လူတိုင်း အတွက် အချိုမှုန့် အန္တရာယ်
လူအများ အချိုမှုန့် ပါဝင်သော အစား အသောက် များ စားပြီး အချိုမှုန့် ၏ ဆိုးကျိုး များ ကို ခံစား ဖူး ကြမည် ထင်ပါသည်။ ၄င်းဆိုး ကျိုးများတွင် ခေါင်းကိုက် ခြင်း၊ မူးဝေခြင်း၊
ပျို့အန် ခြင်း၊ ရင်ကျပ် ခြင်း ( အထူး သဖြင့် ရင်ကျပ် အခံ ရှိသော လူများ တွင် )၊ ရင်ဘတ် အော င့်ခြင်း၊ နုံးချည့် ခြင်း၊ မျက်နှာ နှင့် ဦးခေါင်းပိုင်း တွင် ကုပ်ပိုး ၌ ပူလောင် ခြင်း၊ ထုံကျဉ် ခြင်း၊ သွေး တိုး ခြင်း နှင့် အချို့တွင် သွေးပေါင် ကျခြင်း ( နှလုံးခုန် မမှန်၍ ) များ ပါဝင် ကြောင်း သုတေ သ န ပြု ချက် များ အရ သိရှိပြီး ဖြစ်ပါသည်။ ၄င်း ဆိုးကျိုးများ သည် တစ်ခါ တစ်ရံ အချို့ လူများ တွင် အလွန် ဆိုးရွား နိုင်ပြီး အသက် သေဆုံး သည် အထိ ဖြစ်နိုင် ကြောင်း သိရှိပြီး ဖြစ်ပါသည်။
သို့အတွက် ကြောင့် လည်း အချို့သော စားသောက် ဆိုင် များနှင့် အစား အစာ ထုတ်လုပ် သူ များ သည် အချိုမှုန့် အစား သဘာဝ ဟင်းခတ် မှုန့်များ ကို ပြောင်းလဲ သုံးစွဲ ကြသော် လည်း စားသောက် ဆိုင် အများစု နှင့် အစား အစာ ထုတ်လုပ် သူ အများစု တို့သည် အရသာ ပိုကောင်း ပြီး စွဲမက် စေသော အန္တရာယ် များ သည့် အချိုမှုန့် သို့မဟုတ် အချို မှုန့် ပါဝင်သော အခြား နာမည် နှင့် ဟင်းခတ် ပစ္စည်း များ ကို အသုံးပြု ၍ လူအများ ကို လှည့်စား ကာ အသုံး ပြုနေ ကြဆဲ ဖြစ်ပါသည်။ အချိုမှုန့် ၏ ဆိုးကျိုး များ ကို လူ အများ ခံစား ရမှု များလည်း တစ်ဦးနှင့် တစ်ဦး ကွာခြား လှ ပေသည်။ အချို့ သည် စားပြီး မကြာမီ ပင် ခံစားရပြီး အချို့ မှာ နာရီပေါင်း များစွာ ကြာမှ ခံစားရ ပေသည်။ အချို့ တွင် ပြင်းထန်ပြီး အချို့တွင် မဆို သလောက် သာ ခံစားရ သဖြင့် အချိုမှုန့် ကြောင့် ဖြစ်သော ဆိုးကျိုး များ ဟု သိရှိ ရန် ခက်ခဲ မည် ဖြစ်သည်။
အများ ဆုံး သိရှိမှုမှာ တရုတ် စားသောက် ဆိုင်မှ အပြန် တွင် ရေငတ် ခြင်း၊ သွေးလန့် ခြင်း ၊ ခေါင်း ကိုက် ခြင်း၊ မူးဝေ အော့အန် ခြင်း တို့သာ ဖြစ်ပါ သည်။ အမှန် မှာ အချိုမုန့် သည် တရုတ် စားေ သာက် ဆိုင်မှ အစား အသောက် များ တွင်သာ ပါဝင် ခြင်း မဟုတ်ဘဲ လူအများ စားသုံး နေသော အသင့် ပြင်ဆင်ပြီး အစာများ ( Fast Food ), ( Prepared Foods ) ၊ စည်သွတ် ဘူးများ ( Canned Food ) စသော စားသောက် ဖွယ်ရာ မျိုးစုံ တွင် အချိုမှုန့် ဟူ ၍ တစ်မျိုး၊ အခြား အမည် များသုံး ၍ တစ်မျိုး လူ အများ အား လှည့်စား ၍ ပါဝင် နေသည် ကို တွေ့ရှိ ရပေ သည်။ အချိုမှုန့် သည် အခြား ဟင်းခတ် မှုန့် အသွင် ဖြင့် လူအများ မသိ ရှိအောင် ပါဝင် နေနိုင် သည်။ ဥပမာ အသားမှုန့် များ ( ကြက်သား၊ ၀က်သား၊ အမဲ ဟင်းခတ် မှုန့်များ )၊ ပဲ ငံပြာ ရည်များ ( Soy Sauce )၊ တဆေး ( Yeast and Yeast extracts )၊ မုယော စပါး ( Malt )၊ နို့ကြက် တက်ရည် ( Whey ) အစ ရှိသော ဟင်းခတ်မှုန့် ဟင်းခတ် အမည် မြောက် များစွာ တွင် ပါဝင် နေပြီး ဆိုးကျိုး များကို သက်ရောက် စေနိုင် ပါသည်။ သို့ကြောင့် လည်း အချိုမှုန့် ပါဝင် ပတ် သက် နေသော အစား အစာ များ သည် လွန်စွာ များပြား လှကာ စားသောက် ဆိုင်အ များစု မှ အစားအစာ၊ လူ အများ အသင့် စား သုံးရန် ပြင်ဆင်ပြီး အစားအစာ ( Ready Made, Fast Food ) Prepared Foods များ၊ေ ကျာင်း နှင့် လမ်းဆုံ လမ်းမ ပေါ်တွင် ရောင်းသော အစား အစာနှင့် အဆိုးရွား ဆုံးမှာ မွေးစ ကလေး ငယ် များအား တိုက်ကျွေး ရန် ရောင်း ချနေသော Infant Formula များ တွင် ပါဝင်ေ နခြင်း များပင် ဖြစ်ပါ သည်။
ဤ ဟင်းခတ်မှုန့် များ ၏ ဆိုးကျိုးများ Dr John Olney နှင့် Dr Russel Blaylock တို့ နှစ်ဦး က စနစ် တကျ လေ့လာမှု များ ပြုလုပ် ခဲ့ပြီး Dr Blayloch က ဟင်းခတ်မှုန့် ( အချိုမှုန့် ) များကို Exitotoxins လှုံ့ဆော် နေသော အဆိပ် များ၊ The Taste that Kills "အရသာ ဖြင့် သတ်နေ သော ပစ္စည်း များ" ဟူ၍ ကင်ပွန်း တပ်ပြီး စာအုပ် တစ်အုပ် ပင် ထုတ်ဝေ ခဲ့ပါသည်။ အချိုမှုန့် ၏ ဆိုးကျိုး များ အမေရိကန် အစာနှင့် ဆေးဝါး မှ အချိုမှုန့် ကို ၁၉၅၀ ပြည့်နှစ်မှ စ၍ ခွင့်ပြု ခဲ့ပါ သည်။ ၄င်းေ နာ က်ပိုင်း တွင် မြောက်မြား လှ စွာသော ကမ္ဘာ အနှံ့မှ ပညာရှင် များ ၏ သုတေသန ရလဒ်များ က အချိုမှုန့် ၏ အန္တရာယ် ကို ဖော်ပြ ခဲ့ပါသည်။ Dr Russel Blaylock က နှလုံးခုန် မမှန် ၍ ရုတ်ခြ ည်း နှလုံး ရပ်ဆိုင်း ခြင်း နှင့် အချိုမှုန့် များ ဆက်သွယ် မှု၊ အထူး သဖြင့် အား ကစား သမား များ တွင် မဂ္ဂနီ ဆီယမ် ဓာတ် လိုအပ် နေသော အချိန်တွင် အချိုမှုန့် ၏ လှုံ့ ဆော်မှု ကြောင့် နှလုံးခုန် မမှန်မှု များ ဖြစ်ပေါ် လာနိုင်ပြီး ချက်ချင်း သေဆုံး သွားနိုင် ကြောင်း ရေးသား တင်ပြ ခဲ့သည်။
Pat Robertson မှ လည်း ၄င်း ဟင်းခတ်မှုန့် ( အချိုမှုန့်  ) များ ကို Silent Killer "အသံတိတ် သတ်နေ သူများ" ဟူ၍ အမည် တပ်ထား သည်ကို သတိချပ် စေ လိုသည်။ အခြား အန္တရာယ် တစ်ခု မှာ အဝလွန် ခြင်း ဖြစ်ပါသည်။ အထူး သဖြင့် အန္တရာယ် များ သော ဝမ်းဗိုက် တွင်း အဆီကို များစေ ပြီး ၄င်း အဆီများ ခြင်း နှင့် ပတ်သက် သော သွေးတိုး၊ ဆီးချို၊ သွေးလွှတ် ကြောများ ကျဉ်းမြောင်း ခြင်း ရောဂါ၊ နှလုံး ရောဂါ များ နှင့် ဆက်စပ် လျက် ရှိကြောင်း၊ ဦးခေါင်း ရှိ အာရုံခံများ ပျက်စီး ခြင်း၊ အထူး သဖြင့် မျက်စိ မြင်လွှာ မှ နာဗ့် Cell များကို ဆိုးရွား စွာ ထိခိုက် ခြင်း၊ ဦးနှောက် ၏ အရေး ပါသော အစိတ် အပိုင်းမှာ ပျက်စီး စေ၍ ၄င်းမှ ထိန်းချုပ် သော ကြီးထွား ခြင်း၊ လူပျို၊ အပျို ဖော်ဝင်ခြင်း ဆိုင်ရာ ဟော်မုန်း များ ကို ထိန်းချုပ် ထား သော Endocrine glands များ၊ အစာ စားလို စိတ်၊ အိပ်ချိန် နှင့် နှိုးထမှု ဇီဝ နာရီ နှင့် သတိရှိမှု အားလုံး ကို ထိခိုက် စေပြီး အဝ လွန်ခြင်း အပါအဝင် ဦးနှောက် အာရုံကြော ရောဂါ မျိုးစုံ၊ အယ်လ် ဇိုင်းမား ရောဂါ၊ လေဖြတ် ခြင်းနှင့် ပါကင်ဆန် ရော ဂါများ ဖြစ်လာ နိုင်ပေ သည်။ ကလေး သူငယ် များ တွင် လည်း autism, attention deficit disorder, hyperactivity ရောဂါ များ ဖြစ်လာ နိုင်ကြောင်း တိရစ္ဆာန် စမ်းသပ်မှု များ တွင် တွေ့ ရှိ ခဲ့ပေသည်။
လူ အများ စားသုံး သော အချို့မှုန့် သည် တိရစ္ဆာန် များ တွင် အသုံးပြု သည် ထက် များစွာ နည်း၍ ၄င်း ဆိုးကျိုးများ မဖြစ် နိုင်ဟု စောဒက တက်မည် ဆိုက တက်နိုင် သော်လည်း လူများ သည် စမ်း သပ် သည့် ကြွက်များ ထက် ငါးဆ ပို၍ Sensitive ဖြစ်ပြီး နေ့စဉ် စားသုံးမှု မှ ဖြစ်ပေါ် လာေ သာ ေ သွးတွင်း ရလဒ် မှာ စမ်းသပ် တိရစ္ဆာန်များ တွင် တွေ့ရှိသော သွေး တွင်း အဆင့်များ ထက် ပင် ပို နိုင်ကြောင်း၊ အထူး သဖြင့် မွေးခါစ ကလေး သူငယ်များ သည် ဦးနှောက် ဖွံ့ ဖြိုးဆဲ ကာလ ဖြ စ် ၍ ၄င်း ကလေး ငယ်များ သည် လူကြီး ထက် လေးဆ ခံနိုင်ရည် ပို နည်း သဖြင့် ၄င်း ကလေး သူ ငယ်များ ၏ ဥာဏ် အရည် အသွေး၊ စာပေ သင်ကြား တတ်မြောက် မှု အတွက် ရေရှည် ထိခို က် နို င်ကြောင်းနှင့် အသက် အရွယ် မရွေး အဝ လွန်ခြင်း နှင့် နောက်ဆက် တွဲ ရောဂါများ ခံစား ရနိုင်ေ ကြာင်း ကမ္ဘာ အရပ်ရပ်မှ သိပ္ပံ ပညာရှင် များ က တင်ပြ ခဲ့ပေ သည်။ အခြား အန္တရာယ် တစ် ခု မှာ ယင်း ဟင်းခတ် မှုန့် ( အချိုမှုန့် ) ကို ကင်ဆာ ရောဂါ ၏ မြေသြဇာ ဟူ၍ လည်း ကင်ပွန်း တ ပ် နို င်ကြောင်း များစွာ သော သိပ္ပံ ပညာရှင် များက သက်သေ ပြ ခဲ့ ပါသည်။
ဆိုခဲ့ပြီး သော ဆိုးကျိုး များ မှာ လူ အားလုံး တွင် မဖြစ်ခြင်း၊ ဖြစ်သော ဆိုးကျိုး များ၏ ပမာဏ နှင့် အချိန် ကွာခြားမှု သည် တစ်ဦး နှင့် တစ်ဦး ကွာခြား မှု ရှိခြင်း၊ ဆေးလိပ် နှင့် လူသား တို့၏ ကျန်း မာရေး ထိခိုက် မှု ကို ဆောင်ရွက် စဉ် ကကဲ့သို့ပင် နောက် မှ ကြိုးကိုင် သော လုပ်ငန်းရှင်များ၊ ဓန ရှင် များ ၏ ပေါက်ရောက် မှု၊ ကြိုးကိုင် နိုင်မှုနှင့် ဖုံးကွယ် ထားနိုင် ခြင်း တို့၏ အရှိန် ကြောင့် ပင် ယနေ့ ထိ တိုင် လူသားများ သည် အချိုမှုန့် နှင့် ၄င်း၏ အန္တရာယ် ဆိုးကျိုးများ ကို ဆက်လက် ရင် ဆိုင် နေရ ကြောင်း တင်ပြ လိုက် ရပါ သည်။
အချုပ် ဆိုသော် အချိုမှုန့် သည် နာမည် အသွင် အမျိုးမျိုးဖြင့် စားကောင်း သောက်ဖွယ် များ၊ ကေ လး အာဟာရ များ တွင် ပါဝင် နေနိုင်ပြီး လူတို့ ၏ ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် စေနို င်ေ ကြာ င်း အထူး သဖြင့် ခေါင်း တစ်ခြမ်း ကိုက်ခြင်း ဝေဒနာ ( Migraine ) ၊ အ၀ လွန်ခြင်း နှင့် နောက် ဆက် တွဲ ပြဿာ နာ များ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ် ခြင်း များ၊ သွေးတိုး ရောဂါ၊ နှလုံးေ ရာ ဂါ၊ နှလုံး သွေးကြော ကျဉ်း ရောဂါ၊ နှလုံးခုန် မမှန် ရောဂါ၊ ပါကင်ဆန် ရောဂါ များ ဖြစ်ပွားေ စ နို င်ကြောင်း သိရှိ ကြပြီး ရှောင်ရှား နိုင် ကြစေရန် စေတနာ ကောင်းဖြင့် အသိပေး လိုက်ရ ပါသည်။
ဒေါက်တာပိုင်စိုး
No comments:
Post a Comment