ဆိုးလ် နိုဝင်ဘာ ၂ဝ
တောင်ကိုရီးယား နိုင်ငံသည် မြောက်ကိုရီးယား၏ ရန်စကျူးကျော် လာဖွယ်ရှိမှုများကို ပြန်လည် တုံ့ပြန်နိုင်ရေး စွမ်းရည်မြှင့်တင်ရန် လွန်ခဲ့သော သုံးနှစ်ကျော်အတွင်း မြောက်ကိုရီးယားနှင့်
ထိစပ်နေသော အနောက်ပိုင်းပင်လယ်ပြင် နယ်စပ်အနီးတွင် ၎င်း၏ပစ်ခတ်မှု စွမ်းအားကို တိုးမြှင့်ချထားခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ များက ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ မြောက်ကိုရီးယားက ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၂၃ ရက်တွင် ယွန်ဗြောင်းကျွန်းအား အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အငြင်းပွားရာ အနောက်ပိုင်း ပင်လယ်ပြင်နယ်စပ် တစ်လျှောက်ရှိ ကျွန်း ၆ ကျွန်းတွင် တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၁၂ဝဝ ခန့်ကို တပ်ဖြန့် ချထားခဲ့သည်။
မြောက်ကိုရီးယား၏ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ရန် လွန်ခဲ့သော သုံးနှစ်ကျော်က တပ်ဖြန့်ချထားခဲ့သည့် အကွာအဝေး ၄ဝ ကီလိုမီတာ ရောက်ရှိသော K-9 ယာဉ်တင် ဟောင်ဝစ်ဇာအမြောက် အရေအတွက်ကို နှစ်ဆတိုးမြှင့် ချထားခဲ့သည်။ တိုးမြှင့်တပ်ဖြန့် ချထားခဲ့သော စစ်လက်နက်များမှာ ဒုံးပစ်လောင်ချာ အမျိုးမျိုး၊ အမြောက် တည်နေရာ ထောက်လှမ်းရေး ရေဒါ (ART-HUR) ၊ Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် K-10 ခဲယမ်း ဖြည့်တင်းရေးယာဉ်တို့ ဖြစ်သည်။ မြောက်ကိုရီးယား အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် အကွာအဝေး ၂ဝ ကီလိုမီတာ ရောက်ရှိသော Spike ဒုံးကျည်များကို ၂ဝ၁၃ ခုနှစ် မေလတွင် တပ်ဖြန့်ချ ထားခဲ့ပြီးဖြစ်ရာ ၎င်းဒုံးကျည်များသည် ဖုံးကွယ်ထားသော မြောက်ကိုရီးယား၏ အမြောက်များအား တိုက်ခိုက် နိုင်စွမ်းရှိသည်။
No comments:
Post a Comment