Saturday, September 28, 2013

ဝန်ထမ်းကြိုပို့ယာဉ်အသုံးပြုနိုင်ရန် Myanmar City Bus ထုတ်လုပ်ရောင်းချ

ဝန်ထမ်းကြိုပို့ယာဉ်အသုံးပြုနိုင်ရန် Myanmar City Bus ထုတ်လုပ်ရောင်းချ



         မော်တော်ယာဉ်မူဝါဒများ တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချခွင့်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိရာ အမှတ် (၁၁) အကြီးစားစက်ရုံမှ ၀န်ထမ်းကြိုပို့ယာဉ်များအဖြစ် အသုံးပြုရာတွင် စိတ်ချလုံခြုံပြီး သွားလာမှု အဆင်ပြေစေရန်အတွက် Myanmar City Bus များကို ထုတ်လုပ်ရောင်းချ ပေးလျက်ရှိကြောင်းသိရှိရသည်။

    မြန်မာစီးတီးဘတ်စ်များသည် အရွယ်အစားအားဖြင့် Overall Length 10490 mm, Overall Width 2490 mm, Overall Height 3250 mm ဖြစ်ပြီး ယာဉ်တစ်စီးရဲ့အလေးချိန်မှာ 15000 kg (15 Ton) ဖြစ်ပြီး ခရီးသည် (၃၅) ဦးကို တင်ဆောင်နိုင်ကြောင်း သိရှိရသည်။

    ဒီ Myanmar City Bus မှာ 6V 128 ZC Turbo Charger Diesel Engine ကို အသုံးပြုထားပြီး Engine Power မှာ (250 KW/335 HP) ဖြစ်ပါတယ်။ ဒီ Engine ကို စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ) မှ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Gear Box ကတော့ 6 Forward, 1 Reverse ရှိပြီး စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး) မှ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Left Hand Drive ဘယ်မောင်း မော်တော်ယာဉ်အမျိုးအစားဖြစ်ပြီး Power Steering တပ်ဆင်ထားပါတယ်။ Speed ကတော့ Maximum 80 km/hr ဖြစ်ပါတယ်။ ဆီစားနှုန်း အနေနဲ့က 1Gal ကို 11.25 mile ရရှိပြီး ဆီလှောင်ကန်အနေဖြင့် 62.2 Gal ၀င်ဆံ့ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

    City Bus၏ တာယာအမျိုးအစားမှာ 10.00 x 20 ဆိုဒ်ဖြစ်ပြီး 12V Battery ၂ လုံး အသုံးပြုရမည်ဖြစ်ပြီး ပုံစံအားဖြင့် သေသပ်ပြီး လှပကြောင်း သိရှိရသည်။

    ပြည်ပမှတင်သွင်းလာသော ကားများကို ကြိုက်နှစ်သက်ကြသူများရှိသလို ပြည်တွင်း၌အဆင့်အတန်းမှီမှီ ဈေးနှုန်းသက်သာသောကားများကို ၀ယ်ယူလိုသူများအတွက် Myanmar City Bus တစ်စီးလျှင် ကျပ် (၅၇၂.၂၅) သိန်းနှင့် ရောင်းချပေးပြီး ယာဉ်အသစ်ဖြစ်ခြင်း၊ Suspersion ကောင်းသည့်အတွက် သက်သောင့်သက်သာရှိခြင်း၊ Maximum Speed 80 km/hr ဖြစ်သည့်အတွက် စိတ်ချလုံခြုံမှုရှိခြင်းတို့ကို တာဝန်ယူကြောင်း အမှတ် (၁၁) အကြီးစားစက်မှုလုပ်ငန်း (ရန်ကုန်) ထုတ်လုပ်ရေးဌာန (၃) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment