SEA Games တွင် အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နှင့်
လာအိုသာ ဗီဇာကင်းလွတ်ခွင့် ရရှိမည်
============================
The Voice Weekly | ရန်ကုန်၊ နိုဝင်ဘာ ၁၃
လာအိုသာ ဗီဇာကင်းလွတ်ခွင့် ရရှိမည်
============================
The Voice Weekly | ရန်ကုန်၊ နိုဝင်ဘာ ၁၃
SEA Games ကာလတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် အာဆီယံ နိုင်ငံသားများအနက် ဗီယက်နမ်နှင့် လာအို နှစ်နိုင်ငံသာ ဗီဇာကင်းလွတ်
ခွင့် ရရှိမည် ဖြစ်ကြောင်း နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၁၃ စက်တင်ဘာလ ၂၆ ရက်နေ့က ဗီဇာ ကင်းလွတ်ခွင့် နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး
အဆိုပါ လက်မှတ်ရေးထိုးပြီး ရက် ၃၀ အကြာတွင် အသက်ဝင်ပြီ ဖြစ်ကြောင်း၊ လာအိုနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ခန့် ကတည်းက ဗီဇာကင်းလွတ်ခွင့် ရရှိပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်သည် မြန်မာနိုင်ငံကူးလက်မှတ်
အနီ ကိုင်ဆောင်ထားသောသူများ လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံကို သွားရောက်လျှင် ဖြစ်စေ၊ ယင်းနိုင်ငံက လာရောက်လျှင် ဖြစ်စေ ပြည်
ဝင်ခွင့် ဗီဇာမလိုဘဲ ၁၄ ရက် နေထိုင်ခွင့်ကို ဆိုလိုကြောင်းနှင့် သံတမန်
များနှင့် ဝန်ထမ်းများ အတွက်ကိုမူ လက်မှတ်ထိုးပြီး ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောကြားသည်။
အခြားနိုင်ငံများနှင့် လက်မှတ်ထိုးရန် စီစဉ်နေသော်လည်း အဆိုပါ အားကစားပွဲကာလ အချိန်မမီခြင်း ဖြစ်သည်။ “ထိုင်း၊ အင်ဒိုနီးရှား၊
စင်ကာပူ၊ မလေးရှား၊ ဂျပန် နိုင်ငံတွေနဲ့လည်း လက်မှတ်ထိုးဖို့ စနေပြီ၊ တခြားအာဆီယံ နိုင်ငံတွေနဲ့လည်း လက်မှတ်ထိုးဖို့ လုပ်နေပါတယ်၊
Proposal တွေ ပို့တယ်၊ လိုအပ်တာတွေ ညှိနှိုင်းတုန်း၊ အစောဆုံး ဖြစ်နိုင်အောင်လည်း လုပ်နေတယ်။ စာချုပ်ပါ အချက်အလက်တွေကို
နှစ်နိုင်ငံ သဘောတူရင် ဗီဇာ ကင်းလွတ်ခွင့်ရမယ်” ဟု ၎င်းကဆိုသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ဗီဇာ ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလတွင် ကျင်းပမည့် SEA Games ဖွင့်ပွဲသို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်
နဝါထရာ လာရောက်စဉ်တွင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း
ထိုင်း သတင်းစာများတွင် ရေးသားထားသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ဗီဇာ ကင်းလွတ်ခွင့်သည် လေကြောင်းလိုင်း
ဖြင့် လာရောက်သူများအတွက်သာ အကျုံးဝင်မည် ဖြစ်ပြီး၊ နယ်စပ်က ဝင်ရောက်သူများ အတွက်မူ ဗီဇာလိုအပ်မည် ဖြစ်ကြောင်း အဆိုပါသတင်းများက ဆိုသည်။
Want cheapest Flights & Hotels?
Visit to - https://oway.com.mm/
Want More Information About Hotels & Flights Promotion?
Like to -https://www.facebook.com/pages/Oway/270889736346570?ref=tn_tnmn

No comments:
Post a Comment