Wednesday, October 30, 2013

အင်းလေးကို ကယ်တင်ခြင်း

အင်းလေးကို ကယ်တင်ခြင်း
(ဆောင်းပါးရှင် - ကိုထက်)
အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်၊ ရာဇ၀င် အဆိုအရ အလောင်းစည်သူ မင်းကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ပေါ်ပေါက်လာတဲ့ ရေကန်။ မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကတော့ ရှမ်းပြည်နယ်ရဲ့ ပြယုဂ်ကို အလှဆင်ထားတာကတော့ အမှန်ပါပဲ။ အင်းလေးကန်ဟာ တောင်-မြောက် ၁၄ မိုင်၊ အရှေ့-အနောက် ၇ မိုင်ခန့် ကျယ်ဝန်းပါတယ်။ ညောင်ရွှေစော်ဘွားကြီးရဲ့ အပိုင်စား နယ်မြေမှာလည်း ပါဝင်ပါတယ်။ နောက်တော့ ခေတ်အခြေအနေအရ ကိုလိုနီလက်အောက်ကို ကျသွားတော့လည်း အင်္ဂလိပ်တွေဟာ အင်းလေးကန်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဒေသရဲ့ သမိုင်းကြောင်းအရ သိရပါတယ်။ ဂျပန်ခေတ် ရောက်ပြန်တော့လည်း ဂျပန်တွေက အင်းလေးကန်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂျပန်ခေတ် ကုန်ဆုံးသွားတဲ့ အခါမှာတော့ ရပ်တန့်သွားခဲ့ ရပါတယ်။
နှစ်ပေါင်းခြောက်ဆယ် ကျော်လာပါတယ်။ အင်းလေးကန်ရဲ့ စိုးရိမ်ဖွယ် ရေမှတ်ကို ပြီးခဲ့တဲ့ ၂၀၁၂ နွေရာသီမှာ သတိထားမိ လာကြပါပြီ။ ပူပြင်းတဲ့ နွေရာသီ ကာလမှာ အပူရှိန်ကြောင့် အင်းလေးကန်ရဲ့ ရေတိမ်ပိုင်း နေရာတွေမှာ ရေခန်းခြောက် သွားပါတယ်။ အင်းလေးကန်ကြီးတောင် ရေခန်းသွားတယ်ဆိုတဲ့ သတင်းက ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာပါတယ်။ အင်းလေးကန် သတင်းကြားတော့ ပထမဆုံး တွေးမိတာက အင်းသားတွေ ဘယ်လိုလုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ရဲ့ ကျွန်းမျောစိုက်ခင်းတွေ၊ နောက်ပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု အခြေအနေ၊ အနီးပတ်ဝန်းကျင် ကျေးရွာ ၄၀၀ က လူတွေ သောက်သုံးရေကိစ္စ စသဖြင့်ပေါ့လေ၊ ကိုယ်မီသလောက်လေးတော့ တွေးမိပါသေးတယ်။ နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ သတင်းစာ၊ ဂျာနယ်တွေမှာ ပါသလောက်ပဲ ဖတ်မှတ်မိပါတယ်။ ရှမ်းပြည်ကိုရောက်ဖို့ အကြောင်းဖန်လာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်က ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်ကိုရောက်ရင် အင်းလေးရောက်မှ အဓိပ္ပာယ် ရှိတယ်ဆိုတဲ့အတိုင်း အင်းလေးကန်ကိုလည်း ရောက်ဖြစ်ပါတယ်။ အင်းလေးကိုရောက်တော့ သတင်းသမား တစ်ယောက်ရဲ့ အမြင်နဲ့ ပတ်ဝန်းကျင်ကို လေ့လာဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကို သတိပြုမိ တာကတော့ အင်းလေးကန်မှာ ရေမှော်ဆိုတာ မရှိတော့ပါဘူး။ ရေမှော်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းကို လေ့လာမိသလောက် ဒေသခံတွေရဲ့ ပြောပြချက်အရ အင်းလေးကန်က ရေမှော်တွေကို မျိုးပြုန်းအောင် သတ်နေတဲ့ ခရုနီ ပြဿနာကို သွားတွေ့ရပါတယ်။
ခရုနီ ပြဿနာ
ဒေသခံတွေကတော့ အင်းလေးကန် စောင့်ရှောက်ရေးဆိုပြီး လာရောက်လေ့လာနေတဲ့ ဂျပန်အဖွဲ့အစည်းကပဲ ရေမှော်တွေရှင်းအောင် ခရုနီ မွေးလိုက်သလိုလို ပြောနေကြပေမယ့် တစ်ဖက်ဆည်မြောင်း ဌာနရဲ့ ပြောကြားချက် အရတော့ ကျွန်းမျောစိုက်ခင်းတွေ လယ်ယာတွေမှာ ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးစွဲတဲ့အတွက် ဘေးထွက်ဆိုးကျိုး အနေနဲ့ ခရုနီ မျိုးစိတ်သစ် ပေါ်လာတာလို့ ပြောပါတယ်။ ခရုနီက ရေမှော်တွေကို အမြစ်က ကိုက်ဖြတ်ပြီး အပင်ကို မရှင်သန်နိုင်အောင် လုပ်ပါတယ်။ နောက်ပိုင်း စပါးခင်းတွေကိုလည်း ၀င်ဖျက်ဆီး လာပါတယ်။ အင်းလေးကန်တင် မကပါဘူး အင်းလေးကန်ကနေ စကားအင်း၊ မိုးဗြဲအင်း စီးဆင်းနေတဲ့ ချောင်းတစ်လျှောက်မှာလည်း မင်းမူလာပါတယ်။ ရေမှော်တွေ မရှိတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရေစီးသန်မှုကိုလည်း မထိန်းနိုင်တော့သလို၊ ရေမှော်ကတစ်ဆင့် သဘာဝမြေသြဇာ ထုတ်လုပ်မှုကိုလည်း ထိခိုက်စေတဲ့အတွက် ဓာတ်မြေသြဇာသာ
Read More -----> http://news-eleven.com/opinion/24706
အင်းလေးကို ကယ်တင်ခြင်း  (ဆောင်းပါးရှင် - ကိုထက်)  အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်၊ ရာဇ၀င် အဆိုအရ အလောင်းစည်သူ မင်းကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ပေါ်ပေါက်လာတဲ့ ရေကန်။ မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကတော့ ရှမ်းပြည်နယ်ရဲ့ ပြယုဂ်ကို အလှဆင်ထားတာကတော့ အမှန်ပါပဲ။ အင်းလေးကန်ဟာ တောင်-မြောက် ၁၄ မိုင်၊ အရှေ့-အနောက် ၇ မိုင်ခန့် ကျယ်ဝန်းပါတယ်။ ညောင်ရွှေစော်ဘွားကြီးရဲ့ အပိုင်စား နယ်မြေမှာလည်း ပါဝင်ပါတယ်။ နောက်တော့ ခေတ်အခြေအနေအရ ကိုလိုနီလက်အောက်ကို ကျသွားတော့လည်း အင်္ဂလိပ်တွေဟာ အင်းလေးကန်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဒေသရဲ့ သမိုင်းကြောင်းအရ သိရပါတယ်။ ဂျပန်ခေတ် ရောက်ပြန်တော့လည်း ဂျပန်တွေက အင်းလေးကန်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂျပန်ခေတ် ကုန်ဆုံးသွားတဲ့ အခါမှာတော့ ရပ်တန့်သွားခဲ့ ရပါတယ်။  နှစ်ပေါင်းခြောက်ဆယ် ကျော်လာပါတယ်။ အင်းလေးကန်ရဲ့ စိုးရိမ်ဖွယ် ရေမှတ်ကို ပြီးခဲ့တဲ့ ၂၀၁၂ နွေရာသီမှာ သတိထားမိ လာကြပါပြီ။ ပူပြင်းတဲ့ နွေရာသီ ကာလမှာ အပူရှိန်ကြောင့် အင်းလေးကန်ရဲ့ ရေတိမ်ပိုင်း နေရာတွေမှာ ရေခန်းခြောက် သွားပါတယ်။ အင်းလေးကန်ကြီးတောင် ရေခန်းသွားတယ်ဆိုတဲ့ သတင်းက ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာပါတယ်။ အင်းလေးကန် သတင်းကြားတော့ ပထမဆုံး တွေးမိတာက အင်းသားတွေ ဘယ်လိုလုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ရဲ့ ကျွန်းမျောစိုက်ခင်းတွေ၊ နောက်ပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု အခြေအနေ၊ အနီးပတ်ဝန်းကျင် ကျေးရွာ ၄၀၀ က လူတွေ သောက်သုံးရေကိစ္စ စသဖြင့်ပေါ့လေ၊ ကိုယ်မီသလောက်လေးတော့ တွေးမိပါသေးတယ်။ နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ သတင်းစာ၊ ဂျာနယ်တွေမှာ ပါသလောက်ပဲ ဖတ်မှတ်မိပါတယ်။ ရှမ်းပြည်ကိုရောက်ဖို့ အကြောင်းဖန်လာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်က ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်ကိုရောက်ရင် အင်းလေးရောက်မှ အဓိပ္ပာယ် ရှိတယ်ဆိုတဲ့အတိုင်း အင်းလေးကန်ကိုလည်း ရောက်ဖြစ်ပါတယ်။ အင်းလေးကိုရောက်တော့ သတင်းသမား တစ်ယောက်ရဲ့ အမြင်နဲ့ ပတ်ဝန်းကျင်ကို လေ့လာဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကို သတိပြုမိ တာကတော့ အင်းလေးကန်မှာ ရေမှော်ဆိုတာ မရှိတော့ပါဘူး။ ရေမှော်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းကို လေ့လာမိသလောက် ဒေသခံတွေရဲ့ ပြောပြချက်အရ အင်းလေးကန်က ရေမှော်တွေကို မျိုးပြုန်းအောင် သတ်နေတဲ့ ခရုနီ ပြဿနာကို သွားတွေ့ရပါတယ်။   ခရုနီ ပြဿနာ  ဒေသခံတွေကတော့ အင်းလေးကန် စောင့်ရှောက်ရေးဆိုပြီး လာရောက်လေ့လာနေတဲ့ ဂျပန်အဖွဲ့အစည်းကပဲ ရေမှော်တွေရှင်းအောင် ခရုနီ မွေးလိုက်သလိုလို ပြောနေကြပေမယ့် တစ်ဖက်ဆည်မြောင်း ဌာနရဲ့ ပြောကြားချက် အရတော့ ကျွန်းမျောစိုက်ခင်းတွေ လယ်ယာတွေမှာ ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးစွဲတဲ့အတွက် ဘေးထွက်ဆိုးကျိုး အနေနဲ့ ခရုနီ မျိုးစိတ်သစ် ပေါ်လာတာလို့ ပြောပါတယ်။ ခရုနီက ရေမှော်တွေကို အမြစ်က ကိုက်ဖြတ်ပြီး အပင်ကို မရှင်သန်နိုင်အောင် လုပ်ပါတယ်။ နောက်ပိုင်း စပါးခင်းတွေကိုလည်း ၀င်ဖျက်ဆီး လာပါတယ်။ အင်းလေးကန်တင် မကပါဘူး အင်းလေးကန်ကနေ စကားအင်း၊ မိုးဗြဲအင်း စီးဆင်းနေတဲ့ ချောင်းတစ်လျှောက်မှာလည်း မင်းမူလာပါတယ်။ ရေမှော်တွေ မရှိတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရေစီးသန်မှုကိုလည်း မထိန်းနိုင်တော့သလို၊ ရေမှော်ကတစ်ဆင့် သဘာဝမြေသြဇာ ထုတ်လုပ်မှုကိုလည်း ထိခိုက်စေတဲ့အတွက် ဓာတ်မြေသြဇာသာ  Read More -----> http://news-eleven.com/opinion/24706

No comments:

Post a Comment