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေကို မှတ်တမ်း တင်ခဲ့ပါတယ်။ အဲဒီအချက်အလက်များအရ စားသောက်ကုန် ဘေးကင်း လုံခြုံမှုအတွက် နာမည်ဆိုး အတပ်ခံခဲ့ရတဲ့ တစ်ဦးပိုင် ကုမ္ပဏီတွေဟာ ၂၀၁၁ ခုနှစ်မှာ ၄၃ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၀၁၂ ခုနှစ် အရောက်မှာတော့ ၅၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလတုန်းက ကောက်ညှင်းဖက်ထုပ် ထဲမှာ အနာကပ် ပလတ်စတာတစ်ခု တွေ့တဲ့အတွက် ရေခဲရိုက် ဖက်ထုပ် ကုမ္ပဏီတစ်ခုလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ရှန်ဟိုင်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုဆိုင်ရာ အရာရှိတွေက ကမ္ဘာကျော် ကေအက်ဖ်စီ (KFC) ကြက်ကြော်အတွက် ၂၀၁၀ မှ ၂၀၁၁ အတွင်း ကုန်ကြမ်းသွင်းခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို စစ်ဆေးရာမှာ ပဋိဇီဝ ပစ္စည်းတွေ အများကြီး သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒီကိစ္စကြောင့် တရုတ်ပြည်သူတွေလည်း အတော့်ကို ယမ်းပုံမီးကျ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်လည်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်နေတယ်လို့ တရုတ် ဒုတိယဝန်ကြီးချုပ်က ၂၀၁၃ စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ရတယ်။
အမေရိကန်၏ စိုးရိမ်မှု
အမေရိကန်ပြည်ထောင်စုက ကြက်တွေကို တရုတ်ပြည်တင်ပို့၊ တရုတ်ပြည်မှာ ခုတ်ထစ်လှီးဖြတ် ကိုင်တွယ်ပြီး အမေရိကန်နိုင်ငံကို ပြန်လည် ပို့ခွင့်ကို အိုဘားမား အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီး ရှိနေတဲ့အကြောင်း ၂၀၁၃ စက်တင်ဘာ ၂၇ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ‘အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန် လုံခြုံဘေးကင်းမှု သတ်မှတ်ချက်တွေကို သူတို့ (တရုတ်တွေ) လိုက်နာရဲ့လား ဆိုတာကို အမေရိကန်က စားသုံးသူတွေ သိခွင့်ရှိတယ်’ လို့ အမေရိကန် စိုက်ပျိုးရေးဌာနကလည်း သူတို့ရဲ့ ပူပန်မှုကို ထုတ်ဖော်ခဲ့တယ်။ [J] တော်တော်အလုပ်ရှုပ်တဲ့ အမေရိကန်တွေလို့ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။
မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုနှင့် ပြင်ဆင်မှု
ကျွန်တော်တို့ မြန်မာပြည်မှာ ကလေးတွေစားတဲ့ ချိုချဉ်၊ လေထိုးထားတဲ့ အာလူးကြော် ထုပ်တွေက အစ ဆန်ကြာဆံ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆိုးဆေး အလယ်၊ စားအုန်းဆီနဲ့ စံချိန်မမီ ဆေးဝါးများအဆုံး တရုတ်ပစ္စည်းကိုပဲ အားထားနေကြရတာ အားလုံးအသိပါပဲ။ တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်များဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါမှ တော်ကာကျပါမယ်။ အခုအချိန်ထိ မြန်မာပြည်ကို တင်သွင်းတဲ့ တရုတ် စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးချက်၊ တွေ့ရှိချက်၊ ကျန်းမာရေးနှင့် မကိုက်ညီတဲ့ ကုန်ပစ္စည်း အမျိုးအမည်ကို အများပြည်သူသိအောင် ထုတ်ပြန် ကြေညာချက်တွေ လောက်လောက်လားလား မရှိသေးဘူးလို့ ကျွန်တော် မြင်မိတယ်။
ဒါပေမဲ့ ၂၀၁၃ မတ်လ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျန်းမာရေးဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ ဝန်ထမ်း ၁၁၄ ဦးသာ ရှိတဲ့အတွက် အရှိန်အဟုန် မြှင့်နိုင်အောင် ဝန်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ သီးခြားဦးစီးဌာန အဆင့်တိုးမြှင့်၍ တိုးချဲ့ဖို့ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားတာကိုတော့ ဖတ်လိုက်ရတယ်။ အဲဒီ ဖြေကြားချက်နှင့် သက်သက်ပြီး မေးခွန်းရှင် မြောက်ဥက္ကလာပ မဲဆန္ဒနယ် ဒေါက်တာသန်းဝင်းက “ပြည်သူကို အန္တရာယ် ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ကျယ်ပြန့်စွာ ရောက်နေပြီး အရေးယူမှု ထိရောက်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲမှာ တားမြစ်ဆိုးဆေးများ ပါဝင်တဲ့ အစားအသောက်၊ သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စံချိန်မမီဆေးဝါး၊ အသင့်စားသုံးနိုင်တဲ့ သရေစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာ တွေကို ထိရောက်စွာ တားမြစ်၊ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်ဖို့ အများကြီး လိုအပ်နေသေးပါတယ်။ ဒဏ်ငွေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” စသဖြင့် ပြောပြတယ်။
ဒေါက်တာသန်းဝင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်က “အစားအသောက် တွေမှာ ပါဝင်တဲ့ ဆိုးဆေး၊ ဓာတုကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ဖို့ အမှန်ပဲ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်မှုတွေ ရှိပေမယ့် ထုတ်လုပ်သူရော၊ စားသုံးသူပါ ဂရုပြုလိုက်နာမှု နည်းနေပါသေးတယ်။ အခု မေးသွားတဲ့ မေးခွန်းအပေါ် ပြန်လည် ဖြေကြားမှုကလည်း ပြည်သူတွေအတွက် အကျိုးရှိစေမှာပါ။ အစားအသောက်တွေမှာ ပါဝင်တဲ့ အန္တရာယ် ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းနဲ့ ဆိုးဆေးတွေကို ပြည်သူတွေက ကျန်းမာရေး အသိရှိရပါမယ်။ ဒါမှလည်း သုံးစွဲတဲ့အခါ ရှောင်ရှားနိုင်ပါမယ်” လို့ သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။
၂၀၁၃ ဇူလိုင် ၃၀ က သတင်းတစ်ပုဒ်မှာလည်း မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက မူဆယ်၊ မြဝတီနဲ့ တမူးမြို့တွေမှာ ရုံးခွဲများ ဖွင့်လှစ်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယက တင်ပို့လာတဲ့ စားသောက်ကုန်တွေ စစ်ဆေးမယ်လို့ ဖော်ပြထားပါတယ်။ ကြိုဆိုစရာ သတင်းကောင်းတစ်ခုပါ။
နိဂုံးချုပ် ရရင်တော့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) တို့အနေနဲ့ တရုတ်က တင်သွင်း လာတဲ့ စားသောက် ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ နှိုးဆော်ခြင်း၊ အကောင်အထည် ဖော်ခြင်းများ လိုအပ်ပြီး စတုတ္တမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း သမားများ ကလည်း တရုတ်နိုင်ငံထုတ် ဘေးမကင်းတဲ့ စားသောက်ကုန်များ အကြောင်း အများပြည်သူတွေကို ထပ်တလဲလဲ သတိပေးနေ သင့်ပါကြောင်း မေတ္တာရပ်ခံ လိုက်ပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အင်မတန် မြင့်တက်နေသော မြန်မာပြည်သူပြည်သား တစ်ဦး တစ်ယောက်ချင်း အနေဖြင့်လည်း တရုတ်နိုင်ငံထုတ် ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်များကို တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်း လိုက်ပါတယ်။

Online Business လုပ်ကြမလား..?


Online Business လုပ်ကြမလား..?

Online Business လုပ်ကြမလား..?

တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တတ်ကြပါတယ်။
အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရတဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။
(၁) – ဘလော့ရေးခြင်း
အွန်လိုင်းကနေ အလုပ်လုပ်ဖို့ အတွက် အလွယ်ဆုံး နဲ့  အစောဆုံး စတင်ခဲ့တဲ့ ပိုက်ဆံ ရှာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံးကတော့ စာရေးရတာ မျှဝေရတာ ၀ါသနာ ပါတဲ့ သူ ဖြစ်ရပါမယ်။ မိမိ အားသန်တဲ့ လိုင်း တစ်ခုခုကို ထိထိရောက်ရောက် ရေးသားရပါမယ်။
ဒါဟာ ကုန်ပစ္စည်း တစ်ခု ဆိုရင် သင့် ဖောက်သည် စာဖတ်သူတွေကို ဘယ်လို ကောင်းမွန်တဲ့ စာကောင်း ပေကောင်း အရေးအသားကောင်းတွေ မျှဝေနိုင်မလဲ ဆိုတဲ့ သင့်အရည်အချင်းအပေါ်မူတည်ပါလိမ့်မယ်။ နည်းပညာအကြောင်း ရေးမလား ၊ ဗဟုသုတအကြောင်းရေးမလား ၊ အစားအသောက် အချက် အပြုတ်၊ ခရီးသွားတဲ့ အကြောင်း ..  အိုး စုံလို့ ပါပဲ ။  တစ်ခုရှိတာက ဘယ်အရာမှ ချက်ချင်း စိုက်ပျိုးပြီး ချက်ချင်း စားသုံးလို့  မရနိုင်တာကို သိရပါမယ်။ တစ်ခုခု ကို ဇောက်ချ ရေးသား တင်ပြသွားပါ။ အခုဆိုရင် ဆိုရှယ် နက်ဝေါ့တွေကလည်း အားကောင်းနေတာ ဆိုတော့ မိမိ နက်ဝေါ့မှာ မိမိပရိသတ်တွေနဲ့  ချိတ်ဆက်ထားရပါမယ် ။ မိမိ အနေနဲ့ ပေါ်ပင် လုပ်တဲ့ စိတ်ရှိရင်တော့ အစကထဲက ဖျောက်စေချင်ပါတယ်။ ဒါက စေတနာ နဲ့ အချိန် ပေးပြီး ရင်းနှီးမြုပ်နှံရတဲ့ အလုပ် ဖြစ်လို့  ဖြစ်ပါတယ်။ အချိန်တစ်ခု အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါမှာ Out come အနေနဲ့ 
သင့်မှာ အကျိုးအများကြီး ရရှိပါလိမ့်မယ်။
ပထမဆုံး မိမိ အရေးအသား Skill ရှိလာပါလိမ့်မယ် ။ အသိပညာ ကြွယ်ဝလာပါလိမ့်မယ်။ နောက် ပရိသတ်တွေ ရလာပါလိမ့်မယ်။ ဒီအခြေ အနေမှာတင် ၀င်ငွေရနိုင်ပြီ ဖြစ်ပါတယ်။
ဂူဂဲလ် ရဲ့ ဘလော့ က ၀န်ဆောင်မှု ဖြစ်တဲ့ Adsense ကို အသုံးပြုပြီး User Traffic နဲ့  ပိုက်ဆံယူမလား ။ အွန်လိုင်း Advertising ၀န်ဆောင်မှု နဲ့  ချိတ်ဆက်ပြီး Pay Per Click နဲ့  ၀င်ငွေ ရှာမလား…။ ရနိုင်ပါတယ်။
စိတ်တော့ ရှည်ရပါလိမ့်မယ်။
(၂) – အွန်လိုင်း မာကတ်တင်း
ဒါကို Affiliate Marketing လို့ လည်း ခေါ်ပါတယ် ။ ပြောရရင် စုပေါင်းချိတ်ဆက်ပြီး ကိုယ်ဘက်ကနေ ကုမ္မဏီ အတွက် တဆင့်အွန်လိုင်း မာကတ်တင်း ဆင်းပေးတဲ့ သဘောပါ ။
ကုမ္မဏီ တစ်ခုခုရဲ့ ထုတ်ကုန်နဲ့  ၀န်ဆောင်မှုများကို social media platform တွေ အသုံးပြုပြီး ကြော်ငြာပေးတာတွေ ၊ ဝဘ်ဆိုက်မှာ တင်ပြီး ကြေငြာပေးတာတွေ ဖြစ်ပါတယ်။ Social Media မှာကတော့ Facebook လိုမျိုးမှာ Page လုပ်ပြီး ကြေငြာတာတွေ တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မယ်။ တစ်ချို့ ဆိုရင် နာမည်ကြီးတဲ့ ဆိုက်တွေ မှာ ကြော်ငြာပေးတာတွေ ၊ ပရိုမိုးရှင်း ဘာညာ သာရကာတွေ တင်ပေးတာတွေ လုပ်ရပါတယ်။
မိမိ ကြော်ငြာပေးရတဲ့ ကုမ္မဏီ က နာမည်ကြီး Brand တစ်ခု ဖြစ်ပြီး မိမိ Local အတွက် ထိုးဖောက်ပြီး ကြေငြာပေးရတယ် ဆိုရင် ထိုမာကတ်တင်း ဆင်းလို့ တက်လာတဲ့ အမြတ်ရဲ့၁၀ ရာခိုင်နှုန်းကနေ ၃၀ အထိ ရနိုင်ပါတယ်။ ဒါက နိုင်ငံတကာ က ပေးတဲ့ နှုန်း ဖြစ်ပါတယ်။
(၃) – Review ရေးပေးခြင်း
Samsung က အသစ်ထွက်တဲ့ Smart Phone တစ်လုံးအကြောင်း သုံးစွဲပုံ အမြင်လေး ရေးပေးရမယ် ဆိုပါတော့ ။ ဖြစ်သင့်တာက ထို စမတ်ဖုန်းကို ကိုယ်တိုင် ကိုင်တွယ် အသုံးပြုကြည့် ။ ပွတ်ကြည့် ။ App တွေကလိကြည့်။ စသဖြင့် ကိုယ် ကြုံတွေ့ လာရတဲ့ အကြောင်းအရာ Product ရဲ့  ကောင်းမွန်တဲ့ အနှစ်သာရတွေကို ရေးသားရပါတယ် ။ ဒါက သဘော ပြောပြတာပါ ။ ဒီနေရာမှာ အလှကုန်ပစ္စည်း အသစ် ဖြစ်ချင် ဖြစ်မယ်။
အိမ်သုံးပစ္စည်း ၊ လူ့ အသုံးအဆောင် တစ်ခုခု ၊ အစားအသောက် ထုတ်ကုန် အသစ် အားလုံးဖြစ်နိုင်ပါတယ်။ မိမိ ရေးသားထားတဲ့ Review ကို အွန်လိုင်းမှာ တင် ။ ဒီလိုနဲ့  ၎င်းကုမ္မဏီများရဲ့ Product များဟာဖောက်သည်များကို မ၀ယ်ယူ ၊မသုံးစွဲရသေးခင် အွန်လိုင်းမှာ တင်ထားတဲ့ မိမိ Review ကို လေ့လာပြီးနောက် ပိုမိုအရောင်း သွက်လာတဲ့အခြေအနေ ဖြစ်ပေါ်လာပါတယ်။
နိုင်ငံတကာ နှုန်းနဲ့ ပဲ ပြန်တိုင်းရလျှင် Review ရေးသားခဟာ မိမိ ကျွမ်းကျင်မှု ၊ အရေးအသားကောင်းမွန်မှု အပေါ်မူတည်ပြီး တစ်ပုဒ်ကို ဒေါ်လာ ၂၀ ကနေ ၂၀၀ အထိ ရရှိပါတယ်။
(၄) – Web Desiging and Developing
ဒါကတော့ Professional ဆန်တဲ့ လိုင်းတစ်လိုင်း လည်း ဖြစ်ပါတယ်။ Web Designer နဲ့  Develper အတွက် လိုအပ်တဲ့ Skills များကို သင်ယူတက်မြောက်ပြီး မှ လုပ်နိုင်မဲ့ Online ဆက်စပ်အလုပ် တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
Programming အကြောင်း နားလည်ရမယ် ။ ဒီဇိုင်းတွေကို ဖန်တီးနိုင်ရမယ် ။ မိမိ ပြုလုပ်မဲ့ ဆိုက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖန်တီးမလဲ ဆိုတဲ့ အမြင်တွေ ရှိရပါမယ် ။ ဒါကလည်း ကုမ္မဏီ မှာလည်း လုပ်ကြသလို Freelance အနေနဲ့ လည်း Out source တွေ ရှာပြီး အိမ်ကနေ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ Network ကလည်း ကောင်းရပါမယ် ။ ဒီလိုမျိုးကတော့ အိမ်က လုပ်နိုင်တဲ့ အလုပ်မှန်ပေမဲ့ Team Work ကို အားပေးတဲ့ ကျနော် အနေနဲ့ တော့ Social ကျအောင် နေဖို့  အကြံပြုလိုပါတယ်။ သိတဲ့ အတိုင်း Freelance သမားများအနေနဲ့  Asia မှာက အနောက်တိုင်း နိုင်ငံများထက် ရရှိငွေ နည်းတာကို တွေ့ ရပါတယ်။ အကယ်၍ Freelance ကြိုက်တဲ့သူတစ်ယောက် ဆိုရင်တော့ ဒါကလည်း အကောင်းဆုံး Online က စီးပွားရေးပါပဲ။
(၅) – အွန်လိုင်း လေလံ စီးပွားရေး
မိမိ မှာ ရှိတဲ့ တန်ဖိုးရှိ ပစ္စည်း တစ်ခုခုကို အွန်လိုင်းမှာ တင်ပြီး လေလံစနစ်နဲ့ ရောင်းမလား ၊ ၀ယ်မလား ? ဒါကို လုပ်နေတဲ့ ဆိုက်တွေကလည်း တော်တော်များများ ရှိပါတယ်။ နေ့ စဉ် လေလံ တင်သူ ၀ယ်သူ ဈေးပြိုင်သူစသဖြင့် တော်တော်များများ ပါဝင်ပြီး ဈေးကစားနေကြတဲ့ အွန်လိုင်း စီးပွားရေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်တို့  နိုင်ငံမှာတော့ Ebanking System ဖြစ်လာတဲ့ အချိန်မှ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။
သူက အွန်လိုင်းကနေ မိမိဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်လို့ ပဲ ဖြစ်ပါတယ်။ ဒီတော့ မိမိမှာရှိတာ ရောင်းမလား ၊ သူများလေလံတင်တာ ၀ယ်ပြီး ပြန်ရောင်းမလား ။ ဖြစ်လာမှာပါ။ နာမည်ကြီး ဆိုက်တွေ ဖြစ်တဲ့ Ebay နဲ့ Amazon မှာလည်း ဒီလို စီးပွားဖြစ်နေတဲ့ သူတွေ အများကြီးပါ။
(၆) – E-commence Store ခေါ်တဲ့ Online Shopping
သူကလည်း အွန်လိုင်းကနေ ကုန်ပစ္စည်း ရောင်းရင် ပိုက်ဆံရှာ နိုင်တဲ့ Online Business ပါပဲ ။ တော်တော်များများတော့ သိကြမှာပါ ။ အွန်လိုင်းကနေ ဈေးရောင်း ဈေးဝယ် လုပ်ကြတယ် ။
အရင်ဆုံး ဆိုက်တစ်ခု လုပ်ရတယ်။ အများဆုံးကတော့ Facebook မှာ Page တွေအဖြစ်
တွေ့ ရမှာပါ ။ E banking လိုအပ်နေသေးတဲ့ ကာလတစ်လျှောက်လုံးကတော့ ဈေးဝယ်သူနဲ့  ရောင်းသူကြား ကသိကအောက် ဖြစ်စရာလေးတွေရှိတတ်ပါတယ်။
နိုင်ငံတကာ Online Shopping ဆိုက်က ဝဘ်ဆိုက် နဲ့  E banking ကို တစ်ခါထဲ ချိတ်ဆက်ထားပြီး မိမိ ဘဏ်အကောင့်နဲ့ တစ်ခါထဲ ရောင်းဝယ်ရတာ ဖြစ်ပါတယ်။
ကျနော်တို့  မြန်မာနိုင်ငံ အနေနဲ့ လိုချင်တာကို အော်ဒါ မှာပြီးရင် Door to door ရောင်းဝယ်တာ မျိုး ဒါမှမဟုတ် မှာထားပြီး ငွေသွားရှင်းရတာမျိုးဆိုတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ဥပမာ http://www.omyanmar.com/ နဲ့  http://www.bestmyanmardeal.com/ တို့ ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အချိန်ပေးနိုင်သလောက် ထိုက်တန် ၀င်ငွေလည်း ရမှာ ဖြစ်ပါတယ်။ အချိန်ပြည့်ပဲလုပ်လုပ်၊ အချိန်ပိုင်းပဲလုပ်လုပ် ဒါက သင်နဲ့ ပဲ ဆိုင်ပါတယ်။
အရေးကြီးတာ တစ်ခုက အိမ်ကနေလုပ်ရတဲ့ ဒီလို အလုပ်လေး တွေ အတွက် ဘယ်လောက် အချိန်ပေးနိုင်တာ ၊ ဘယ်လောက် လုပ်နိုင်တာက ကန့်သတ်ချက် မရှိပါဘူး။
ဒါပေမဲ့ အကောင်းဆုံး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ကို ဘယ်လိုပေးနိုင်မလဲ ဆိုတဲ့ Creation ကသာ သင့်အတွက် ကန့်သတ်ချက် ဖြစ်ပါတယ်။
အွန်လိုင်းကနေ အလုပ်လုပ်တဲ့ နည်းလမ်းတွေက ထောင်သောင်းမက ရှိပါတယ်။ မိမိတို့  အိုင်ဒီယာ ရှိတဲ့ အပေါ်မူတည်ပြီးသာ ကွဲပြားကောင်း ကွဲပြားသွားပါလိမ့်မယ်။

ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်


ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်
မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင်ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက်ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီးဌာနက ကြေညာပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။
လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိစေမှာ ဖြစ်သလို ကုမ္ပဏီ တွေ များလာတဲ့ အတွက်လည်း အစိုးရ အတွက် အခွန်ငွေ တိုးလာ စေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။
အခုလို ကန့်သတ်မှု ဖြေလျှော့ ပေးလိုက်တဲ့ အပေါ် စီးပွားရေး လုပ်ငန်းရှင် တွေက ကြိုဆို ခဲ့ကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်  မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင်ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက်ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီးဌာနက ကြေညာပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။  လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိစေမှာ ဖြစ်သလို ကုမ္ပဏီ တွေ များလာတဲ့ အတွက်လည်း အစိုးရ အတွက် အခွန်ငွေ တိုးလာ စေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။  အခုလို ကန့်သတ်မှု ဖြေလျှော့ ပေးလိုက်တဲ့ အပေါ် စီးပွားရေး လုပ်ငန်းရှင် တွေက ကြိုဆို ခဲ့ကြပါတယ်။  ဘီဘီစီ (မြန်မာပိုင်း)

အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်ကာပူကို မီစေ ရမယ်


ကျော်သူ – အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်ကာပူကို မီစေ ရမယ်

မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အမှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက “အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။ အင်အားက ငါး ထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီးရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရ မယ်ဆိုပြီး ဘေးထိုင်နေလို့ မရဘူး လေ။   ပြည်သူလူထုစိတ်ဝင်စား အောင် ကျွန်တော်တို့လို အသင်း အဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာ ကို ခေါင်းထဲရောက်သွားမယ်။ အ ရင်တုန်းကလို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။
ုပြန်သုံးလို့ ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင် တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်း တယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။ ဒီနေ့ကတော့ အမှိုက် ကောက်ခွင့်မှမရတာ၊ ခုနကပြောသ လို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ထဲကပဲ လုပ် သွားမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။ ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာပြည်သူ ပါတယ်။
အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင် လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။ အမှိုက်ကောက်ဖို့စာကို ရန်ကုန်တိုင်းဒေသကြီး ကိုလည်း တင် ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။ ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။
ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ် လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ ဆိုပြီးပြောတာ။ သူ တို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည် ပင်နယ်နိမိတ်ကတော့ ကျွန် တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေ မဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင် တော့ ကျွန်တော်တို့စဉ်းစားမယ်။
credit:8Days

စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်


စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်

တရုတ်နိုင်ငံ ရှန်ဟိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် စွမ်းအင် သုံးစွဲမှုကို သက်သာ စေနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး စမတ်ပြ တင်းပေါက်များကို တီထွင်နိုင်ခဲ့ကြသည်ဟု သိရသည်။
သိပ္ပံပညာရှင်များသည် စမတ် ပြတင်းပေါက်များကို တီထွင်ခဲ့ရာ တွင် ထွင်းဖောက်မြင်နိုင်သည့်Vanadium Dioxide (Vo2) အလွှာပါး သစ်တစ်မျိုးကို အသုံးပြု ခဲ့ကြသည်။(Vo2) အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပြီး သတ္တုတစ်ပိုင်း လျှပ်ကူး ပစ္စည်းအကူးအပြောင်းကို အပြန်အလှန် လုပ်ဆောင်ပေး သည့် ကိရိယာဖြစ်သည်။
Vo2 အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီစင်တီဂရိတ် အောက်တွင် အနီအောက် ရောင်ခြည်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပြီး အပူချိန်ကို ကာကွယ် နိုင်စွမ်း ရှိသည်။ သို့သော် အပူချိန် ၆၈ ဒီဂရီစင်တီ ဂရိတ်အထက် ကျော်လွန်သွားပါက အနီအောက် ရောင်ခြည်ကို တုံ့ပြန် နိုင်စွမ်းရှိပြီး သတ္တုအဖြစ် ပြောင်းလဲ ပေးနိုင်သည်ဟု သိရသည်။
အပူချိန်နိမ့်သည့် အချိန်တွင် အနီအောက် ရောင်ခြည်များကို ဖောက်ထွင်း မြင်နိုင်ခြင်းနှင့် အပူချိန်မြင့် လာလျှင် ၎င်းအပူချိန်ကို ခုခံနိုင်သည့် ဂုဏ်သတ္တိများ ရှိခြင်းကြောင့် စမတ်ပြတင်းပေါက်များ တပ်ဆင်ခြင်းသည် ဆောင်းရာသီတွင် အခန်း ကို နွေးထွေးစေပြီး နွေရာ သီတွင် အခန်းကို အေးမြစေကြောင်း စမတ်ပြတင်းပေါက်များ ကို လပေါင်းများစွာ ကြာအောင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ၎င်းစမတ် ပြတင်းပေါက်များသည် လျှပ်စစ်ဓာတ်ကို ၅ဝရာခိုင် နှုန်းခန့် သက်သာ စေနိုင်ကြောင်း ရှန်ဟိုင်း တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ကောင်းယန်မန့်က ပြောကြားသည်။
အခြား ပြတင်းပေါက်များနှင့် နှိုင်းယှဉ် ကြည့်ရာတွင် စမတ်ပြတင်း ပေါက်များသည် အပူချိန်ကို ပို၍ ခုခံနိုင်စွမ်း ရှိကြောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အကယ်၍သာ ၎င်းစမတ် ပြတင်းပေါက်များကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခဲ့ပါက ၎င်းပြ တင်း ပေါက်များသည် အလင်းပေးခြင်း၊ အအေးခံခြင်းနှင့် အပူခံခြင်း များအတွက် သုံးစွဲရမည့် စွမ်းအင်များအား လျှော့ချရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm/tech/item/29373-2013-10-31-15-42-44
အေးချမ်းမွန် Credit To >မြ၀တီ <Thanks
https://www.facebook.com/excellencemedia
စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်   တရုတ်နိုင်ငံ ရှန်ဟိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် စွမ်းအင် သုံးစွဲမှုကို သက်သာ စေနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး စမတ်ပြ တင်းပေါက်များကို တီထွင်နိုင်ခဲ့ကြသည်ဟု သိရသည်။  သိပ္ပံပညာရှင်များသည် စမတ် ပြတင်းပေါက်များကို တီထွင်ခဲ့ရာ တွင် ထွင်းဖောက်မြင်နိုင်သည့်Vanadium Dioxide (Vo2) အလွှာပါး သစ်တစ်မျိုးကို အသုံးပြု ခဲ့ကြသည်။(Vo2) အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပြီး သတ္တုတစ်ပိုင်း လျှပ်ကူး ပစ္စည်းအကူးအပြောင်းကို အပြန်အလှန် လုပ်ဆောင်ပေး သည့် ကိရိယာဖြစ်သည်။  Vo2 အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီစင်တီဂရိတ် အောက်တွင် အနီအောက် ရောင်ခြည်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပြီး အပူချိန်ကို ကာကွယ် နိုင်စွမ်း ရှိသည်။ သို့သော် အပူချိန် ၆၈ ဒီဂရီစင်တီ ဂရိတ်အထက် ကျော်လွန်သွားပါက အနီအောက် ရောင်ခြည်ကို တုံ့ပြန် နိုင်စွမ်းရှိပြီး သတ္တုအဖြစ် ပြောင်းလဲ ပေးနိုင်သည်ဟု သိရသည်။  အပူချိန်နိမ့်သည့် အချိန်တွင် အနီအောက် ရောင်ခြည်များကို ဖောက်ထွင်း မြင်နိုင်ခြင်းနှင့် အပူချိန်မြင့် လာလျှင် ၎င်းအပူချိန်ကို ခုခံနိုင်သည့် ဂုဏ်သတ္တိများ ရှိခြင်းကြောင့် စမတ်ပြတင်းပေါက်များ တပ်ဆင်ခြင်းသည် ဆောင်းရာသီတွင် အခန်း ကို နွေးထွေးစေပြီး နွေရာ သီတွင် အခန်းကို အေးမြစေကြောင်း စမတ်ပြတင်းပေါက်များ ကို လပေါင်းများစွာ ကြာအောင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ၎င်းစမတ် ပြတင်းပေါက်များသည် လျှပ်စစ်ဓာတ်ကို ၅ဝရာခိုင် နှုန်းခန့် သက်သာ စေနိုင်ကြောင်း ရှန်ဟိုင်း တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ကောင်းယန်မန့်က ပြောကြားသည်။  အခြား ပြတင်းပေါက်များနှင့် နှိုင်းယှဉ် ကြည့်ရာတွင် စမတ်ပြတင်း ပေါက်များသည် အပူချိန်ကို ပို၍ ခုခံနိုင်စွမ်း ရှိကြောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အကယ်၍သာ ၎င်းစမတ် ပြတင်းပေါက်များကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခဲ့ပါက ၎င်းပြ တင်း ပေါက်များသည် အလင်းပေးခြင်း၊ အအေးခံခြင်းနှင့် အပူခံခြင်း များအတွက် သုံးစွဲရမည့် စွမ်းအင်များအား လျှော့ချရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။  http://www.myawady.net.mm/tech/item/29373-2013-10-31-15-42-44  အေးချမ်းမွန် Credit To >မြ၀တီ <Thanks https://www.facebook.com/excellencemedia

ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်၊


ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်၊
==============================
မြတ်သူအောင်| October 31, 2013 l Irrawaddy News


ကရင်ပြည်နယ် ဇွဲကပင်တောင် Cable Car စီမံကိန်း ရန်ပုံငွေ ပွဲမှာ Iron Cross (IC) အဖွဲ့၊ မဟာရန်ကုန် စံပြသဘင် အဖွဲ့နဲ့ အတူ ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်တွေ ပူးပေါင်းပါဝင် ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဇွဲကပင်တောင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတွင် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များစွာ ပူးပေါင်းပါဝင် ဖျော်ဖြေမယ့်ကိစ္စ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က မဟာသန္တိသုခ ကျောင်းတော်ကြီး နတ်ချောင်း ရပ်ကွက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ည ၉ နာရီခွဲကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ရန်ပုံငွေပွဲမှာ Iron Cross အဖွဲ့က ၂ ညတိုင်တိုင် ဖျော်ဖြေမှာဖြစ်ပြီး မဟာရန်ကုန် စံပြဇာတ်သဘင် အဖွဲ့နဲ့ ရုပ်ရှင် အနုပညာရှင်တွေ၊ ဂီတ အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ကြောင်း သိရပါတယ်။

ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးယဉ်ထွေးဆွေက “ဒီပွဲကြီး ဖြစ်မြောက်ဖို့အတွက် လွန်ခဲ့တဲ့ သုံးလကျော် လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီပွဲ ဖြစ်မြောက်ဖို့အတွက် ရုပ်ရှင်၊ သဘင်၊ဂီတ အနုပညာရှင်တွေ ကလည်း အများကြီး ကူညီပေးပါတယ်။ Iron Cross တေးဂီတ အဖွဲ့ကလည်း နှစ်ရက် လာဖျော်ဖြေမှာပါ။ ဇွဲကပင်တောင် ဖျော်ဖြေရေးမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ လုံခြုံရေးအပိုင်းကို စိတ်ပူစရာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီပွဲ လုံခြုံရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့တွေရော၊ တခြားအဖွဲ့တွေ အားလုံးကပါ သေသေချာချာ ကျကျနန စီစဉ်ထားတဲ့အတွက် အစစအရာရာ ဘာမှစိတ်ပူစရာ မလိုဘူးလို့ သူကဆက်ပြောပါတယ်။

ဇွဲကပင်တောင် Cable Car ဖြစ်မြောက်ရေးအတွက် Premier Coffee ကလည်း Sponsor အနေနဲ့ ပါဝင်ကူညီပေးထားပြီး အလှူငွေ အနေနဲ့ မြန်မာငွေ သိန်း ၅၀ နဲ့ ဒေါ်လာ ၅၀၀၀ လှူထားတယ်လို့ သိရပါတယ်။

“အဲဒီ အလှူအတွက်လည်း ဆရာတော် ဘုရားကြီးတွေနဲ့ ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး အဖွဲ့ရဲ့ကိုယ်စား အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် လေးလငါးလ အတွင်းမှာလည်း ရန်ကုန်က အမျိုးသားဇာတ်ရုံမှာ ရန်ပုံငွေပွဲကြီး တပွဲ လုပ်ဖို့ စဉ်းစားထားပါတယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ တခါမှ ဖက်ရှင်ရှိုး မလုပ်ဖူးဘူး ဟြေပါတယ်၊ အားလုံး တိုင်ပင်ပြီးတော့ ဒီပွဲတွေ ပြီးရင် ကရင်ပြည်နယ်မှာ ဖက်ရှင်ရှိုးတခုလည်း လုပ်ချင်ပါတယ်။ ဒီနေ့ပွဲမှာ အနုပညာရှင် ကြီးတွေလည်း တက်ရောက်ပေးတဲ့ အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဒီရန်ပုံငွေပွဲကို အဓိက လုပ်ရတာက ဇွဲကပင်တောင် Cable Car ကြီး ဖြစ်မြောက်ရေးအတွက်ပါ။ ကျနော်တို့ ဒီစီမံကိန်းကြီး ပြီးသွားရင် Cable Car ကို စီးပြီး ဇွဲကပင် တောင်ပေါ်က ဆံတော်ရှင် စေတီကို အတူတူ ဖူးမျှော်ရအောင်ပါ” လို့ ဦးယဉ်ထွေးဆွေက စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဟြေခဲ့ပါတယ်။

စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ၃၊ အနုပညာကိစ္စ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးမိုးဝင်း ကိုယ်စား မဟာရန်ကုန် စံပြသဘင်က ဦးမိုးမင်းကလည်း အနုပညာ ရန်ပုံငွေပွဲနဲ့ ပတ်သက်လို့ စာနယ်ဇင်းပွဲမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။

“ကျနော်ကတော့ ကျနော့်အစ်ကို ဦးမိုးဝင်းရဲ့ ကိုယ်စား တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကိုမိုးဝင်းက ရန်ပုံငွေ ရရှိရေးအတွက် တာဝန်ယူမှု အပိုင်းမှာ ပါဝင်တဲ့အတွက် ကျနော် ရောက်ရှိလာတာပါ။ ဖျော်ဖြေမှု အပိုင်းနဲ့ ပတ်သက်ပြီး သူက သူ့ရဲ့ စံပြသဘင်ကို နောက်ခံထားပြီး တာဝန်ယူ ကျင်းပပြုလုပ်တာပါ။ ကျနော်တို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ ပေါင်းစည်းပြီး ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုး ဖြစ်စေမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car စီမံကိန်းကြီး အဆင်ပြေ ချောမွေ့စေအောင် အားလုံးက ကူညီတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နိုဝင်ဘာ ၇ ရက်ကနေ ၁၀ ရက် အတွင်းကို ဦးမိုးဝင်း တည်ထောင်တဲ့ မဟာရန်ကုန် စံပြသဘင် အဖွဲ့က နောက်ခံထားပြီး အနုပညာရှင်တွေရဲ့ ပေါင်းစည်း ဖျော်ဖြေ တင်ဆက်မှုကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဆိုပါတယ်။

၁၀ ရက်နေ့မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ ပြဇာတ်ကို အထူးတင်ဆက် ကပြမှာ ဖြစ်ပြီး၊ ၉ ရက်နေ့မှာတော့ ဦးမိုးမင်းကို ကပြဖျော်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။ ဇာတ်သဘင် ဖျော်ဖြေကပြ တင်ဆက်မှုမှာ တခြား အနုပညာရှင် တွေလည်း ပါဝင် ကပြမှာပါ။

ရုံဝင်ကြေးကို ၂၅၀၀ ကျပ် လို့သတ်မှတ်ထားပြီး ဖျာလက်မှတ်တွေ ကိုတော့ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ ကျပ် အသီးသီး
ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်၊ ============================== မြတ်သူအောင်| October 31, 2013 l Irrawaddy News   ကရင်ပြည်နယ် ဇွဲကပင်တောင် Cable Car စီမံကိန်း ရန်ပုံငွေ ပွဲမှာ Iron Cross (IC) အဖွဲ့၊ မဟာရန်ကုန် စံပြသဘင် အဖွဲ့နဲ့ အတူ ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်တွေ ပူးပေါင်းပါဝင် ဖျော်ဖြေမယ်လို့ သိရပါတယ်။  ဇွဲကပင်တောင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတွင် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များစွာ ပူးပေါင်းပါဝင် ဖျော်ဖြေမယ့်ကိစ္စ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က မဟာသန္တိသုခ ကျောင်းတော်ကြီး နတ်ချောင်း ရပ်ကွက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။  ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ည ၉ နာရီခွဲကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။  ရန်ပုံငွေပွဲမှာ Iron Cross အဖွဲ့က ၂ ညတိုင်တိုင် ဖျော်ဖြေမှာဖြစ်ပြီး မဟာရန်ကုန် စံပြဇာတ်သဘင် အဖွဲ့နဲ့ ရုပ်ရှင် အနုပညာရှင်တွေ၊ ဂီတ အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ကြောင်း သိရပါတယ်။  ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးယဉ်ထွေးဆွေက “ဒီပွဲကြီး ဖြစ်မြောက်ဖို့အတွက် လွန်ခဲ့တဲ့ သုံးလကျော် လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီပွဲ ဖြစ်မြောက်ဖို့အတွက် ရုပ်ရှင်၊ သဘင်၊ဂီတ အနုပညာရှင်တွေ ကလည်း အများကြီး ကူညီပေးပါတယ်။ Iron Cross တေးဂီတ အဖွဲ့ကလည်း နှစ်ရက် လာဖျော်ဖြေမှာပါ။ ဇွဲကပင်တောင် ဖျော်ဖြေရေးမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ လုံခြုံရေးအပိုင်းကို စိတ်ပူစရာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။  အဲဒီပွဲ လုံခြုံရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့တွေရော၊ တခြားအဖွဲ့တွေ အားလုံးကပါ သေသေချာချာ ကျကျနန စီစဉ်ထားတဲ့အတွက် အစစအရာရာ ဘာမှစိတ်ပူစရာ မလိုဘူးလို့ သူကဆက်ပြောပါတယ်။  ဇွဲကပင်တောင် Cable Car ဖြစ်မြောက်ရေးအတွက် Premier Coffee ကလည်း Sponsor အနေနဲ့ ပါဝင်ကူညီပေးထားပြီး အလှူငွေ အနေနဲ့ မြန်မာငွေ သိန်း ၅၀ နဲ့ ဒေါ်လာ ၅၀၀၀ လှူထားတယ်လို့ သိရပါတယ်။  “အဲဒီ အလှူအတွက်လည်း ဆရာတော် ဘုရားကြီးတွေနဲ့ ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး အဖွဲ့ရဲ့ကိုယ်စား အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် လေးလငါးလ အတွင်းမှာလည်း ရန်ကုန်က အမျိုးသားဇာတ်ရုံမှာ ရန်ပုံငွေပွဲကြီး တပွဲ လုပ်ဖို့ စဉ်းစားထားပါတယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ တခါမှ ဖက်ရှင်ရှိုး မလုပ်ဖူးဘူး ဟြေပါတယ်၊ အားလုံး တိုင်ပင်ပြီးတော့ ဒီပွဲတွေ ပြီးရင် ကရင်ပြည်နယ်မှာ ဖက်ရှင်ရှိုးတခုလည်း လုပ်ချင်ပါတယ်။ ဒီနေ့ပွဲမှာ အနုပညာရှင် ကြီးတွေလည်း တက်ရောက်ပေးတဲ့ အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဒီရန်ပုံငွေပွဲကို အဓိက လုပ်ရတာက ဇွဲကပင်တောင် Cable Car ကြီး ဖြစ်မြောက်ရေးအတွက်ပါ။ ကျနော်တို့ ဒီစီမံကိန်းကြီး ပြီးသွားရင် Cable Car ကို စီးပြီး ဇွဲကပင် တောင်ပေါ်က ဆံတော်ရှင် စေတီကို အတူတူ ဖူးမျှော်ရအောင်ပါ” လို့ ဦးယဉ်ထွေးဆွေက စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဟြေခဲ့ပါတယ်။  စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ၃၊ အနုပညာကိစ္စ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးမိုးဝင်း ကိုယ်စား မဟာရန်ကုန် စံပြသဘင်က ဦးမိုးမင်းကလည်း အနုပညာ ရန်ပုံငွေပွဲနဲ့ ပတ်သက်လို့ စာနယ်ဇင်းပွဲမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။  “ကျနော်ကတော့ ကျနော့်အစ်ကို ဦးမိုးဝင်းရဲ့ ကိုယ်စား တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကိုမိုးဝင်းက ရန်ပုံငွေ ရရှိရေးအတွက် တာဝန်ယူမှု အပိုင်းမှာ ပါဝင်တဲ့အတွက် ကျနော် ရောက်ရှိလာတာပါ။ ဖျော်ဖြေမှု အပိုင်းနဲ့ ပတ်သက်ပြီး သူက သူ့ရဲ့ စံပြသဘင်ကို နောက်ခံထားပြီး တာဝန်ယူ ကျင်းပပြုလုပ်တာပါ။ ကျနော်တို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ ပေါင်းစည်းပြီး ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုး ဖြစ်စေမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car စီမံကိန်းကြီး အဆင်ပြေ ချောမွေ့စေအောင် အားလုံးက ကူညီတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နိုဝင်ဘာ ၇ ရက်ကနေ ၁၀ ရက် အတွင်းကို ဦးမိုးဝင်း တည်ထောင်တဲ့ မဟာရန်ကုန် စံပြသဘင် အဖွဲ့က နောက်ခံထားပြီး အနုပညာရှင်တွေရဲ့ ပေါင်းစည်း ဖျော်ဖြေ တင်ဆက်မှုကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဆိုပါတယ်။  ၁၀ ရက်နေ့မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ ပြဇာတ်ကို အထူးတင်ဆက် ကပြမှာ ဖြစ်ပြီး၊ ၉ ရက်နေ့မှာတော့ ဦးမိုးမင်းကို ကပြဖျော်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။ ဇာတ်သဘင် ဖျော်ဖြေကပြ တင်ဆက်မှုမှာ တခြား အနုပညာရှင် တွေလည်း ပါဝင် ကပြမှာပါ။  ရုံဝင်ကြေးကို ၂၅၀၀ ကျပ် လို့သတ်မှတ်ထားပြီး ဖျာလက်မှတ်တွေ ကိုတော့ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ ကျပ် အသီးသီး

Riku Minato