Friday, November 1, 2013

သူရိယအလင်းဂျာနယ် ရေးသားဖော်ပြချက် မြန်မာဂျာနယ်လစ် ကွန်ရက် ကန့်ကွက်


သူရိယအလင်းဂျာနယ် ရေးသားဖော်ပြချက် မြန်မာဂျာနယ်လစ် ကွန်ရက် ကန့်ကွက်

By ADMINISTRATOR - Fri Nov 01, 3:13 pm
    ရန်ကုန်၊ အောက်တိုဘာ ၃၁
    news_trraljnmjnlkk_anစာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သည့် သူရိယအလင်း ဂျာနယ်ကို မြန်မာဂျာနယ်လစ် ကွန်ရက်က ကန့်ကွက်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်များကို တန်ဖိုးထား ကာကွယ်ရန် လူငယ်သတင်းစာသမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်တွင် သတင်းမီဒီယာသမားများ လိုက်နာရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများ ပါရှိနေကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ လောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများ ပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာလောကကို မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမျှ လာရောက် ထိန်းချုပ်ခြင်းကို လက်မခံဘဲ မိမိတို့ကိုယ်တိုင် ကြီးကြပ် ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့် ဖော်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများကို ပေါ်ထွန်း လာစေနိုင်ကြောင်း၊ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည် ကိုးစားမှုလည်း လျော့နည်း ကျဆင်းလာစေနိုင်ကြောင်း ပါရှိသည်။
    သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားမှ ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအိုဖြစ်သူ ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်ကို ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာ အဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ဖော်ပြခဲ့သည်။
    မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သူရိယအလင်း ဂျာနယ်တွင် အမှုဆောင် အရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးမိုးဟိန်းကို ဆက်သွယ်မေးမြန်းရာ“စာနယ်ဇင်းကျင့်ဝတ်လို့ ဆိုရအောင် ကျွန်တော်တို့က အမေရိကန်တို့လို နိုင်ငံကို ပြန်ကြည့်ရမယ်။ နယူးယောက် တိုင်းမ်၊ ဝါရှင်တန်ပို့စ်စတဲ့ သတင်းမီဒီယာတွေက ဘယ်သူတွေကိုမဆို မကြောက်မရွံ့ ဖော်ပြနေတာပဲ။ အခုလို ပြည်သူတွေဘက်က ရပ်တည် ဖော်ပြပေးနေတဲ့ သူရိယအလင်း၊ သူရိယနေဝန်းပါ ရေးသား ဖော်ပြချက်တွေဟာ ဘာမှမပြောပလောက်ဘူး။ မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့်ထက် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကြည့်ပြီး ထုတ်ပြန်သင့်တယ်။ အခုထုတ်ပြန်ချက်ဟာ လုံးဝအဓိပ္ပာယ် မရှိဘူး” ဟု တုံ့ပြန် ပြောကြားသည်။
    သူရိယအလင်း ဂျာနယ်ကို ထုတ်ဝေခဲ့သည်မှာ နှစ်လခွဲခန့် ကြာမြင့်ခဲ့ပြီး စောင်ရေအားဖြင့် ၁၂ စောင်အထိ ထုတ်ဝေပြီးနောက် ၎င်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ထုတ်ဝေသူ ဦးယုနိုင်နှင့် သဘောထားကွဲလွဲကာ အောက်တိုဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် အတိအလင်း ကြော်ငြာကာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
    သူရိယအလင်း ဂျာနယ် ထုတ်ဝေခြင်းကို ရပ်ဆိုင်းလိုက်ရာ ၎င်းဂျာနယ်တွင် လုပ်ကိုင်သော ဝန်ထမ်း၂၅ ဦးကို လုပ်ငန်း ရပ်ဆိုင်းသည့်အတွက် နစ်နာကြေးအဖြစ် လုပ်ခလစာကို ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါဂျာနယ် ထုတ်ဝေသူ တစ်ဦးဖြစ်သူ ဦးခင်အေးက ပြောကြားသည်။
    “သူတို့ ရသင့်ရထိုက်တာကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးတဲ့အတိုင်း ပေးရတာပါပဲ။ အလုပ်သမားတွေနဲ့ ဘာပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
    နစ်နာကြေးကို သုံးလစာ တောင်းခံထားသော်လည်း တစ်လစာသာ ရရှိခြင်း ဖြစ်ကြောင်း အဆိုပါဂျာနယ်၏ ဝန်ထမ်းတစ်ဦးက ဆိုသည်။
    အဆိုပါ သူရိယအလင်း ဂျာနယ်ကို ရပ်ဆိုင်းလိုက်ရပြီးနောက် သူရိယနေဝန်း အမည်ဖြင့် ဆက်လက်ထုတ်ဝေမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောဆိုသော်လည်း ဝန်ထမ်းများမှာ ဆက်လက် လုပ်ကိုင်လိုကြခြင်း မရှိသဖြင့် နစ်နာကြေး တောင်းခံကာ အလုပ်မှ ထွက်လိုက်ကြခြင်း ဖြစ်ကြောင်း သူရိယအလင်း အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    Miley Cyrus - I want to grab her breast


    Miley Cyrus - I want to grab her breast, exclaims Lil' Kim after star dresses up as her

    The controversial twerkster copied Lil' Kim's racy 1999 MTV VMAs costume for Halloween - and the racy rapper loved it
    Miley's Lil' Kim-inspired outfit
    Miley's Lil' Kim-inspired outfit
    Instagram
    They say imitation is the highest form of flattery and Lil' Kim certainly enjoyed Miley Cyrus' Halloween costume.
    The Wrecking Ball singer donned a purple wig... and matched it with the same iconic outfit Lil' Kim wore to the 1999 MTV VMAs - we think she looked less spooky and more smoking hot.
    And Lil' Kim's reaction? She wanted to grab Miley's breast.
    Before you scream law suit, she means like when Diana Ross copped a feel of her own at the VMAs - in the same outfit.
    The Queen Bee  wrote on Twitter: "I wish I was there to squeeze your boob."
    In a recent interview, Miley gushed about rapper Kim, saying: "In my past life, I feel like that was me. I feel like Lil Kim is who I am on the inside.
    "She just makes me happy... I just love her. And I can't help that I love her."
    Miley matched the oufit completely - even down to the nipple pasty,purple lippy, and thick lip-liner.
    Earlier in the day the controversial singer looked a lot like the old Hannah Montana Miley in the picture she shared of her wearing a brunette wig (the wig she didn't go for).
    Miley, 20, posted two pictures of her in the hairpieces to her Twitter account and captioned them "Wigzzzzzz" - just in case we thought she had the ability to grow her hair and change its colour super-quickly.
    Lil Kim
    Lil Kim
    Getty Images
    Talking about getting her drastic cut, Liam Hemsworth's ex said: "No one would have planned a haircut to change my life. I didn't plan a haircut to change my life. I just cut my hair and then it really changed my life."
    The wig snaps were then followed up with a picture of some rather rudely carved pumpkins (a marijuana leaf and sexually explicit scenes) and an equally delightful "happy f**king Halloween" message.
    But while Miss Cyrus is trying to change her look for Halloween, other famous faces have been copying her now infamous range of revealing outfits for theirs.
    But the socialite and hotel heiress was totally outdone by the hostess with the mostess, Hugh Hefner and his wife Crystal Harris.
    The couple - who have an age gap of 55 years - styled their terrifying attire on the infamous Robin Thicke and Miley performance at the MTV Video Music Awards.
    Instagram
    Crystal posted the pictures on her Instagram page along with a bizarre selfie video which looked quite awkward.
    Hef, 82, wore the striking Beetlejuice style pinstripe suit while his wife Crystal, 27, completed her look with the foam finger and devilish hair-do.
    Paris was outdone but the leggy blonde still looked quite amazing in her outfit. Still, she could have sparked fear among guests by singing that new song of hers.


    Check out all the latest News, Sport & Celeb gossip at Mirror.co.uk http://www.mirror.co.uk/3am/celebrity-news/miley-cyrus--breasts-lil-2663401#ixzz2jO1oDBwD
    Follow us: @DailyMirror on Twitter | DailyMirror on Facebook

    မီနီဆလွန်း ၃၀၀ ကျော် စက်မှုဝန်ကြီးဌာန ထပ်ထုတ်မည်


    မီနီဆလွန်း ၃၀၀ ကျော် စက်မှုဝန်ကြီးဌာန ထပ်ထုတ်မည်

    By ADMINISTRATOR - Wed Oct 30, 7:28 pm
      ရန်ကုန်၊ အောက်တိုဘာ ၂၉
      busi_mnsl300k_MMNဌာနဆိုင်ရာ အရာထမ်းများကို အရစ်ကျစနစ်ဖြင့် မြန်မာမီနီဆလွန်း စီးရေ ၄၀၀ ကျော် ရောင်းချပေးခဲ့သော စက်မှုဝန်ကြီးဌာန အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်းက ထပ်မံ၍ 1000 CC အောက် မီနီဆလွန်း အစီး ၃၀၀ ကျော်ခန့် ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားသည်။
      မီနီဆလွန်းများ ထုတ်လုပ်နိုင်ရန် ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းသွားမည်ဖြစ်၍ ကုမ္ပဏီများက ထုတ်လုပ်လိုသည့် မည်သည့်နိုင်ငံထုတ် မီနီဆလွန်းယာဉ် အမျိုးအစားမဆို အသေးစိတ် အချက်အလက်များဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ နောက်ဆုံး လာရောက် ဆွေးနွေးနိုင်ကြောင်း အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၏ ထုတ်ပြန်ချက် အရ သိရသည်။
      ထပ်မံထုတ်လုပ်သော မီနီဆလွန်း များကို ၂ နှစ်အရစ်ကျဖြင့် တစ်စီးလျှင် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းက ဆိုသည်။
      “ဒီကားတွေက ဝန်ထမ်းတွေကို အဓိက ရောင်းပေးတာပါ။ အပြင်လူတွေလည်း ဝယ်ချင်ရင် ဝယ်နိုင်ပါ တယ်။ ဒါပေမဲ့ အရစ်ကျတော့ မရောင်းပေးပါဘူး။ နိုင်ငံတော်က ဝန်ထမ်းတွေ ဈေးနှုန်းသက်သာစွာ ကားစီး နိုင်စေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ပေးတာပါ” ဟု ၄င်းက ဆိုသည်။
      မြန်မာ မီနီဆလွန်းကားများကို ပထမအကြိမ် စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ရောင်းချပေး ခဲ့ခြင်းဖြစ်ပြီး ဒုတိယ အကြိမ်မြောက်ထပ်မံ ရောင်းချပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
      မီနီဆလွန်းများ ထုတ်လုပ်သော်လည်း ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်အတွင်း မဝင်ခြင်းကြောင့် ပြင်ပမော်တော် ယာဉ်ဈေးကွက်ကို မထိခိုက်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးအေးကျော်က ပြောကြားသည်။
      “အရင်ထဲက မြန်မာမီနီဆလွန်းတွေက မြန်မာလူမျိုးတွေ မကြိုက်တဲ့ တရုတ်ကားတွေ ဖြစ်နေတယ်။ ပြီးတော့ အဆင့်နိမ့်တဲ့ ကားလို့တောင် ပြောလို့ရတဲ့အတွက် ဝယ်စီးတဲ့သူ ရှားပါတယ်။ အခုက ဂျပန်ကားတွေပဲ အများစုစီးကြတယ်” ဟု ၄င်းက ဆိုသည်။
      ပထမအကြိမ် မီနီဆလွန်းကား ၄၀၈ စီးအား ရောင်းချပေးခဲ့ခြင်းမှာ ပထမ ဦးစားပေး ငွေကျပ်သိန်း ၆၀ လက်ငင်းချေခြင်း၊ ဒုတိယဦးစားပေး ကြိုတင်ငွေ ၁၀ သိန်းပေး၍ ကျန်သိန်း ၅၀ ကို တစ်လလျှင် နှစ်သိန်းခွဲနှုန်းဖြင့် လ ၂၀ ကြာ ပေးသွင်းဝယ်ယူခြင်းနှင့် ကျန်ရှိကားများကို တစ်လလျှင် နှစ်သိန်းခွဲကို ၂၄ လကြာပေး သွင်းဝယ်ယူခြင်း တို့ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ဒုတိယ ဦးစားပေးစနစ်ဖြင့် ဝယ်ယူသူ ပိုမိုများပြားခဲ့ကြောင်း အဆိုပါ စက်မှုဝန်ကြီး ဌာနထံမှ သိရသည်။
      မြန်မာမီနီဆလွန်းများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ တရုတ်နိုင်ငံ အခြေစိုက် ချယ်ရီ ကားထုတ်လုပ်ရေး ကုမ္ပဏီမှ ပစ္စည်းများ တင်သွင်းကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး စီးရေ ၂၀၀၀ ကျော် ထုတ်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

      Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်


      Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်

      By ADMINISTRATOR - Fri Nov 01, 3:47 pm
        ရန်ကုန်၊ အောက်တိုဘာ ၃၁
        busin_mstctolzwn_ksaနိုင်ငံတကာမှ Master Card အသုံးပြုသူများ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ပြည်တွင်း အွန်လိုင်းစတိုးများတွင် CB Bank Payment Gateway စနစ်ဖြင့် ဈေးဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။
        အွန်လိုင်း ငွေပေးချေမှုစနစ်ကို နိုင်ငံတကာတွင် အသုံးပြုသည်မှာ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုမှ စတင်အသုံးပြုနိုင်ခြင်း ဖြစ်ပြီး CB Bank နှင့် ချိတ်ဆက်ထားသော အွန်လိုင်းစတိုးများတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
        “အရင်က အွန်လိုင်းကနေ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အခန်း မှာချင်ရင် တစ်ဆင့်ခံ Website တွေကနေ မှာရတယ်။ အခုဆိုရင် CB Bank Payment Gateway နဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေကို တိုက်ရိုက်မှာနိုင်မယ်” ဟု ၎င်းကဆိုသည်။
        Maseter Card များကို သုံး၍ အွန်လိုင်းဈေးဝယ်မှု ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း ယခုစနစ်သည် ကတ်အတွင်းရှိ ငွေသားလုံခြုံမှုကို အကာအကွယ် ပေးနိုင်သော အဆင့်ရှိ၊ မရှိကို စဉ်းစားရမည် ဖြစ်ကြောင်း Maseter Card အသုံးပြုသူ Mileage Communication မှ မန်နေဂျာ ဦးဆူးအောင်က ပြောကြားသည်။
        CB Bank Payment Gateway နည်းပညာသည် နိုင်ငံတကာတွင် အသုံးပြုနေသော Master Card ကုမ္ပဏီ၏ Internet Gateway Service ပေါ်တွင် ဝင်ရောက် အသုံးပြုခြင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် စိတ်ချရကြောင်း Master Card မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
        CB Bank သည် အောက်တိုဘာလ ၈ ရက်မှ မြန်မာနိုင်ငံသားများ ပြည်ပတွင် သုံးစွဲနိုင်မည့် Easi Master Card ကို စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါကတ်သည် နိုင်ငံတကာ အွန်လိုင်းစတိုးများတွင် ဈေးဝယ်ယူနိုင်ကြောင်း၊ VISA ကတ်ဖြင့် ပြည်တွင်းတွင် အွန်လိုင်း ငွေပေးချေမှုစနစ်ကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ သိရသည်။
        ATM Card များကို ပြည်တွင်းတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင် အသုံးပြုခွင့် ရရှိခဲ့ပြီး အွန်လိုင်း ငွေချေမှုစနစ်ဖြင့် သုံးစွဲနိုင်သည့် ကတ်စနစ်ကို အောက်တိုဘာလ အတွင်းတွင် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

        SEA Games ဝက်ဘ်ဆိုက်နှင့် ဝိုင်ဖိုင်ထုတ်လွှင့်မှု ကျပ်သိန်းငါးထောင် အသုံးပြုခဲ့ဟုဆို


        SEA Games ဝက်ဘ်ဆိုက်နှင့် ဝိုင်ဖိုင်ထုတ်လွှင့်မှု ကျပ်သိန်းငါးထောင် အသုံးပြုခဲ့ဟုဆို

        By ADMINISTRATOR - Fri Nov 01, 4:01 pm
          ရန်ကုန်၊ အောက်တိုဘာ ၃၁
          sports_sgwswfhlမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အားကစား ပြိုင်ပွဲများကို ထုတ်လွှင့်ပေးမည့် တရားဝင် ဝက်ဘ်ဆိုက်နှင့် ကြိုးမဲ့ အင်တာနက်စနစ် (ဝိုင်ဖိုင်) အသုံးပြုနိုင်မည့် နေရာများအတွက် ကျပ်သိန်း ငါးထောင်ခန့် အသုံးပြုခဲ့ရကြောင်း Red Link ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။
          ယင်းပြိုင်ပွဲအတွက် တရားဝင် လုပ်ကိုင်ခွင့် ရရှိထားသည့် Red Link ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၊ သုဝဏ္ဏ အားကစားရုံ၊ MCC ခန်းမ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း၊ သိမ်ဖြူ အားကစားကွင်းနှင့် ငွေဆောင်ကမ်းခြေတို့တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
          ယင်းအပြင် ပြိုင်ပွဲကျင်းပပုံများ၊ ပြိုင်ပွဲရလဒ်များ၊ SEA Games ပြိုင်ပွဲနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ထုတ်လွှင့်ပေးမည့် ဝက်ဘ်ဆိုက်ကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့က စတင်ထုတ်လွှင့်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
          အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး ကော်မတီက SEA Games ပြိုင်ပွဲနှင့် သက်ဆိုင်သည့် သတင်းများ၊ SEA Games အကြို အားကစားပြိုင်ပွဲ သတင်းအချက်အလက်များကို www.27seagames2013.com တွင် ဖော်ပြပေးလျက် ရှိသည်။
          ယင်းအားကစားပြိုင်ပွဲ၏ သတင်းအချက်အလက်များကို မိုဘိုင်းလ်ဖုန်း များမှလည်း ကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိရာ နိုဝင်ဘာ နောက်ဆုံးပတ်မှ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း Red Link ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောဆိုသည်။

          ဆုပ်လုံး လျက်နှုန်း


          ဆုပ်လုံး လျက်နှုန်း




          အနောက်တိုင်းက သုတေသန ကျောင်းသားတို့ ပေါက်ပေါက်ရှာရှာ လေ့လာ ဆန်းစစ်ပြီး တွေ့ရှိထားတဲ့ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။

          ယင်း အချက်ရ ချိုချဉ် ဆုပ်လုံး ( လော်လီပေါ့ ) ( tootsie roll tootsie pop ) တစ်လုံးကို အလည် အရိုးအထိ ရောက်အောင် အရွယ်ရပြီး လူ တစ်ယောက် လျှာနဲ့ လျက်ရင် အကြိမ်ပေါင်း ၅၀၀ ကျော်ပါတယ်။ အကြိမ်ပေါင်း ၅၀၀ ကျော်ဆိုတာ ပတ်ပတ်လည် လျက်ခြင်း ဖြစ်ပြီး ဘေး တစ်ဘက်တည်းကိုပဲ ဆက်တိုက် လျက်မယ်ဆိုရင် ၂၅၀ ကြိမ် လျက်ရ မှာ ဖြစ်ပါတယ်။ ဒါကလည်း ပျမ်းမျှ တွက်ချက် ထားခြင်းပါ။

          ပုံမှန်အားဖြင့် Tootsie pop တစ်လုံး လျက်လို့ အလယ်စင်တာ ရောက်ဖို့ ဆိုတာ လျှာ အရွယ်အစား၊ လျှာရည်၊ လျှာရည် အပူချိန်၊ ဖိအား အစရှိသဖြင့် တွက်ချက်စရာ အချက်တွေ အများကြီးပါ။ သို့သော် ပျမ်းမျှ အားဖြင့် Tootsie pop တစ်လုံး ကို အလယ်ရောက်ဖို့ တစ်ဖက်တည်းကနေ လျက်ဖို့အတွက် အကြိမ် ၂၅၀ ပျမ်းမျှ လျက်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
          .
          Ref: todyfounout

          Aung Kham ( International news for myanmar )

          အေးချမ်းမွန် Credit To >International news for myanmar https://www.facebook.com/excellencemedia
          Photo: ဆုပ်လုံး လျက်နှုန်း  အနောက်တိုင်းက သုတေသန ကျောင်းသားတို့ ပေါက်ပေါက်ရှာရှာ လေ့လာ ဆန်းစစ်ပြီး တွေ့ရှိထားတဲ့ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။  ယင်း အချက်ရ ချိုချဉ် ဆုပ်လုံး ( လော်လီပေါ့ ) ( tootsie roll tootsie pop ) တစ်လုံးကို အလည် အရိုးအထိ ရောက်အောင် အရွယ်ရပြီး လူ တစ်ယောက် လျှာနဲ့ လျက်ရင် အကြိမ်ပေါင်း ၅၀၀ ကျော်ပါတယ်။ အကြိမ်ပေါင်း ၅၀၀ ကျော်ဆိုတာ ပတ်ပတ်လည် လျက်ခြင်း ဖြစ်ပြီး ဘေး တစ်ဘက်တည်းကိုပဲ ဆက်တိုက် လျက်မယ်ဆိုရင် ၂၅၀ ကြိမ် လျက်ရ မှာ ဖြစ်ပါတယ်။ ဒါကလည်း ပျမ်းမျှ တွက်ချက် ထားခြင်းပါ။  ပုံမှန်အားဖြင့် Tootsie pop တစ်လုံး လျက်လို့ အလယ်စင်တာ ရောက်ဖို့ ဆိုတာ လျှာ အရွယ်အစား၊ လျှာရည်၊ လျှာရည် အပူချိန်၊ ဖိအား အစရှိသဖြင့် တွက်ချက်စရာ အချက်တွေ အများကြီးပါ။ သို့သော် ပျမ်းမျှ အားဖြင့် Tootsie pop တစ်လုံး ကို အလယ်ရောက်ဖို့ တစ်ဖက်တည်းကနေ လျက်ဖို့အတွက် အကြိမ် ၂၅၀ ပျမ်းမျှ လျက်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ . Ref: todyfounout  Aung Kham ( International news for myanmar )  အေးချမ်းမွန် Credit To >International news for myanmar <Thanks https://www.facebook.com/excellencemedia

          ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကြားဖြတ်ထောက်လှမ်း


          ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကြားဖြတ်ထောက်လှမ်း သည့် နေရာ တစ်ခုဖြစ်ကြောင်း စနိုးဒင်ဖွင့်ချ



          ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။

          ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန်အမျိုးသား လုံခြုံရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့် သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ(NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

          ထိုကဲ့သို့သော စခန်းများသည် တယ်လီ ဖုန်းဆက်သွယ်မှုများ၊ အီးမေးလ်ဆက်သွယ်မှုများနှင့် အခြားအီ လက်ထ ရောနစ် ဆက်သွယ်မှုများကို ကြားဖြတ်ထောက်လှမ်းမှုများ ကို ပြုလုပ်ကြောင်း၊ ကမ္ဘာတစ်ဝှန်းတွင် အလားတူ စခန်းပေါင်း ၉၀ ရှိပြီး စခန်း ၇၄ ခုတွင် သတ်မှတ်ဝန်ထမ်းများခန့်အပ်ထားကာ အဝေးထိန်းစနစ်ဖြင့် ထောက်လှမ်းသည့်နေရာ ၁၄ ခုနှင့် နည်း ပညာပိုင်းဆိုင်ရာပံ့ပိုးပေးမည့် စခန်း ၂ ခုလည်း ပါဝင်ကြောင်း သိရသည်။ကြားဖြတ်ထောက်လှမ်းသည့်ကိစ္စကို သိရှိခြင်းမရှိသည့်အတွက် မှတ်ချက်ပေးစရာမရှိကြောင်း နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကဆိုသည်။အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက်ကြားသည့် အချက်လက်များတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏မဟာမိတ်နိုင်ငံများမှ အကြီးအကဲများ၏ ဖုန်းများကိုလည်း ကြားဖြတ်နားထောင်ခဲ့ကြောင်း ပါဝင်ခဲ့သဖြင့် လွန်ခဲ့သည့်တစ်လမှစ၍ အကြီးအကျယ် ဝေဖန်ခံနေရသည်။

           မြန်မာပြည်သူတို့ထံမှ အချက်အလက်များ ကြားဖြတ်ဖမ်းယူမှုအတွက် လူထု့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသလို မည်သည့် ဆန္ဒပြအဖွဲ့များကမှလည်း အမေရိကန်သံရုံးကို ဆန္ဒပြကြခြင်း မရှိသေးပေ။