SEA Games ဝက်ဘ်ဆိုက်နှင့် ဝိုင်ဖိုင်ထုတ်လွှင့်မှု ကျပ်သိန်းငါးထောင် အသုံးပြုခဲ့ဟုဆို
By ADMINISTRATOR - Fri Nov 01, 4:01 pm
ရန်ကုန်၊ အောက်တိုဘာ ၃၁
ယင်းပြိုင်ပွဲအတွက် တရားဝင် လုပ်ကိုင်ခွင့် ရရှိထားသည့် Red Link ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၊ သုဝဏ္ဏ အားကစားရုံ၊ MCC ခန်းမ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း၊ သိမ်ဖြူ အားကစားကွင်းနှင့် ငွေဆောင်ကမ်းခြေတို့တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် ပြိုင်ပွဲကျင်းပပုံများ၊ ပြိုင်ပွဲရလဒ်များ၊ SEA Games ပြိုင်ပွဲနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ထုတ်လွှင့်ပေးမည့် ဝက်ဘ်ဆိုက်ကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့က စတင်ထုတ်လွှင့်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး ကော်မတီက SEA Games ပြိုင်ပွဲနှင့် သက်ဆိုင်သည့် သတင်းများ၊ SEA Games အကြို အားကစားပြိုင်ပွဲ သတင်းအချက်အလက်များကို www.27seagames2013.com တွင် ဖော်ပြပေးလျက် ရှိသည်။
ယင်းအားကစားပြိုင်ပွဲ၏ သတင်းအချက်အလက်များကို မိုဘိုင်းလ်ဖုန်း များမှလည်း ကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိရာ နိုဝင်ဘာ နောက်ဆုံးပတ်မှ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း Red Link ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောဆိုသည်။
No comments:
Post a Comment