Wednesday, November 20, 2013

စွယ်စုံရ အနုပညာရှင် ထပ်ဆင့် အကယ်ဒမီ ဦးဝင်းဦး(၁၉၃၅-၁၉၈၈)


စွယ်စုံရ အနုပညာရှင် ထပ်ဆင့် အကယ်ဒမီ ဦးဝင်းဦး(၁၉၃၅-၁၉၈၈)

Wednesday, 20 November 2013

ဦးဝင်းဦးသည် နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင် အဖြစ်နှင့်သာမက တပ်မတော် အရာရှိ ဗိုလ်ကြီး အဆင့်ဖြင့်လည်း နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့သော ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် တစ်ခေတ်တစ်ခါက နိုင်ငံကျော်ခဲ့ပါသည်။ အနုပညာမျိုးရိုးဗီဇ ပါခဲ့သူ ဦးဝင်းဦးကို အဖ ဦးဘညွန့် (ချစ်ဒုက္ခ) နှင့်အမိ ဒေါ်ခင်နှင်းရီတို့မှ ရန်ကုန်မြို့တွင် သက္ကရာဇ် ၁၉၃၅ ခုနှစ် မတ်လ ၁၃ ရက်တွင် မွေးဖွားခဲ့ပါသည်။ ကျောင်းနေစဉ် ကျောင်းသား ဘဝ၌ သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝ မဂ္ဂဇင်းတို့တွင် ကလောင်အမည် ''ညိုမင်းလွင်'' ဖြင့် ကဗျာ၊ဝတ္ထုများကို ရေးသားခဲ့ပါသည်။ ပထမဦးစွာ ရေးသားခဲ့သော ဝတ္ထုမှာ ''ဂျိမ်း'' ဖြစ်ပါသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ရှုမဝမဂ္ဂဇင်း၌ ''တက္ကသိုလ် ကျောင်းသားတစ်ဦး'' ဝတ္ထုရှည်ကို ရေးသားခဲ့သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်များကို ငယ်နာမည် ''ကိုဦး'' ကို ကိုယ်စားပြု၍ ''ဝင်းဦး'' အမည်ဖြင့် ရေးသားခဲ့သည်။ အနုပညာလောကသို့လည်း ''ဝင်းဦး'' ဟူသော အမည်နှင့်ပင်ဝင် ရောက်ခဲ့ရာ မြန်မာ့အနုပညာ သမိုင်းတွင် ထူးချွန်သော မင်းသား၊ ဒါရိုက်တာ၊ ဇာတ်ညွန်းဆရာ၊ အဆိုတော် အဖြစ်ပါ ထင်ရှားခဲ့ပြီး စာပေ ရေးသားရာ၌လည်း အလွန်ထူးခြားသော စာရေးဆရာအဖြစ် နာမည် ကြီးခဲ့ပါသည်။ မိမိကိုယ်တိုင် စာပေများကို ရေးသားရုံသာမက မဂ္ဂဇင်းစာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါသည်။ ဦးဝင်းဦး၏ ကိုယ်ပိုင်လုပ် ငန်းဖြစ်သော စန္ဒာရုပ်ရှင်နှင့် စန္ဒာ မဂ္ဂဇင်းမှာ အနုပညာနယ်၊ စာပေနယ်တွင် စန်းပွင့်ခဲ့ပါသည်။ ဦးဝင်းဦး၏ အနုပညာရှင် သရုပ်ဆောင် မင်းသားဘဝ ပထမပွဲဦး ထွက်ပါဝင်ခဲ့သော ရုပ်ရှင်ကားမှာ ''နှစ်ယောက်ထဲ နေချင်တယ်'' ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ကိုယ်တိုင် ရေးသားခဲ့သော ''နှစ်ယောက်ထဲ နေချင်တယ်'' ဝတ္ထုသည် ရှုမဝ မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး ထိုဝတ္ထုရှည်ကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့ကာ ထိုဇာတ်ကားအတွက် ဇာတ်ဝင်တေးအဖြစ် ကိုယ်တိုင်သီဆိုခဲ့သော ''မီးပုံပွဲ'' တေးသီချင်းသည် မြန်မာနိုင်ငံတစ်ဝန်းသို့ လွှမ်းခြုံကာ လူကြိုက်များ ခဲ့ပါသည်။ ထိုဇာတ်ကား၊ ထိုသီချင်းဖြင့် အနုပညာနယ်တွင် မင်းသား ''ဝင်းဦး'' အဖြစ် နာမည်ရသွား ခဲ့ပါသည်။

သရုပ်ဆောင် မင်းသားအဖြစ် နာမည်ကြီးခဲ့သော ဦးဝင်းဦးသည် သူကိုယ်တိုင် ရေးသားသည့် ဝတ္ထုအား သူ၏ကိုယ်ပိုင် ကုမ္ပဏီဖြစ်သော စန္ဒာရုပ်ရှင်ကို တည်ထောင်၍ ကိုယ်တိုင် ဒါရိုက်တာ လုပ်ကာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သော ''ဆောင်းအိပ်မက်'' ရုပ်ရှင် ဇာတ်ကားကြီးသည် အလွန် ကောင်းမွန်သော အတွေးအခေါ်များဖြင့် အံ့မခန်း ကြည့်ရှုခဲ့ရပြီး ရုပ်ရှင်ကြည့် ပရိသတ် နှုတ်ဖျားတွင် တသသဖြစ်ခဲ့ရကာ ထိုဇာတ်ကားဖြင့် ပထမအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါသည်။ ဆက်လက်၍ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဇာတ်ညွှန်းခွဲကာ ကိုယ်တိုင် ဒါရိုက်တာ လုပ်၊ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သော ''မှုံရွှေရည်'' ဇာတ်ကားဖြင့် ၁၉၇ဝ ပြည့်နှစ် အတွက် ဒုတိယအကြိမ် အကယ်ဒမီ ရွှေစင်ရုပ်တုကို ရရှိခဲ့ပြန်ပါသည်။ စာပေနယ်အတွက်လည်း ကမ္ဘာ့ရုပ်ရှင်၊ မြန်မာ့ရုပ်ရှင် အကြောင်းများကို သုတ၊ ရသ ပြောင်မြောက်စွာ ဖတ်ရှုနိုင်ရန် ရေးသားခဲ့ပါသည်။ ထိုအချိန် စာပေနယ်တွင် ''ခင်မောင်ဝင့်'' ဟူသော ကလောင်အမည်ဖြင့် များစွာသော ''စာ''များကို ဖန်တီးခဲ့ပါသည်။ ကလောင်စုံ ပါဝင်ရေးသားနိုင်ရန် ထုတ်ဝေခဲ့သော ''စန္ဒာမဂ္ဂဇင်း'' သည်လည်း စာဖတ်သူများအကြိုက် ဖြစ်ခဲ့သော နာမည်ကြီး မဂ္ဂဇင်းဖြစ်ရန် ကြိုးစားခဲ့သူမှာလည်း ဦးဝင်းဦးပင် ဖြစ်ပါသည်။ တိုင်းကျိုးပြည်ကျိုး၊ အနုပညာ အကျိုးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားခဲ့သော ဦးဝင်းဦးသည် ဂီတလောကတွင်လည်း ထူးချွန်သော အသံရှင်အဖြစ် တေးသီချင်းများစွာကို သီဆိုခဲ့ပါသည်။

စာပေနယ်တွင် ''မိန်းမလှအမုန်း''ဝတ္ထုဖြင့် နာမည်ကြီးခဲ့ပြီး အနုပညာရှင် အဆိုကျော်အဖြစ် ''မီးပုံပွဲ''၊ ''မှုံရွှေရည်'' သီချင်းများဖြင့် အထင်ကရ နာမည်ကြီးခဲ့သလို ရုပ်ရှင်ဇာတ်ကား အတော်များများဖြင့် သူ့ခေတ်သူ့အခါကို ထိန်းသိမ်း နိုင်ခဲ့သော စွယ်စုံရ အနုပညာရှင် ဦးဝင်းဦးလို ပုဂ္ဂိုလ်မျိုး မြန်မာမှု အနုပညာတွင် များစွာပေါ်ထွန်းရန် လိုပါသည်။ ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင် ဦးဝင်းဦးသည် လူတို့ ရှောင်လွှဲမရသော သေခြင်းတရား၏ ခေါ်ဆောင်မှုအဖြစ် သက္ကရာဇ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာမှု အနုပညာနယ်၊ စာပေနယ်၊ လူ့ဘဝဇာတ်ခုံ အလယ်မှ ကျော်လွှားကာ တမ လွန်ဘဝသို့ ကူးပြောင်းသွားခဲ့ပါသည်။ လူသေသော်လည်း နာမည် မသေသေးသော၊ နိုင်ငံကျော် စွယ်စုံရ အနုပညာရှင်ဖြစ်သော ဦးဝင်းဦး၏ ရုပ်ရှင်ဇာတ်ကားများ၊ တေး သံသာများနှင့် ရေးခဲ့ပြီးသော စာအုပ်စာပေများကို သူချစ်သော၊ သူကချစ်သော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများထံ ကျန်ရစ်နေပါသည်။ တငွေ့ငွေ့နှင့် ပျံ့လွင့်နေဦးမှာ သေချာနေပါသည်။

http://www.myawady.net.mm/stories/storiesforall/item/30707-2013-11-20-09-29-12
စွယ်စုံရ အနုပညာရှင် ထပ်ဆင့် အကယ်ဒမီ ဦးဝင်းဦး(၁၉၃၅-၁၉၈၈)  Wednesday, 20 November 2013  ဦးဝင်းဦးသည် နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင် အဖြစ်နှင့်သာမက တပ်မတော် အရာရှိ ဗိုလ်ကြီး အဆင့်ဖြင့်လည်း နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့သော ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် တစ်ခေတ်တစ်ခါက နိုင်ငံကျော်ခဲ့ပါသည်။ အနုပညာမျိုးရိုးဗီဇ ပါခဲ့သူ ဦးဝင်းဦးကို အဖ ဦးဘညွန့် (ချစ်ဒုက္ခ) နှင့်အမိ ဒေါ်ခင်နှင်းရီတို့မှ ရန်ကုန်မြို့တွင် သက္ကရာဇ် ၁၉၃၅ ခုနှစ် မတ်လ ၁၃ ရက်တွင် မွေးဖွားခဲ့ပါသည်။ ကျောင်းနေစဉ် ကျောင်းသား ဘဝ၌ သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝ မဂ္ဂဇင်းတို့တွင် ကလောင်အမည် ''ညိုမင်းလွင်'' ဖြင့် ကဗျာ၊ဝတ္ထုများကို ရေးသားခဲ့ပါသည်။ ပထမဦးစွာ ရေးသားခဲ့သော ဝတ္ထုမှာ ''ဂျိမ်း'' ဖြစ်ပါသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ရှုမဝမဂ္ဂဇင်း၌  ''တက္ကသိုလ် ကျောင်းသားတစ်ဦး'' ဝတ္ထုရှည်ကို ရေးသားခဲ့သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်များကို ငယ်နာမည် ''ကိုဦး'' ကို ကိုယ်စားပြု၍ ''ဝင်းဦး'' အမည်ဖြင့် ရေးသားခဲ့သည်။ အနုပညာလောကသို့လည်း ''ဝင်းဦး''  ဟူသော အမည်နှင့်ပင်ဝင် ရောက်ခဲ့ရာ   မြန်မာ့အနုပညာ သမိုင်းတွင် ထူးချွန်သော မင်းသား၊ ဒါရိုက်တာ၊ ဇာတ်ညွန်းဆရာ၊ အဆိုတော် အဖြစ်ပါ ထင်ရှားခဲ့ပြီး စာပေ ရေးသားရာ၌လည်း အလွန်ထူးခြားသော စာရေးဆရာအဖြစ် နာမည် ကြီးခဲ့ပါသည်။ မိမိကိုယ်တိုင် စာပေများကို ရေးသားရုံသာမက မဂ္ဂဇင်းစာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါသည်။ ဦးဝင်းဦး၏ ကိုယ်ပိုင်လုပ် ငန်းဖြစ်သော စန္ဒာရုပ်ရှင်နှင့် စန္ဒာ မဂ္ဂဇင်းမှာ အနုပညာနယ်၊ စာပေနယ်တွင် စန်းပွင့်ခဲ့ပါသည်။ ဦးဝင်းဦး၏ အနုပညာရှင် သရုပ်ဆောင် မင်းသားဘဝ ပထမပွဲဦး ထွက်ပါဝင်ခဲ့သော ရုပ်ရှင်ကားမှာ ''နှစ်ယောက်ထဲ နေချင်တယ်'' ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ကိုယ်တိုင် ရေးသားခဲ့သော ''နှစ်ယောက်ထဲ နေချင်တယ်''  ဝတ္ထုသည် ရှုမဝ မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး ထိုဝတ္ထုရှည်ကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့ကာ ထိုဇာတ်ကားအတွက် ဇာတ်ဝင်တေးအဖြစ် ကိုယ်တိုင်သီဆိုခဲ့သော ''မီးပုံပွဲ'' တေးသီချင်းသည် မြန်မာနိုင်ငံတစ်ဝန်းသို့ လွှမ်းခြုံကာ လူကြိုက်များ ခဲ့ပါသည်။ ထိုဇာတ်ကား၊ ထိုသီချင်းဖြင့် အနုပညာနယ်တွင် မင်းသား ''ဝင်းဦး'' အဖြစ် နာမည်ရသွား ခဲ့ပါသည်။  သရုပ်ဆောင် မင်းသားအဖြစ် နာမည်ကြီးခဲ့သော ဦးဝင်းဦးသည် သူကိုယ်တိုင် ရေးသားသည့် ဝတ္ထုအား သူ၏ကိုယ်ပိုင် ကုမ္ပဏီဖြစ်သော စန္ဒာရုပ်ရှင်ကို တည်ထောင်၍ ကိုယ်တိုင် ဒါရိုက်တာ လုပ်ကာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သော ''ဆောင်းအိပ်မက်'' ရုပ်ရှင် ဇာတ်ကားကြီးသည် အလွန် ကောင်းမွန်သော အတွေးအခေါ်များဖြင့် အံ့မခန်း ကြည့်ရှုခဲ့ရပြီး ရုပ်ရှင်ကြည့် ပရိသတ် နှုတ်ဖျားတွင် တသသဖြစ်ခဲ့ရကာ ထိုဇာတ်ကားဖြင့် ပထမအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါသည်။ ဆက်လက်၍ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဇာတ်ညွှန်းခွဲကာ ကိုယ်တိုင် ဒါရိုက်တာ လုပ်၊ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သော ''မှုံရွှေရည်'' ဇာတ်ကားဖြင့် ၁၉၇ဝ ပြည့်နှစ် အတွက် ဒုတိယအကြိမ် အကယ်ဒမီ ရွှေစင်ရုပ်တုကို ရရှိခဲ့ပြန်ပါသည်။ စာပေနယ်အတွက်လည်း ကမ္ဘာ့ရုပ်ရှင်၊ မြန်မာ့ရုပ်ရှင် အကြောင်းများကို သုတ၊ ရသ ပြောင်မြောက်စွာ ဖတ်ရှုနိုင်ရန် ရေးသားခဲ့ပါသည်။ ထိုအချိန် စာပေနယ်တွင် ''ခင်မောင်ဝင့်'' ဟူသော ကလောင်အမည်ဖြင့် များစွာသော ''စာ''များကို ဖန်တီးခဲ့ပါသည်။ ကလောင်စုံ ပါဝင်ရေးသားနိုင်ရန် ထုတ်ဝေခဲ့သော ''စန္ဒာမဂ္ဂဇင်း'' သည်လည်း စာဖတ်သူများအကြိုက် ဖြစ်ခဲ့သော နာမည်ကြီး မဂ္ဂဇင်းဖြစ်ရန် ကြိုးစားခဲ့သူမှာလည်း ဦးဝင်းဦးပင် ဖြစ်ပါသည်။ တိုင်းကျိုးပြည်ကျိုး၊ အနုပညာ အကျိုးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားခဲ့သော ဦးဝင်းဦးသည် ဂီတလောကတွင်လည်း ထူးချွန်သော အသံရှင်အဖြစ် တေးသီချင်းများစွာကို သီဆိုခဲ့ပါသည်။  စာပေနယ်တွင် ''မိန်းမလှအမုန်း''ဝတ္ထုဖြင့် နာမည်ကြီးခဲ့ပြီး အနုပညာရှင် အဆိုကျော်အဖြစ် ''မီးပုံပွဲ''၊ ''မှုံရွှေရည်'' သီချင်းများဖြင့် အထင်ကရ နာမည်ကြီးခဲ့သလို ရုပ်ရှင်ဇာတ်ကား အတော်များများဖြင့် သူ့ခေတ်သူ့အခါကို ထိန်းသိမ်း နိုင်ခဲ့သော စွယ်စုံရ အနုပညာရှင် ဦးဝင်းဦးလို ပုဂ္ဂိုလ်မျိုး မြန်မာမှု အနုပညာတွင် များစွာပေါ်ထွန်းရန် လိုပါသည်။ ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင် ဦးဝင်းဦးသည်  လူတို့ ရှောင်လွှဲမရသော သေခြင်းတရား၏ ခေါ်ဆောင်မှုအဖြစ် သက္ကရာဇ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာမှု အနုပညာနယ်၊ စာပေနယ်၊ လူ့ဘဝဇာတ်ခုံ အလယ်မှ ကျော်လွှားကာ တမ လွန်ဘဝသို့ ကူးပြောင်းသွားခဲ့ပါသည်။ လူသေသော်လည်း နာမည် မသေသေးသော၊ နိုင်ငံကျော် စွယ်စုံရ အနုပညာရှင်ဖြစ်သော ဦးဝင်းဦး၏ ရုပ်ရှင်ဇာတ်ကားများ၊ တေး သံသာများနှင့် ရေးခဲ့ပြီးသော စာအုပ်စာပေများကို သူချစ်သော၊ သူကချစ်သော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများထံ ကျန်ရစ်နေပါသည်။ တငွေ့ငွေ့နှင့် ပျံ့လွင့်နေဦးမှာ သေချာနေပါသည်။     http://www.myawady.net.mm/stories/storiesforall/item/30707-2013-11-20-09-29-12

No comments:

Post a Comment