Saturday, November 30, 2013

လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲခဲ့ပေမဲ့ ရင်းလတ်အနိုင်ရ *

* လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲခဲ့ပေမဲ့ ရင်းလတ်အနိုင်ရ *
ဝန်ကြီးချုပ်ယင်းလပ် ရာထူးက စွန့်လွှတ်ဖို့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံမှာ လွှတ်တော်အတွင်း ယင်းလပ်ကို အယုံအကြည်မရှိ မဲခွဲရာမှာ ယင်းလပ်က မဲနဲ့ အနိုင်ရခဲ့ပါတယ်။ သို့ သော်လည်း သူ့ ကိုဆန္ဒပြမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ ဒုဝန်ကြီးဟောင်း Suthep ကတော့ ယင်းလပ်နဲ့ ပြောဆိုညိနှိုင်းစရာ ဘာမှ မရှိတော့ဘူး၊ နိုင်ငံရေးပြောင်းလဲမှုက လူတွေနဲ့ ဘဲလုပ်ရမှာဖြစ်ပြီး နိုင်ငံရေးသမားတွေ အတွက်နေရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ယင်းလပ်ကတော့ ဆန္ဒပြတာတွေကို အကြမ်းဖက် ဖြေရှင်းမှာမဟုတ်ဘဲ ညှိနိုင်းမှုနဲ့ အဆုံးသတ်ဖြေရှင်း ချင်တယ်လို့  ဆိုပါတယ်။ံH http://www.ibtimes.com/thai-pm-yingluck-shinawatra-prevails-no-confidence-vote-amid-anti-government-protests-1489050

စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ

စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က
ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ

နိုဝင်ဘာ ၂၉။

အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်အတွက်
ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူ
လိုက်ရသည်။
တက္ကဆက်အခြေစိုက် Apptricity သည် ၂၀၀၄ ခုနှစ်ကတည်းက စစ်တပ်ကို ဆော့ဖ်ဝဲထောက်ပံ့ပေးခဲ့သော ကုမ္ပဏီဖြစ်သည်။

လွန်ခဲ့သောနှစ်ကမူ အမေရိကန်စစ်တပ်သည် ဆော့ဖ်ဝဲများကို စက်များစွာတွင် ပွားသုံးထားသူကို တွေ့ခဲ့သည့်။ အစပိုင်းကမူ
စစ်တပ်က မည်သည့် တုန့်ပြန်မှုမှ မပြုခဲပေ့။

Apptricity ကုမ္ပဏီ၏ ဆော့ဖ်ဝဲသည် စစ်သည်များ၏ တည်နေရာကို ရှာဖွေရန်၊ ထောက်ပံ့ပေးအတွက် ခြေရာခံရန်သာမက ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်စွမ်းသည်။ ၂၀၁၀ခုနှစ် ဟိုက်တိ ငလျှင်လှုပ်စဉ်ကလည်း ကယ်ဆယ် ရေး လုပ်ငန်းစဉ်များတွင် အသုံးချခဲ့သည်။ တရားရုံးမှ အထောက်အထားများအရ
ယင်းဆော့ဖ်ဝဲကို စစ်တပ်တွင် သုံးစွဲသူ ၅၀၀ အထိသာဟု ကန့်သတ်ထားသော်လည်း user ၉၀၀၀ အထိ သုံးစွဲခဲ့ခြင်းဖြစ်သည်။

Apptricity က လျှော်ကြေး ၂၂၄သန်းပေးရန် တောင်းဆိုခဲ့သော်လည်း
သန်း ၅၀ပေးရန် အမိန့်ချခဲ့သည်။ ဒုတိယ သမ္မတ ဂျိုးဘီဒင်က Piracy လုပ်ခြင်းကို အရိုးဆုံးနှင့် အ၇ှင်းဆုံး ပြောရလျှင် ခိုးသုံးခြင်းသာ
ဖြစ်သည်ဟု ဆိုထားသည်။

Ref: AFP
Like · · · 123320 · 19 hours ago · 

တရုတ်အလံကို မီးရှို့တာ

တရုတ်အလံကို မီးရှို့တာ မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာတရုတ်တွေနဲ့ ဘာမှ မပက်သက်ပါဘူး။ အလံမီးရှို့တယ်ဆိုတာ အကြမ်းမဖက်တဲ့နည်းတွေထဲမှာ အပြင်းထန်ဆုံး သင်္ကေတနဲ့ ကိုယ်မချစ် မနှစ်သက်မှန်း ဖော်ပြတာပဲမို့ ထောက်ခံတယ်။ ဒါ တော်လှန်ရေးတိုင်းရဲ့ classic style ပဲ။ ရှေ့နှစ်ထဲမှာ NLD အလံတွေ၊ ဗကသအလံတွေလဲ မီးရှို့ခံရမှာ ကြိုသိနေတော့ ခုထဲက စိတ်ကို ပြင်ဆင်ထားပြီးဖြစ်လို့ မမှုတော့ဘူး။ ကိုယ့်သဘောကိုယ်ဆောင် ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ် ကိုယ်လုပ်ကြပေါ့....

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၄၂ အောက်ထပ် လေးခန်းတွဲမှာဆိုပါလားနော်

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၄၂ အောက်ထပ် လေးခန်းတွဲမှာဆိုပါလားနော်
တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ **************************************************** ဦးဇင်းဒီပိုစ့်ကိုတင်တာ ဦးဇင်းနဲ့ စိတ်တူ ကိုယ်တူ အဓိကကျတာက အမျိုးချစ်စိတ် ဘာသာချစ်စိတ် သာသနာချစ်စိတ်ရှိသူများအတွက်ရည်ရွယ်ပါတယ်။ တစ် စု ထဲ စုနေသူများအတွက်၊ မျိုးမစစ် များအတွက်၊ နှမသားချင်း ကိုယ်ချင်းစာစိတ်မရှိသူများအတွက်၊ စိတ်ကူ။ယဉ်ဆန်ဆန်ဘာသာကိုကိုးကွယ်သူများအတွက်မဟုတ်ပါ။ အငြိမ်မနေနိုင်ရင် ဒီမှာ လာပြီး ထင်ရာပြောမနေပါနဲ့။ ကိုယ့် ဝေါလ်မှာ ကိုယ်ကြိုက်ရာတင်ပါတယ်။ မည်သူ့ကိုမှ ထိခိုက်နစ်နာအောင်မလုပ်ပါ။ အမှန်ကို အမှန်တိုင်း ချပြခြင်းသာဖြစ်ပါသည်။ မယုံကြည်ပါက လိပ်စာအပြည့်အစုံပါ=ပါသည်။ စုံစမ်းနိုင်ပါသည်။ နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစားခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးကစော်ကား၊ ဒီလူမျိုးကစော်ကား၊ အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာစရာဖြစ်နေပါတယ်။ ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်လည်းတော့မသိ၊ အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာမိန်းကလေးတွေကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို သတင်းပို့ထားပါတယ်။ အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။ သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ (ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသားတစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ်ဘုရား။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီတပည့်တော်ကို တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။) အထက်ပါစာများက ဦးဇင်းနှင့်ရင်းနှီးသူဒကာမကြီးတစ်ယောက်မှပေးပို့သော စာဖြစ်ပါတယ်။ နီးစပ်ရာမှ မျိုးချစ်ပုဂ္ဂိုလ်များ အကူအညီပေးစေလိုပါတယ်။ ဦးဇင်းအဝေးရောက်နေပါသောကြောင့် ဘယ်လိုမှ မတတ်နိုင်ပါ။ တတ်နိုင်သူများကူညီပေးစေလိုပါသည်။ အသုံးချခံဘဝရောက်နေသော ဗမာမိန်းကများအား ကြိုးစား၍ ကူညီပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ဓမျွမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Friday, November 29, 2013

နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ

“ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ ”
Thursday, November 28, 2013

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့ အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့ …..
---------------------------------------------------------------------------

မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...

New MyanmarFoundation

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား
=================================

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။

ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။

credit to Mg Mandalay

Myanmar Website Tutorials: Website ရေးနည်း အပိုင်း (၄ + ၅) - html5 and css3

Myanmar Website Tutorials: Website ရေးနည်း အပိုင်း (၄ + ၅) - html5 and css3: မင်္ဂလာပါ၊ Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကု...

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု အပါအ၀င် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မည်

(ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသည့် လမ်းဘေး ဒီဗီဒီနှင့် ဗီစီဒီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်)

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည့်အပြင် ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ်မရောက်သေးသည့် မိန်းကလေးများ မုဒိမ်းမှု ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဉ်များတွင် ပထွေးမှလည်းကောင်း၊ ဆွေမျိုးသားချင်းနှင့် ပတ်ဝန်းကျင်မှ ကျူးလွန်သည့် ဖြစ်စဉ်များ ပါဝင်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် မိမိ၏ကလေးမှာ ငယ်သေးသော်လည်း သူစိမ်းယောက်ျား လေးများဖြင့် ယုံကြည်စွာ အပ်နှံထားခြင်း မပြုဘဲ မိခင်ရင်းမှသာ စောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

''အခုသက်ငယ် မုဒိမ်းမှုတွေ အများအပြား ဖြစ်ပွားနေတယ်။ မိမိရဲ့ကလေးကို အသက်ငယ်သေးတယ် ဆိုပြီးတော့ ယုံကြည်မှုနဲ့ မလွှတ်ထားသင့်ဘူး။ လက်ရှိဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေမှာဆိုရင် ဦးလေးက ကျူးလွန်တာတွေ၊ ယုံကြည်စိတ်ချလို့ ပတ်ဝန်းကျင်ကို အပ်နှံခဲ့တဲ့ အခါမှာ ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ အသက်အရွယ် ကြီးရင့်ခဲ့သူတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ ကလေးကို အဖော်မပါဘဲ အပြင်လွှတ်တဲ့ အခါမှာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပထွေးက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ အများအပြား ပါဝင်နေတာကို တွေ့ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ကလေးကို မည်သူ့ကိုမျှ ယုံကြည်မှု ထားပြီးတော့ မအပ်ထားသင့်ဘူး။ မိခင်အရင်းကပဲ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ဆိုသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် အတွက် မြို့နယ်၊ ကျေးရွာများတွင် ရှုတ်ချပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချနေမှုများအား အရေးယူခြင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ် ၁၂၉ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များတွင် သက်ငယ်မုဒိမ်း ဖြစ်စဉ် ၈၃ မှု ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ဥပမာ-အခြားမုဒိမ်းမှု ကျူးလွန်တဲ့သူကို ငါးနှစ်ချရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူကို ၁၀ နှစ်ချမှတ် သွားမယ်'' ဟု ပြောကြားသည်။

ဂူးဂဲလ် အွန်လိုင်းတက္ကသိုလ် စတင်လွှင့်ထုတ်

ဂူးဂဲလ် အွန်လိုင်းတက္ကသိုလ် စတင်လွှင့်ထုတ်

၂၂.၁၁.၂၀၁၃၊ သောကြာနေ့

မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် သင်ခန်းစာများကို သင်ယူရင်း ဘွဲ့တစ်ခု ရရှိစေနိုင်မည့် အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် Google ကုမ္ပဏီကနေ၍ ကမကထ ပြုလုပ်ခဲ့ရာ ဟင်းအချက်အပြုတ် သင်တန်းများ အတွက် ရည်ရွယ်သော HelpOuts ပရိုဂရမ်အား နိုဝင်ဘာလအတွင်း စမ်းသပ်ဗားရှင်းအနေဖြင့် စတင် လွှင့်ထုတ်လိုက်သည်။

ပရိုဂရမ်ကို လွှင့်ထုတ်ပြီးပြီးချင်းတွင် လူထောင်ကျော်မျှ မှတ်ပုံတင်စာရင်း ဖြည့်သွင်းခဲ့ကြသည်။ မှတ်ပုံ တင်ပြုလုပ်ပြီးသော ကျောင်းသားများအဖို့ Google Wallet မှတစ်ဆင့် ငွေပေးသွင်းရမည် ဖြစ်ပြီး ၀န် ဆောင်မှုကို Desktop PC များနှင့် Android ဖုန်းများမှ တစ်ဆင့် ရယူလေ့ကျင့်နိုင်သည်။

Helpouts အစီအစဉ်တွင် နမူနာ ဖော်ပြပါဝင်သည့် သင်ခန်းစာမှာ မိမိ ကိုယ်တိုင် ချက်ပြုတ်စားသောက် နိုင်ရန် လမ်းညွှန်မှုပေးမည့် စားဖိုမှူးကဏ္ဍဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် ဟင်းပွဲတစ်ပွဲတွင် ပါဝင် ရမည့် အမယ်များ၊ အမွှေးအကြိုင်များနှင့် အချိုးအဆများ၊ အရန်ဟင်းပွဲနှင့် စားမြိန်ဟင်းပွဲများ အတွက် Menu များကို ဗီဒီယိုဖိုင်များ၊ နမူနာလေ့ကျင့်ရန် အတွဲအဖက် သင်ခန်းစာများ စသည်ဖြင့် ထည့်သွင်း ပေးထားမည်ဖြစ်သည်။ ၎င်းတို့ ပေးအပ်ထားသည့် သင်ခန်းစာများ၊ နမူနာများကို လေ့ကျင့်ရင်း YouTube မှတစ်ဆင့် Live Video ကြည့်ရှုကာ လိုက်လံလုပ်ဆောင်ပါက ပရိုဖက်ရှင်နယ်အဆင့်သို့ပင် ရောက်ရှိနိုင် ကြောင်း ကုမ္ပဏီမှ ပြောကြားထားသည်။

Helpouts အစီအစဉ်တွင် တစ်ကိုယ်ရေ ယောဂကျင့်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း အပါအ၀င် အတတ်ပညာ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး သင်ခန်းစာများကို မနှစ်သက်ပါက ကြိုက်နှစ်သက် သည့်အချိန်တွင် ပြန်လည် ထွက်ခွာခွင့်နှင့်အတူ သင်တန်းကြေးကိုပါ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Ref: DailyMail
Mizzima - News in Burmese

Dal Shabet reveals BTS video for 'It Pouch'

Dal Shabet reveals BTS video for 'It Pouch'

The gorgeous ladies of Dal Shabet have been selected as the first muses of new beauty magazine 'It Pouch'.

The magazine reveals the BTS footage of the girls posing for a photoshoot, the members of Dal Shabet pose professionally for the said magazine while showing off their personal charm.

Check out the BTS video below for more exclusive content.

by      Thursday, November 28, 2013      0 Comments
Labels: , ,

Blog တွေ Website တွေကို မလေးအောင်၊ မြန်အောင် လုပ်နည်း

Blog တွေ Website တွေကို မလေးအောင်၊ မြန်အောင် လုပ်နည်း

ကျွန်တော်ဆီ့ကို အောက်တိုဘာ ၂၅ ရက် ၂၀၁၃ မှာ မောင်ဝေယံက blog နဲ့ပတ်သတ်ပြီးတော့ အကူအညီတောင်းတဲ့ mail တစ်စောင် ပို့လာပါတယ်။ တစ်ခြား မေးလာတဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သေးသေးမွှားမွှားမို့လို့ post အဖြစ်နဲ့ တင်လို့မရနိုင်တာကြောင့် မတင်ပေးဖြစ်ခဲ့ပါဘူး။ အခု ဒီညီလေး မေးလာတာကတော့ သူ့ blog က အစတုန်းကတော့ သိပ်မလေးပါဘူး၊ အခုကျမှ လုပ်ရင်းလုပ်ရင်း လေးလာတာ post တောင် မတင်ချင်တော့ဘူးတဲ့။ သူပို့လာတဲ့ မေးလ်ကို အောက်မှာ ထည့်ပေးလိုက်ပါတယ်။

လေးစားရပါသော ကိုမျိုးဝင်းခင်ဗျား
ကျနော်လည်း အခုပဲ Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။ ဆိုတာလေးကိုဖတ်ရလို့ အကူအညီတောင်းခံလိုက်ပါတယ် ခင်ဗျား
http://lifeinthemordenworld.blogspot.com/ ဒါကကျနော် blog လေးပါ လုပ်တုန်းကအဲသလောက်မလေးဖဲ အခုလုပ်ရင်းလုပ်ရင်း မတရားလေးလာလို့ post တောင်တင်ချင်စိတ်ကုန်လာတယ်ခင်ဗျား
ပြီးတော့ ကျနော်တင်လိုက်သမျှ post တွေအားလုံးဟာလည်း Facebook ပေါ်ကိုမရောက်ဖူးဖြစ်နေတယ်
အဲဒါလေးတစ်ချက်လောက် အကြောင်းပြန်ပေးပါလားခင်ဗျား
အခုလိုအခမယူဖဲ စေတနာနဲ့ ကူညီပေးတဲ့ ကိုမျိုးကို အရမ်းဂုဏ်ယူလေးစားမိတယ်ခင်ဗျား
အဆင်ပြေပါစေဟု စေဟု ဆုတောင်းလျှက်
မောင် ဝေယံ http://lifeinthemordenworld.blogspot.com/
Diwinner1985@gmail.com

ညီလေးရေ .. အဲ့လောက်လည်း စိတ်မလေပါနဲ့၊ အောက်ကအတိုင်း လိုက်လုပ်ပြီး post တွေတော့ ဆက်တင်ပါကွာ ... :)

လှတာမက်တော့ ညစာခက်တာပေါ့ ...

- အရင်ဆုံးနောက်ခံပုံ အကြီးကြီးကိုဖြုတ်ပါ၊
- gif ဖိုင်တွေ အများကြီး မတင်ပါနဲ့
- မလိုအပ်တဲ့ widget တွေ အကုန်ဖြုတ်ပါ (flag counter ဆိုတာမျိုးက မလိုအပ်ပါဘူး၊ visitor counter တွေက မလိုအပ်ပါဘူး၊ ကိုယ့်ဆိုက်လူဝင်များမှ ထည့်ထားသင့်တာပါ၊ ပြီးတော့ blogspot က ပါတဲ့ visitor counter ကိုသုံးပါ
- website ကိုလာကြည့်မယ်သူတွေအတွက် တစ်ကယ် လိုအပ်တဲ့ javascript တွေကိုပဲ ထည့်ပါ။ အပိုတွေ အကုန်ဖြုတ်ပစ်ပါ။
- widget တစ်ခုကို တစ်ခါထက်ပိုမထည့်ပါနဲ့
- social network (facebook, google+, twitter, ..) တွေကိုလည်း ကိုယ့် page တွေကို လင့်ခ်ချိတ်ထားပါ၊ page မရှိရင် ဖြုတ်ပါ။
- မလိုအပ်တဲ့ flash တွေ animation တွေ ပုံတွေကို ဖြုတ်ပါ။ (မလိုအပ်ဘူးဆိုတာက လာကြည့်မယ့်လူတွေအတွက် မလိုအပ်တာကို ပြောတာပါ)
- တစ်ခြားဆိုက်တွေကို link ချိတ်တဲ့အခါမှာ ပုံတွေနဲ့ လင့်မချိတ်ဘဲ စာနဲ့ပဲ လင့်ချိတ်ပါ
- slider ကို ဟိုး...... အောက်ဆုံးမှာထည့်ထားတော့ ဘယ်သူမှလည်း မမြင်ရပါဘူး၊ မလိုအပ်ဘဲ အပိုပါနေပါတယ်။ ဖြုတ်ပါ။

အတိုချုပ်ပြောရမယ်ဆိုရင်
- မလိုအပ်တာမှန်သမျှ အကုန်ဖြုတ်ပါ။
- လိုအပ်တာတွေကိုရော ကိုယ်ကထည့်ချင်နေတာလား visitor တွေက တစ်ကယ်လိုအပ်တာလားဆိုတာ စစ်ပါ
- visitor တွေက တစ်ကယ်လိုအပ်တာတွေကိုရော အရမ်းမလေးအောင် ဘယ်လိုထည့်မလဲဆိုတာကို တွေးပါ။ နှစ်ခု တစ်ခု ပေါင်းလို့ရရင် ပေါင်းပြီး ထည့်ပါ။

နမူနာဆိုက်အနေနဲ့ Myanmar CNN (www.myanmarcnn.com) သတင်း ဆိုက်နဲ့ Myanmar Website Tutorials ဆိုက်ကို ဝင်ကြည့်လိုက်ပါ။
မောင်ဝေယံ blog screen ရဲ့ screen capture ဖမ်းထားတာကိုတော့ ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

တင်သမျှ facebook ပေါ်မရောက်တာအတွက်ကတော့ ကိုယ့်ဘာသာ facebook မှာ ပြန်တင်တာ အကောင်းဆုံးပါပဲ။ အဲလိုမှမတင်ချင်ဘူး ပျင်းတယ်ဆိုရင်တော့ networkedblogs.com မှာ ဝင်ပြီးတော့ အလိုလျှောက် facebook ပေါ်မှာ share အောင်လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် သူ့ဆိုးကျိုးက facebook ကတစ်ဆင့် ဝင်ကြည့်တဲ့အခါ ညီလေးရဲ့ website ကို သူ့ website frame အတွင်းမှာ ပြပေးတာပါ။ ညီ့ဆိုက်လိပ်စာကို လာကြည့်တဲ့လူက မမြင်ရဘဲ သူ့ဆိုက်လိပ်စာကိုပဲ မြင်နေရမှာပါ။

မျိုးဝင်း

ဟိုင်ယန် မုန်တိုင်းသင့်သူများကို ကူညီမယ့် One Direction အဆိုတော်အဖွဲ့

ဟိုင်ယန် မုန်တိုင်းသင့်သူများကို ကူညီမယ့် One Direction အဆိုတော်အဖွဲ့

One Direction အဖွဲ့နှင့်အတူ ဂျေမီအိုလီဗာ၊ အန်ဒရူးမားစသည့် အနုပညာရှင် များသည် ဖိလစ်ပိုင်နိုင်ငံ မှ ဟိုင်ယန်မုန်တိုင်း ဒဏ်သင့်ခဲ့ သူများအား အလှူငွေ လှူဒါန်းရန် ပူးပေါင်းဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခတ်ခဲ့သော ဟိုင်ယန် မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာအသက် ဆုံးရှုံးခဲ့ရပြီး လူပေါင်း များစွာ အိမ်ရာမဲ့ ဘဝရောက်ခဲ့ရသည်။

ထို့ကြောင့် One Direction အဖွဲ့ နှင့်အတူအခြား နာမည်ကြီး အနုပညာရှင် များသည် လန်ဒန်မြို့ BT မျှော်စင်၌ မုန်တိုင်းသင့် သူများအား အကူအညီ ပေးအပ် ရန် နိုဝင်ဘာ ၁၈ ရက်တွင် ရန် ပုံငွေပွဲ တစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

”အပျက် အစီးတွေ ကားမှာ ဒုက္ခ ရောက်နေတဲ့ ကလေးငယ်တွေ ရဲ့ ဓာတ် ပုံကို တွေ့ရတော့ ရင်ကွဲမတတ် ခံစား ရပါတယ်။ အကူအညီတွေ အများကြီး လိုအပ် ပါလိမ့် မယ်။ ဒါကြောင့် တတ် နိုင်သမျှထည့်ဝင် လှူဒါန်းဖို့ ဖိတ်ခေါ်ပါ တယ်”ဟု လီရန်ပေး ကပြောကြားသည်။

ဂျေမီအိုလီဗာ၊ အန်ဒရူးမား၊ အယ် လန်ရစ်မန်း၊ ဂျုံနီဖရော့ဂတ်နှင့် အယ် လန်လိခ်ျနှင့် ဟာသ သရုပ်ဆောင် စတီ ဖင်မားချန့် စသည့် သရုပ်ဆောင်များ လည်း အဆိုပါ အစီအစဉ် ၌ ပါဝင်ခဲ့ ကြောင်း သိရသည်။

သိင်္ဂီဝင်း

မေမြတ်မွန် ရေကူးပြီ

မေမြတ်မွန် ရေကူးပြီ

မေမြတ်မွန် ရေကူးတဲ့ video ဖြစ်ပါတယ်။ သူကတင်တော့လည်း ကျွန်တော့်ကိုလည်းတောင်းဆိုတဲ့လူတွေရှိနေတာနဲ့ တင်ပေးလိုက်ပါတယ်။

Credit to မေမြတ်မွန်

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူ နောက်ကွယ်က ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဖမ်းမိ

(နိရဉ္စရာ- ၂၉ နိုဝင်္ဘာလ ၂၀၁၃)

ဘုန်းကြီးကျောင်းမီးရှို့ဖျက်ဆီးခံရပြီး ကျန်ရစ်ခဲ့သော ရုပ်ထုတော် တစ်ဆူ။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူကို နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း  ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ  ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ ညဥ့်အချိန်တွင် ရာမူး (ပန်းဝါမြို့) မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက်အုပ်စုများက ၀င်ရောက် မီးရှို့တိုက်ခိုက်ပြီး ကျောင်းပေါ်မှ ဆင်းထုတော်များ အပါအ၀င် အဖိုးတန် ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့ကြသည်။

၎င်းတိုက်ခိုက်မူ အတွင်း ရာမူး (ပန်းဝါ) အပါအ၀င် အိုကီယားမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

၎င်းတိုက်ခိုက်မူများကို ယခု ဖမ်းဆီးခံရသူ တော်ဖီလ် အာမတ်က နောက်ကွယ်က ကြိုးကိုင်သည်ဟု ရဲက သံသယဖြစ်ပြီး လိုက်လံ ဖမ်းဆီးရာ ယင်းတော်ဖီလ်အာမတ်မှာ ၎င်းအချိန်ကပင် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ရုတ်တရက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီး သူ၏ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရှိနေစဉ်  ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးခံရသူသည် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ရန်လူများကို စုဆောင်း ပေးခဲ့သည်သာမက ငွေကြေးပေးပြီးလည်း ဌာရမ်းခဲ့ကြောင်း ရဲက စွပ်စွဲထားသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အသစ် ပြန်တည်ဆောက်ပေးသော ကျောင်းတော်များထဲမှ တစ်ခု။

သူ့အား ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ အမူပေါင်း (၁၉) ခုဖြင့် တရားစွဲဆိုထားကြောင်းနှင့် ယမန်နေ့က တရားရုံးထုတ်ကာ ရမန်ယူခဲ့သည်ဟု သိရသည်။

ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့) နှင့် အိုကီယား မြို့နယ် တွင် ၎င်းနေ့က မီးရှို့ ဖျက်ဆီးခံခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရက နောက်ပိုင်းတွင် တာကာငွေ ကုဋေနှင့် ချီပြီး အကုန်အကျခံကာ ခိုင်ခန့်သော အဆောက်အဦးကြီးများဖြင့် ပြန်လည် အစားထိုး တည်ဆောက်ပေးခဲ့သည်။

သို့သော်လည်း တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း လက်ရာဆင်းထုတော်များ အပါအ၀င် ဗုဒ္ဓ၀င် စာပေ ကျမ်းကန်များနှင့် ကျောင်းတော်များကို တည်ဆောက်ထားသော ယဉ်ကျေးမူ အနုပညာ လက်ရာများကိုမူ  ပြန်လည် ရရှိနိုင်ခြင်း မရှိတော့သဖြင့် ဘုန်းကြီးကျောင်းများ မီးရှို့ ဖျက်ဆီးတိုက်ခိုက် ခံရမူမှာ ကြီးမားသော ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်ကြောင်း ပန်းဝါမြို့မှ ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်။
narinjara burmese news

အင်းလျားနှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် ည ၁၂

ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ ဖြစ်ပွားနေသည့် အင်းလျားနှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့

အောက်တိုဘာ ၃၀ ရက် ညပိုင်းက အင်းလျား ကန်ပေါင်တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် လာရောက် အပန်းဖြေနေသူများ (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်နှင့် မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့တွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှု ဖြစ်စဉ်များကြောင့် ယင်းအနားယူ အပန်းဖြေနိုင်သည့် ကန်ပေါင်နှစ်ခုတွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အဲဒီအင်းလျား ကန်ဘောင်နဲ့ မြကျွန်းသာ ကန်ပေါင်မှာ လုယက်မှုတွေ၊ အချင်းချင်း ရန်ဖြစ်မှုတွေ ဖြစ်ပွားနေတယ်။ ဒါကြောင့် ထပ်မံပြီး မဖြစ်ပွားစေဖို့ အတွက် ည ၁၂ နာရီကျော်ရင် လာရောက်ခွင့် မပြုတော့ပါဘူး။ ည ၁၂ နာရီ ရောက်တာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ စည်ပင်သာယာက ၀န်ထမ်းတွေ ပူးပေါင်းပြီးတော့ သတိပေးမှုတွေ ပြုလုပ်တယ်။ အခုလည်း လာရောက်ခွင့် မပြုဘူး ဆိုတာကို ပညာပေးမှုတွေ လုပ်ဆောင် နေပါတယ်'' ဟု နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ အင်းလျားကန်ပေါင်နှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် လစဉ် လုယက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် အရေအတွက် ၁၅ မှုဝန်းကျင် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဆက်လက်၍ ''အဓိက ဒီလိုည ၁၂ နာရီ ကျော်ရင် တက်ရောက်ခွင့် မပြုရတဲ့ အကြောင်းရင်းကတော့ မလိုလားအပ်တဲ့ မှုခင်းဖြစ်စဉ်တွေ ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်'' ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။

အင်းလျားကန်ပေါင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ည ၁၂ နာရီအချိန်တွင် လုံခြုံရေးဝန်ထမ်း တစ်ဦးက ည ၉ နာရီ ကျော်သွားသဖြင့် လာရောက် လည်ပတ်နေသူများကို ပြန်ခိုင်းရာ မကျေနပ်သူ လူငယ်အုပ်စု တစ်ဖွဲ့က ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ ပြန်လည် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းနှင့် ကန်ပေါင်ပေါ်ရှိ ဆိုင်စောင့် ၀န်ထမ်းအချို့ကို ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ကာ တရားဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် အင်လျားကန်ပေါင်ပေါ်တွင် ဒီမိုကရေစီ စနစ်နှင့်အညီ ပိတ်ချိန်ကို သတ်မှတ်ချိန် မရှိတော့ဘဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဆိုပါ အင်းလျားကန်ပေါင်၌ လူငယ်များအုပ်စုဖွဲ့ သောက်စားပြီးနောက် ရမ်းကားခြင်းများ၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ လုယက်မှုများ၊ ခါးပိုက်နှိုက် ခံရမှုများ၊ ခိုးမှုဖြစ်စဉ်များ၊ ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးခံရမှုနှင့် ခြိမ်းခြောက်ငွေ တောင်းခံရမှုများ မကြာခဏ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

Thursday, November 28, 2013


VIBER ကို OFFLINE အသုံးပြု​လို​သူ​တွေ​အတွက် VIBER OFFLINE FOR ANDROID

ကျွန်တော်​တို့ အင်​တာ​နက်​လိုင်း ဖွင့်​လိုက်​တာ​နဲ့ တပြိုင်နက် ဖုန်း​မှာ ​ဗို​င်​ဘာ ဆော့​ဝဲ​လ် ရှိ​ရင် အဲ့ ​ဗို​င်​ဘာ က အော်​တို ​အွ​န်​လိုင်း ပေါ်​မှာ ရှိ​နေ​ကြော​င်း​ပြ​ပါ​တယ်။

​ဖေ့​ဘွ​တ် မှာ (သို့) ဂျီ​တော့​မှာ Offline လုပ်​ထား​လည်း သင် ဖုန်း​နဲ့ သုံး​နေ​တာ​ဆို​ရင်​တော့ ​ဗို​င်​ဘာ​ဆော့​ဝဲ​လ်​ကြောင့် သင် ​အွ​န်​လိုင်း​ပေါ် မှာ ရှိ​ကြော​င်း တစ်ဖက်​က သင့်​သူငယ်ချင်း​က သိ​မှာ ဖြစ်​ပါ​တယ်။

Viber က ​ကြူ​ကြူ​တွေ ရန်​က ကင်း​ဝေး​အောင် ဒီ​ဆော့​ဝဲ​လ်​လေး ဆောင်​ထား​ပေါ့​ဗျာ

အသုံးပြု​ပုံ​က ဆော့​ဝဲ​လ် ကို ဒေါင်း​ပြီး အင်​စ​တော​လုပ်​၍ ဖွင့်​လိုက်​ပါ။

ပေါ်လာ​ရင် အောက်​နား​မှာ Online လို့ ရေးထား​တဲ့​နေရာ​ကို လက်​နဲ့ ဖိ​ပြီး Offline ပြောင်း​ပေး​ရုံ​ပါ။
အောက်​က link တွေ​က​နေ download လုပ်​နိုင်​ပါ​တယ်။

Download >>>>http://bluenavyblog.blogspot.com/2013/11/viber-offline-viber-offline-for-android.html
Like · · · 236 · 36 minutes ago ·

" iPhone က အစွမ်း​ထပ်​ပြ​ပြန်​ပါ​ပြီ သတိထား​ကြ​ပါ

" iPhone က အစွမ်း​ထပ်​ပြ​ပြန်​ပါ​ပြီ သတိထား​ကြ​ပါ "

အဓိက​ဖြစ်​ရ​တဲ့ အကြောင်းရင်း​ကတော့ Charging အား​သွင်း​တုံး အ​ညံ့​စား​တွေ​သုံး​လို့​ပါ ။

အတုံး​ပျက်စီး​တဲ့​အခါ ​ဗို့​အား​အ​ပြည့်​အဝ​နဲ့ စီး​ဆင်း​နေ​မှု​ကို ဖြတ်​တောက်​ပေး​နိူ​င်​ခြင်း​မ​ရှိ​လို့ ဓါတ်​လိုက်​သေ​ဆုံး​ရ​တာ​ပါ ။

ရေချိုး​ခန်း​က​ထွက်​လာ​ပြီး ဖုန်း​ကိုင် ဖုန်း​ပြော​တတ်​တဲ့ အကျင့်​လေး​တွေ ဆင်ခြင်​တတ်​ကြ​ဖို့​ပါ​ပဲ ။
အဲ့​လို​အချိန်​ခါ​မျိုး​မှာ မိမိ​မှာ​ဖိနပ်​မ​ပါ​ခြင်း အောက်​ခြေ​မှာ​အင်း​ဂ​ဒေ​ခင်း ဖြစ်​နေ​ခြင်း​တို့​ကြောင့် လျှပ်စစ်​စီး​ဝင်​မှု​ကို ပြင်းထန်​စွာ​ခံစား​ရ​မှာ​ပါ ။

Charging အား​သွင်း​တုံး အ​ညံ့​စား​တွေ​ကို ဆင်ခြင်​သုံး​ရင်း......

ဘာ​ပဲ​ဖြစ်​ဖြစ် သတိထား​ကြ​ပါ သူငယ်ချင်း​တို့

Thai Actress- Davika Horne (Pee Mak > Nak)

12:00 AM
thai actress

thai actress

thai actress

thai actress

thai actress

Name: Mai Davika Hoorne
Nickname: Mai
Profession: Actress
Date of birth: 16 May 1992
Birthplace: Thailand
Race: Thai/Belgium
Height: 173 cm

ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့

ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့

Written By Aye Chan Mon Web Site on Thursday, November 28, 2013 | 10:45 AM

ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။

ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ ကြောင်း သိရသည်။

လူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင်

လူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင်

Posted by drmyochit Thursday, November 28, 2013, under | No comments
Belgium မှာလူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင် ပါတယ်။ ဆိုလိုတာ ကတော့ မိ မိကိုယ်ကို အဆုံးစီရင် ချင်တဲ့သူ တွေကို နိုင်ငံတော်က ကူညီပေး တာပါ။ 
ကိုယ့်ကိုကိုယ် အဆုံး စီရင်တယ် ဆိုတာ အများအား ဖြင့်တော့ သေလုမြောပါး ဖြစ်နေတဲ့ လူနာ တွေနဲ့ မလိုအပ်ဘဲ နာကျင်ခြင်းကို ခံစားနေ ရတဲ့ ဝေဒနာရှင် တွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဒဏ်ရာ ရှိနေပြီး ဘ၀ကို အဆုံးသတ် ချင်သူ တွေလည်း တဖြည်းဖြည်း များလာ နေပါပြီ။ နောက်ဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ် ကတော့ ဒီနှစ်ဦးပိုင်းက ဖြစ်ပျက်ခဲ့ တာပါ။ Nathan Verhelst လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ ငယ် စဉ်က သူ့အစ်ကို တွေရဲ့ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရတဲ့ နောက်ပိုင်းမှာ Post-traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဒဏ် ရာ ရရှိနေ ခဲ့ပြီး သူ့ရဲ့ လိင်အင်္ဂါပြောင်း ခွဲစိတ်မှု အပြီးမှာ သူ့ကိုယ်သူ "မိစ္ဆာကောင်ကြီး" လိုခံစားရ တာကြောင့် ဆေးအကူအညီနဲ့ သေစေရန် တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ Verhelst ဟာအမျိုးသမီး တစ်ဦးလို ကြီးပြင်း လာခဲ့ပြီး လိင်ပြောင်း ခွဲစိတ်မှု ပြုလုပ်ရာမှာ ဆရာဝန် တွေက အ မျိုးသား လိင်အင်္ဂါကို ပြုလုပ် တပ်ဆင် ပေးရာမှာ အခက်အခဲ များစွာနဲ့ ကြုံခဲ့ရ ပါတယ်။ ခွဲစိတ် ဆရာဝန် တွေက သူ့အတွက် အင်္ဂါတစ်ခု ပြု လုပ်ပေး ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်ဘဲ ခန္ဓာကိုယ်က ငြင်းပယ် ခဲ့ပါတယ်။ ဒါကြောင့် သူအသက်ရှင် နေချင်စိတ် ကုန်ခန်းသွား ပြီလို့ သူ့သူငယ်ချင်း တွေနဲ့ သူ့ဆရာဝန် တွေကို ပြောခဲ့တာပါ။ 
ဒါဟာ ဆေးပညာ အကူအညီနဲ့ လူသေစေ ခြင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က တရားဝင် ပြုလုပ်ပြီး ကတည်းက ဘယ်လ်ဂျီယံ နိုင်ငံရဲ့ အထင် ကရ အဖြစ်ဆုံး ဖြစ်ရပ် ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ အကြောင်း ကတော့ သေဆေး မထိုးမီ တစ်ရက်အလို Brussels မြို့မှာ Verhelst ကိုသ တင်းစာကြီး တစ်စောင်က တွေ့ဆုံ မေးမြန်း ခဲ့လို့ပါပဲ။ စိတ်ဒုက္ခတွေ ခံစားနေ ရသူတွေ ဆေးထိုး သေစေခြင်းနဲ့ ပတ်သက်တဲ့ အထင်ကရ ဖြစ် ရပ်တွေ အများကြီး ရှိခဲ့ဖူး ပါတယ်။ ကလေးဘဝ တုန်းက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ ဟောင်းကို ထပ်ခါတလဲလဲ အမှတ်ရ နေတဲ့ အစားအ သောက် ပျက်ရောဂါ (Anorexia) ဝေဒနာရှင် အမျိုးသမီး တစ်ဦး ကလည်း ဆေးထိုး သေစေဖို့ တောင်းဆိုခဲ့ ဖူးပါတယ်။ နားမကြား ရတဲ့အမြွာ နှစ်ဦးဟာ သူတို့မှာ မျက်စိကွယ် စေနိုင်လောက်တဲ့ မွေးရာပါ ရောဂါတစ်ခု ရှိနေတာကို သိရှိပြီး နောက်မှာလည်း ဒီလိုပဲ ဆေးထိုး သေစေ လိုကြောင်း တောင်းဆိုခဲ့ ကြပါတယ်။ 
ဒီလူတွေရဲ့ တူညီတဲ့ အချက်ကတော့ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကိုပါ ခံစားနေ ရတာပါ။ ဘယ်လ်ဂျီယံ ဥပဒေအရ ဆေးထိုး သေစေတာကို ခွင့်ပြုဖို့ အတွက် အနည်းဆုံး ဆရာဝန်နှစ်ဦး တိုင်ပင်သဘော တူရမှာ ဖြစ်ပါတယ်။ Verhelst လိုမျိုး စိတ် ပိုင်းဆိုင်ရာ ဝေဒနာ အတွက် ဆိုရင်တော့ ဆရာဝန် သုံးဦး တိုင်ပင်ပြီး သဘောတူမှ ခွင့်ပြုမှာပါ။ လူနာရဲ့ ရောဂါ အခြေအနေကို အချိန် အ တော်ကြာ စောင့်ကြည့်ပြီးမှ ဆေးထိုး သေစေခြင်းကို ခွင့်ပြုရတာ ဖြစ်ပါတယ်။ မိမိကိုယ်ကို သေကြောင်း ကြံခြင်းဟာ ဥပဒေကြောင်းအရ တ ရား မဝင်တဲ့ နိုင်ငံတွေ မှာဆို သေကြောင်း ကြံကြသူ တွေဟာ အထီးကျန်ဆန် နေကြပြီး လောကကြီးနဲ့ အဆက်အသွယ် ဖြတ်နေတတ် ကြပါ တယ်။ Verhelst ကတော့ သူငယ်ချင်း အသိုင်းအဝိုင်း အခိုင်အမာ ရှိပြီး သူတို့ဟာ နောက်ဆုံး ပါတီကို စီစဉ် ပေးခဲ့ကြပြီး သူ့ကို ပြန်စဉ်း စားဖို့ စည်းရုံး ခဲ့ကြပါ သေးတယ်။ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ဦး ဖြစ်တဲ့ Marisol Mesot ကတော့ ဘယ်အရာကမှ သူ့ကို ဒီလောကမှာ ပြန် နေချင်စိတ် ဖြစ်စေ တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း နိုးလာတာနဲ့ "မိစ္ဆာကောင်ကြီး" လိုခံစားနေ ရတာပါ။ 
အခုတော့ ကနေဒါ နိုင်ငံ ကွီဘက်နယ် မှာလည်း ဘယ်လ်ဂျီယံက ဥပဒေလိုမျိုး အလားတူ ဥပဒေကို ရေးဆွဲဖို့ စဉ်းစားနေ ကြပါပြီ။ သေလု မြောပါး ဝေဒနာကို ခံစား နေရသူ တွေအတွက်ရော စိတ်ဒုက္ခ ခံစားနေ ကြရသူတွေ အတွက်ပါ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီနယ်က ဥပဒေကို ပြဌာန်း လိုက်မယ် ဆိုရင် လူဇင်ဘတ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည် က ဝါရှင်တန်၊ အိုရီဂွန် ပြည်နယ်တို့လို ကမ္ဘာပေါ်မှာ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့်ပြုတဲ့ အနည်းငယ် မျှသာ ရှိတဲ့ နယ်မြေတွေ ထဲက တစ်ခုဖြစ် လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို အရင်က တစ်ခါမှ မမျှော်လင့် ထားခဲ့ဖူးတဲ့ ပုံစံတစ်ခု အဖြစ် ကျွန် တော်တို့ရဲ့ အနာဂတ်မှာ ပြယုဂ်တစ်ခု ဖြစ်လာ နိုင်ပါတယ်။ 
Images from flanderstoday, top-10-list, wikimedia. Source: io9.com

တရုတ် လေကြောင်း ကာကွယ်ရေး ဇုန် အတွင်းသို့ အခွင့် မရှိ ဝင်ရောက် လာသည့် လေယာဉ်များ အား ပစ်ချ ပိုင်ခွင့် ရှိ

တရုတ် လေကြောင်း ကာကွယ်ရေး ဇုန် အတွင်းသို့ အခွင့် မရှိ ဝင်ရောက် လာသည့် လေယာဉ်များ အား ပစ်ချ ပိုင်ခွင့် ရှိ ဟု တရုတ် အဆင့်မြင့် အရာရှိ ကြီး တစ်ဦး ပြောကြား
တရုတ်နိုင်ငံ က ကြေညာ ထားသည့် လေကြောင်း ကာကွယ်ရေး ဇုန်သစ် အတွင်း သို့ အခွင့် မရှိဝင် ရောက်လာ သည့် လေယာဉ် များ အား ပစ်ချ ပိုင်ခွင့် ရှိကြောင်း တရုတ် စစ်တပ်မှ အရာရှိကြီး တစ်ဦး က ပြောကြား ခဲ့သည် ဟု မီဒီယာများ က နိုဝင်ဘာ ၂၇ ရက် တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အရာရှိကြီး ၏ ပြောကြားချက် သည် တရုတ် နိုင်ငံက ယခု သီတင်းပတ် အကုန်တွင် ချမှတ် ကြေညာ ခဲ့သည့် ၎င်း တို့၏ လေကြောင်း ကာကွယ်ရေး ပိုင်နက် အတွင်းသို့ အမေရိကန် ဗုံးကြဲ လေယာဉ် နှစ်စင်း ဝင်ရောက် လာပြီးနောက် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်ပြီး တရုတ် လေကြောင်း ပိုင်နက် အတွင်းသို့ အကြောင်း ကြားခြင်း မရှိဘဲ ဝင်ရောက် လာသည့် လေယာဉ်များ သည် ကျူးကျော် ရန် လိုသည့် သဘော သက်ရောက် ကြောင်း တရုတ် လေတပ်မှ ဗိုလ်မှူး ချုပ် တစ်ဦး ဖြစ်သူ ချောင်လျန် က ပြောကြား ခဲ့သည်။
အဆိုပါ လေကြောင်း ကာကွယ်ရေး ဇုန် တွင် နိုင်ငံများ အကြား ဆက်သွယ် နိုင်သည့် စနစ်များ ကို တည် ဆောက် ထားပြီး တရုတ် လေကြောင်း ပိုင်နက် အတွင်း သို့ အခွင့် မရှိဝင် ရောက်လာ သည့် လေယာဉ် များ အား တရုတ် လေယာဉ်မှူး များက ပစ်ချ ပိုင်ခွင့် ရှိကြောင်း ဗိုလ်မှူးချုပ် ချောင်လျန် က တွေ့ဆုံ ဆွေးနွေးခန်း တစ်ခု တွင် ပြောကြား ထားသည်။ တရုတ် နိုင်ငံ၏ လေကြောင်း ကာကွယ်ရေး ဇုန် ကြေညာချက် နှင့် စပ်လျဉ်း ၍ ဂျပန် နှင့် အမေရိကန် အစိုးရ အဖွဲ့များက ဝေဖန် ထားပြီး ယင်း လေကြောင်း ကာကွယ်ရေး ဇုန် တွင် အိမ်နီးချင်း များက ၎င်းတို့ ပိုင် နယ်နိမိတ် အဖြစ် သတ်မှတ် ထား သည့် ပိုင်နက် များ ပါဝင် ကြောင်း ပြောကြား ခဲ့သည် ဟု သိရသည်။
စကားဝါ

အွန်လိုင်းမှ လုပ်ငန်း လိုင်စင် လျှောက်ထား မှု မြို့နယ် ခုနစ်ခု တွင် ထပ်တိုး ခွင့်ပြု

အွန်လိုင်းမှ လုပ်ငန်း လိုင်စင် လျှောက်ထား မှု မြို့နယ် ခုနစ်ခု တွင် ထပ်တိုး ခွင့်ပြု
အွန်လိုင်းမှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထားမှု များ ကို မြို့နယ် နှစ်ခု သာ ခွင့်ပြု ထားရာမှ နိုဝင်ဘာ လ တတိယ အပတ်မှ စတင် ၍ မြို့နယ် ခုနစ်ခု ကို ထပ်တိုး လျှောက်ထားခွင့် ပြုကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား သည်။ အချိန် ကုန် သက်သာ စေရန် နှင့် လွယ်ကူ မြန်ဆန် စေရန် အွန်လိုင်း မှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထား မှု များကို တာမွေ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ် တို့တွင် စမ်းသပ် လျှောက်ထား ခွင့်ပြု ခဲ့ကြောင်း၊ နိုဝင်ဘာ လ တတိယ ပတ်မှ စ၍ လှိုင်၊ ကမာရွတ်၊ လမ်းမတော်၊ အလုံ၊ ကျောက် တံတား၊ သင်္ဃန်း ကျွန်း၊ ပုဇွန် တောင် မြို့နယ် များ တွင် ထပ်တိုးကာ စမ်းသပ် ဆောင်ရွက် ကြောင်း ၎င်းက ရှင်းပြ သည်။
အဆိုပါ စမ်းသပ်မှု အောင်မြင် ပါက ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် တွင်းရှိ မြို့နယ် အားလုံး တွင် အွန်လိုင်း မှ လုပ်ငန်း လိုင်စင် လျှောက်ထား မှုကို မကြာမီ ဆောင်ရွက် သွားမည် ဖြစ်ပြီး အချိန်ကာလ အားဖြင့် လတ်တလော တွင် မပြော နိုင် သေးကြောင်း ၎င်းက ပြောကြား သည်။ “တိုးတက် လာတဲ့ နည်းပညာ နဲ့ အညီ အွန်လိုင်း ကနေ ဝန်ဆောင်မှု ပေးတယ် ဆိုတာ ကောင်းပါ တယ်။ ပြည်သူ တွေ အနေ နဲ့က ကျွမ်းကျင်မှု မရှိ ရင် လုပ်ငန်းမှာ မှားယွင်း ထိခိုက် မှုတွေ ကြုံလာ နိုင်တာ ကြောင့် နည်းပညာ နှင့် အညီ တိုးတက် အောင် လုပ်သလို ပဲ တစ်ဖက် ကလည်း ပြည်သူ တွေရဲ့ ကျွမ်းကျင် မှု အနေအထား နဲ့ ချိတ်ဆက် ပြီး ဆောင်ရွက် သင့် ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးကျော် က သုံးသပ် ပြောကြား သည်။
လုပ်ငန်း၊ အစား အသောက်၊ တည်းခို ခန်း၊ ဘော်ဒါ ဆောင်၊ ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့်၊ ကိုယ်ပိုင် ဈေး၊ လုပ်ကိုင် ခွင့်၊ ယာယီ ဇာတ်ရုံ လုပ်ကိုင် ခွင့် စသည့် အမျိုးမျိုး သော လုပ်ငန်း လိုင်စင်များ ကို အွန်လိုင်း မှ တစ်ဆင့် လျှောက်ထား နိုင်ကြောင်း စီမံရေးရာ ဌာန ထံမှ သိရသည်။ အွန်လိုင်း မှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထား ရာ တွင် (Y.C.D.C) ၏ အင်တာနက် စာ မျက်နှာ www.ycdc.com.mm တွင် လျှောက်ထား မည့် လိုင်စင် အမျိုးအစား ဖောင် ပုံစံ ကို ရွေးချယ် ဖြည့်စွက် ရမည် ဖြစ်ပြီး လိုအပ် သော စာရွက် စာတမ်းများ ကို ဓာတ်ပုံ ဖိုင်ဖြင့် ထည့်သွင်း လျှောက်ထား ရမည် ဖြစ်ကြောင်း သိရှိရသည်။
The Voice Daily

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေ ရှိလာ

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေ ရှိလာ

ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာ ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်း ကောက်ချက်တွေအရ သိရပါတယ်။

အသက် ၁၆နှစ်ကနေ ၄၄နှစ်အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ၃.၇ယောက်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၆.၅ယောက်နှုန်းရှိခဲ့ပါတယ်။

အမျိုးသားတွေဟာ သောင်းပြောင်းဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။

၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှအရေအတွက်ဟာ ၈.၆ ကနေ ၁၂.၆ ထိတက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ခုနှစ်အရောက်မှာတော့ ၁၁.၇ထိ ပြန်ကျခဲ့တယ်လို့ စာရင်း ဇယား တွေအရ သိရပါတယ်။

လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ကြိမ်နှုန်း ရှိနေခဲ့ပေမဲ့ ခုတော့ ပျမ်းမျှတစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။

Posted by drmyochit Wednesday, November 27, 2013, under | No comments
Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။ 
Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။ 
A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။ 
ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။ 
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။ 
ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။ 
အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။ 
ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။ 
“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။ 
ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။ 
စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။ 
ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။ 
သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။ 
အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။ 
A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။ 
By ဒေါက်တာတင့်ဆွေ

Wednesday, November 27, 2013

အမေရိကန် ၀က်ဘ်ဆိုက်၏ “မုဒိန်းပွဲတော်” ဟူသည့် အရေးအသားအပေါ် အိန္ဒိယသူတို့ အမျက်ဒေါသထွက်

အမေရိကန် ၀က်ဘ်ဆိုက်၏ “မုဒိန်းပွဲတော်” ဟူသည့် အရေးအသားအပေါ် အိန္ဒိယသူတို့ အမျက်ဒေါသထွက်

အမေရိကန် ၀က်ဘ်ဆိုက်၏ “မုဒိန်းပွဲတော်” ဟူသည့် အရေးအသားအပေါ် အိန္ဒိယသူတို့ အမျက်ဒေါသထွက်

အမေရိက ၀က်ဘ်ဆိုက်တစ်ခုတွင် အိန္ဒိယတွင် မိန်းကလေးများ အဓမ္မပြုကျင့်ခံရသည့်နှုန်း မြင့်တတ်နေ သည့်ဖြစ်ရပ်များအတွက်  လှောင်ပြောင် သရော်သည့် ဆောင်းပါးမှ ခေါင်းကြီးတပ်သည့် အသုံးအနှုန်းအပေါ် အိန္ဒိယသူတို့  အမျက်ပြင်းစွာ ထွက်ခဲ့ကြသည်။ အထူးသဖြင့် အဓမ္မပြုကျင့်မှု အများဆုံးဖြစ်ခဲ့သည့် နိုင်ငံ၏ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်မှ အမျိုးသမီးများကို မခံမရပ်နိုင် ဖြစ်စေခဲ့သည့် အရေးအသားဖြစ်ခဲ့သည်။

ဟာသနှင့် သရော်စာများရေးကာ နာမည်ကျော်နေသည့် NationlReport.net တွင် ဆောင်းပါးရှင် ပေါလ်အော်နာက “အိန္ဒိယတွင် ယခုတစ်ပတ်မှစတင်ကာ အက်ဆမ် မုဒိန်းပွဲတော်ကြီး စတင်ပြီ” ဟူသော အရေးအသားနှင့် သရော်စာ တစ်ပုဒ်တင်ခဲ့သည်။ လွန်ခဲ့သော တစ်ပတ်က အွန်လိုင်းပေါ်သို့ စတင်ပြီးနောက်ပိုင်း အခြားမီဒီယာများက  ပြန်လည်ဖော်ပြခြင်းဖြင့် အွန်လိုင်းလောကတခွင် ပျံ့နှံ့သွားခဲ့သည်။

ယင်းဆောင်းပါးကို Facebook တွင် ဖြန့်ဝေမှုပေါင်း ၃၁၂၀၀၀ ကျော်အထိရှိပြီး၊ Twitter တွင် ၂၉၀၀ အထိ ရှိခဲ့သည်။ဆောင်းပါးရှင်က ရာဇ၀တ်မှုမြောက်သည့် ဆိုးရွားသည့် ကျူးလွန်မှုများအပေါ် တရားဝင် ပြိုင်ပွဲလုပ်ကာ သူ့ထက်ငါ အဆိုးတကာ့ထိပ်ခေါင် ယှဉ်ပြိုင်နေကြသည့်နယ် အတည်ပေါက် ရေးသားခဲ့သည်။ အချို့သူများက အမှန်ထင် နေကြပြီး အချို့ကလည်း သူတို့၏ ကျူးလွန်မှုများကို ဂုဏ်တစ်ခုသဖွယ် မရှက်မကြောက် ပြန်လည် ရေးသား   ဖော်ပြလာကြ သည်။ ဆောင်းပါးမှ ရေးသားချက်များသည် လူသားချင်းစာနာစိတ် ရှိသူတို့အတွက် မသတီချင် စရာများနှင့် သာ ပြည့်နေခဲ့သည်။

Ref: Al jazeera