Monday, November 18, 2013

အမှားကြာ အမှန်ဖြစ် ( ဆေးပေါင်း ခချိန် တလွဲ နဲ့ မယ်ဇလီဖူး သုပ် အလွဲ များ )

အမှားကြာ အမှန်ဖြစ် ( ဆေးပေါင်း ခချိန် တလွဲ နဲ့ မယ်ဇလီဖူး သုပ် အလွဲ များ )

ဆေးပေါင်း ခတဲ့ အချိန်သည် တန်ဆောင်မုန်း လပြည့် ည ( ၁၂ ) နာရီ တိတိ ဆိုတာ မှန် သလား ... ??? မှား သလား ... ???

မနေ့ က ၂၀၁၃ - ၁၁ - ၁၇ မှာ FB Page တစ်ခု က ဖော်ပြ သွား ခဲ့ တဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ *** ဆေး ဘက်ဝင် “ မဲဇလီဖူး ” လေးများ အကြောင်း*** ဆောင်းပါး မှာ အောက်ပါ အတိုင်း ဖော်ပြ သွား ပါတယ် ... ( တန်ဆောင်မုန်း လပြည့်နေ့ ည ( ၁၂ ) နာရီ တိတိ အချိန် ကို ဆေးပေါင်းခ တဲ့ ညရဲ့ အမြင့် ဆုံး၊ အစွမ်း ထက်ဆုံး အချိန် လို့သတ်မှတ် ပြီး တိုင်းရင်းဆေး ဆရာကြီး များက ဆေးဝါး မျိုးစုံ ကို ဖော်စပ်လေ့ ရှိကြ ပါတယ်။ )

အင်း အိုင် လက်ဖွဲ့တွေ စီရင်တဲ့ အခါ၊ ဂါထာ မန္တရား တွေ ရွတ်ဖတ် သရဇ္ဈယ် တဲ့ အခါ ဝင်နက္ခတ် ထွက်နက္ခတ် ခါးပတ် နက္ခတ် စသည် ဖြင့် နက္ခတ် ချိန် အတိအကျ မိဖို့ အလွန် အရေးကြီး တာကို လေ့လာ လိုက်စား ဖူးသူတွေ အသိ ဆုံး ဖြစ်ပါ လိမ့်မယ် ... ဝါရင့် တိုင်းရင်းဆေး ဆရာ မှန်လျှင် ( ဆေးဝါး ကုသရ တဲ့ အခါ အရေးပါတဲ့ နေရာမှာ ရှိနေ တာ ကြောင့် ) နက္ခတ် ပိုင်း ကို အမြဲမပြတ် ပိုင်ပိုင် နိုင်နိုင် တွက်ချက် သိရှိထား ကြရ ပါတယ် ... ( ရာသီစာ ဓာတ်စာ လိုအပ်ချက် အရပေါ့ )

မြန်မာ့ ဆိုထုံးတွေ ဓလေ့ ထုံးစံတွေ ကို လေ့လာ တဲ့ အခါမှာ များသော အားဖြင့် အလွယ် မှတ်ခဲ့ ကြတာ ကို သတိပြု မိခဲ့ ပါတယ် ... ဘုန်းကြီး ကျောင်း သို့မဟုတ် စပါးကျီ၊ အိမ် ခါးပန်းတွေ ထုတ်တန်း တွေမှာ ရက်ရာဇာ ပြဿဒါး စသည် ဖြင့် အလွယ်မှတ် ခဲ့ကြ တာကို တွေ့မြင် ဖူးသူ တွေ ရှိပါ လိမ့်မယ် ... ဒါ့ကြောင့် ဆေးပေါင်းခ ချိန်ဟာ တန်ဆောင်မုန်း လပြည့်ည သန်းခေါင် ( ၁၂ ) နာရီ လို့ပဲ အများဆုံး မှတ်သား ခဲ့ကြရာ က ဒီနေ့ မျက်မှောက် ခေတ်မှာတော့ တရား သေ သဘော ဖြစ်လာ ခဲ့ပါတယ် ...

တန်ဆောင်မုန်း လပြည့်ည သန်းခေါင် အချိန်ကို ဆေးပေါင်းခ တဲ့ည ဆေးပေါင်း ခချိန် အဖြစ် မြန်မာ အားလုံး နီးပါးက ထင်မှတ် နေကြမှာ ဖြစ်တဲ့ အတွက် အထက်ပါ မေးခွန်း ( ဆေးပေါင်း ခတဲ့ အချိန်သည် တန်ဆောင်မုန်း လပြည့်ည ( ၁၂ ) နာရီ တိတိ ဆိုတာ မှန် သလား ... ??? မှား သလား ... ??? ) ဆိုတာ ကို မှန်တယ် လို့ တညီ တညွတ် တည်း ဖြေဆို ကြပါ လိမ့်မယ် ...

အမှန်တော့ ဆေးပေါင်း ခချိန် ဆိုတာ ဟာ ကြက်ငယ် အသွင် ရှိတဲ့ ကြတ္တိကာ ကြယ်စု နဲ့ လမင်း တစ်တန်း တည်း ကျချိန် ( ကြတ္တိကာ စန်းယှဉ်ချိန် ) ကို ဆိုလိုတာ ဖြစ်ပါတယ် ... နက္ခတ္တ ဗေဒ တွက်ချက်မှု တွေ အရ တစ်နှစ် နဲ့ တစ်နှစ် အချိန် အတိအကျ တူညီမှု မရှိပါဘူး ... ဥပမာ အားဖြင့် သင်္ကြန် ကျချိန် တက်ချိန် တွေဟာ တစ်နှစ် နဲ့ တစ်နှစ် မတူ ညီတဲ့ သဘောမျိုး ဖြစ်ပါတယ် ... အဓိက ဖြစ်တဲ့ ကြတ္တိကာ နက္ခတ်နဲ့ စန်း ( လမင်း ) ယှဉ်
ချိန်ဟာ တစ်ချို့ နှစ်တွေ မှာ လပြည့်နေ့ ည ၈ နာရီ ဝန်းကျင် ဒါမှမဟုတ် နောက်နေ့ မနက် ၆ နာရီ ဝန်းကျင် ဖြစ်နေ တတ်တာ ကို လေ့လာ ခဲ့ဖူး ပါတယ် ... များသော အားဖြင့် တော့ ည ( ၁၂ ) နာရီ အတိ အကျ မဟုတ်ဘဲ နှစ် နာရီခန့် အချိန် အတိုး အလျော့ ရှိနေ တတ် ပါ တယ် ... ဒါ့ကြောင့် အထက်ပါ အမေးရဲ့ အဖြေ ဟာ ( မှားပါတယ် ) လို့ ဖြေရ ပါလိမ့်မယ်။

မြန်မာ ပြက္ခဒိန် ပါ တန်ခူး ကဆုန် စတဲ့ လ အပိုင်းအခြား တွေ ဟာ လ ( Moon ) လည်တဲ့ အပေါ် အခြေ ပြုပြီး တွက်ချက် ထားတာ ဖြစ်ပါတယ် ... ခရစ် သက္ကရာဇ် ဆိုတဲ့ January February လ အပိုင်း အခြားတွေ ကတော့ နေ ( Sun ) လည်တဲ့ အပေါ် တစ်နည်းအား ဖြင့် နေကို ကမ္ဘာ ပတ်တဲ့ အပိုင်းအခြား အပေါ် အခြေပြု တွက်ချက် ထားတာ ဖြစ်ပါ တယ် ... ဒါ့ကြောင့် လည်း သင်္ကြန် အကျနေ့ ဟာ မြန်မာလ အားဖြင့် တန်ခူး လဆန်း ( သို့ ) လကွယ် တစ်ချို့နှစ် တွေမှာ ကဆုန် လထဲမှာ ဖြစ်နေ တတ် ပေမယ့် ခရစ် သက္ကရာဇ် ပြက္ခဒိန် အရ နှစ်စဉ် April 13 ရက်နေ့ တသမတ် တည်း ဖြစ်နေတာ ကို သတိပြု လေ့လာ ကြည့် နိုင်ပါ တယ် ... လ လည်နှုန်း က နှေးတဲ့ အတွက် မြန်မာ လတွေမှာ ဝါကြီး ထပ် ဝါလေးထပ် ရက်စုံ လေးလ စသည် ဖြင့် နေ လည်နှုန်း ကို မီအောင် တနည်းအား ဖြင့် တစ်နှစ် ၃၆၄ ရက် ၆ နာရီ ကို မီအောင် လိုက်ညှိ နေရတာ များပါတယ် ... ဒါ့ကြောင့် လည်း မြန်မာ ပြက္ခဒိန် ဟာ လာမယ့် နှစ်များစွာ အတွက် ကြိုတင် တွက်ချက် ထားနိုင်မှု မရှိ တာပဲ ဖြစ်ပါ တယ် ... လာမယ့် နှစ် ပြက္ခဒိန် အတွက် ယခု နှစ် တန်ဆောင်မုန်း လပြည့် ကျော်မှ သာ တွက်ချက် ကြရတာ ဖြစ် ပါတယ် ...

ဒါ့ကြောင့် ကြတ္တိကာ ကြယ်စုနဲ့ လမင်း ယှဉ်ပြိုင်ချိန် ( ကြတ္တိကာ စန်း ယှဉ်ချိန် ) ဟာ တစ်နှစ် နဲ့ တစ်နှစ် အချိန်တသ မတ် တည်း မတူညီ တဲ့ အတွက် တန်ဆောင်မုန်း လပြည့် ည သန်းခေါင် ( ၁၂ ) နာရီ ဟာ ဆေးပေါင်း ခချိန် ဆိုတဲ့ တရားသေ သတ်မှတ် ချက်ဟာ မှားယွင်း ပါတယ် ... အချိန် အတိအကျ ကိုတော့ နက္ခတ္တ ဗေဒ ပညာရှင်တွေ က အချိန်မီ တွက်ချက် ထုတ်ပြန် ပေးသင့် ပါတယ် ... ( ပြက္ခဒိန် အကြံပေး အဖွဲ့က နှစ်စဉ် တွက်ချက် တင်ပြ ပေးရတဲ့ လာမယ့် နှစ် မြန်မာ ပြက္ခဒိန် ထဲမှာ တစ်ပါ တည်း ပါသင့် ပါတယ် ... )

နောက် တစ်ချက် ပြောရမယ် ဆိုရင် ကြတ္တိကာ စန်း ယှဉ်ချိန် မှသာ မယ်ဇလီဖူး ထဲမှာ ဆေးပေါင်းခ တဲ့ အာနိသင် ကိန်းဝပ် ဝင်ရောက်တာ ဖြစ်တဲ့ အတွက် ဆေးပေါင်း ခချိန် မယ်ဇလီဖူး ကို သုပ်စား ရင် ကျန်းမာ အသက်ရှည် တယ်လို့ ဆို ပါတယ် ... ယခု တွေ့ မြင် နေရတာ တွေ ကတော့ လပြည့် ည မတိုင်ခင် ခူးဆွတ် ထားတဲ့ မယ်ဇလီဖူး တွေကို သုပ်စား နေကြတာ ကိုပဲ တွေ့မြင် နေရ ပါတယ် ...

အဲ့ဒီ တော့ ကျွန်တော် တို့ဟာ သေချာ ဂဃနဏ မသိဘဲ ဆေးပေါင်းခ ချိန် တလွဲမှာ ဈေးမှာ ရောင်းနေတဲ့ ( ဘယ် ကတည်း က ခူးထားမှန်း မသိတဲ့ ) မယ်ဇလီ ဖူးတွေ ကို သုပ်စား ရင်း ... မြန်မာ ဆိုရိုး ကို blink ယုံကြည် နေကြသူတွေ ဖြစ်နေ တယ် ဆိုတာ ကို သတိပြု မိနိုင် ကြစေဖို့ ဗဟုသုတ အလို့ငှာ ရေးသား တင်ပြ လိုက်ရ ပါတယ် ...

PoleStar Minn Minn Aung - Pole Star's Literary
အမှားကြာ အမှန်ဖြစ်  ( ဆေးပေါင်း ခချိန် တလွဲ နဲ့ မယ်ဇလီဖူး သုပ် အလွဲ များ )  ဆေးပေါင်း ခတဲ့ အချိန်သည် တန်ဆောင်မုန်း လပြည့် ည ( ၁၂ ) နာရီ တိတိ ဆိုတာ မှန် သလား ... ??? မှား သလား ... ???  မနေ့ က ၂၀၁၃ - ၁၁ - ၁၇ မှာ FB Page တစ်ခု က ဖော်ပြ သွား ခဲ့ တဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့  *** ဆေး ဘက်ဝင် “ မဲဇလီဖူး ” လေးများ အကြောင်း*** ဆောင်းပါး မှာ အောက်ပါ အတိုင်း ဖော်ပြ သွား ပါတယ် ... ( တန်ဆောင်မုန်း လပြည့်နေ့ ည ( ၁၂ ) နာရီ တိတိ အချိန် ကို ဆေးပေါင်းခ တဲ့ ညရဲ့ အမြင့် ဆုံး၊ အစွမ်း ထက်ဆုံး အချိန် လို့သတ်မှတ် ပြီး တိုင်းရင်းဆေး ဆရာကြီး များက ဆေးဝါး မျိုးစုံ ကို ဖော်စပ်လေ့ ရှိကြ ပါတယ်။ )   အင်း အိုင် လက်ဖွဲ့တွေ စီရင်တဲ့ အခါ၊ ဂါထာ မန္တရား တွေ ရွတ်ဖတ် သရဇ္ဈယ် တဲ့ အခါ ဝင်နက္ခတ် ထွက်နက္ခတ် ခါးပတ် နက္ခတ် စသည် ဖြင့် နက္ခတ် ချိန် အတိအကျ မိဖို့ အလွန် အရေးကြီး တာကို လေ့လာ လိုက်စား ဖူးသူတွေ အသိ ဆုံး ဖြစ်ပါ လိမ့်မယ် ... ဝါရင့် တိုင်းရင်းဆေး ဆရာ မှန်လျှင် ( ဆေးဝါး ကုသရ တဲ့ အခါ အရေးပါတဲ့ နေရာမှာ ရှိနေ တာ ကြောင့် ) နက္ခတ် ပိုင်း ကို အမြဲမပြတ် ပိုင်ပိုင် နိုင်နိုင် တွက်ချက် သိရှိထား ကြရ ပါတယ် ... ( ရာသီစာ ဓာတ်စာ လိုအပ်ချက် အရပေါ့ )  မြန်မာ့ ဆိုထုံးတွေ ဓလေ့ ထုံးစံတွေ ကို လေ့လာ တဲ့ အခါမှာ များသော အားဖြင့် အလွယ် မှတ်ခဲ့ ကြတာ ကို သတိပြု မိခဲ့ ပါတယ် ... ဘုန်းကြီး ကျောင်း သို့မဟုတ် စပါးကျီ၊ အိမ် ခါးပန်းတွေ ထုတ်တန်း တွေမှာ ရက်ရာဇာ ပြဿဒါး စသည် ဖြင့် အလွယ်မှတ် ခဲ့ကြ တာကို တွေ့မြင် ဖူးသူ တွေ ရှိပါ လိမ့်မယ် ... ဒါ့ကြောင့် ဆေးပေါင်းခ ချိန်ဟာ တန်ဆောင်မုန်း လပြည့်ည သန်းခေါင် ( ၁၂ ) နာရီ လို့ပဲ အများဆုံး မှတ်သား ခဲ့ကြရာ က ဒီနေ့ မျက်မှောက် ခေတ်မှာတော့ တရား သေ သဘော ဖြစ်လာ ခဲ့ပါတယ် ...  တန်ဆောင်မုန်း လပြည့်ည သန်းခေါင် အချိန်ကို ဆေးပေါင်းခ တဲ့ည ဆေးပေါင်း ခချိန် အဖြစ် မြန်မာ အားလုံး နီးပါးက ထင်မှတ် နေကြမှာ ဖြစ်တဲ့ အတွက် အထက်ပါ မေးခွန်း ( ဆေးပေါင်း ခတဲ့ အချိန်သည် တန်ဆောင်မုန်း လပြည့်ည ( ၁၂ ) နာရီ တိတိ ဆိုတာ မှန် သလား ... ??? မှား သလား ... ??? ) ဆိုတာ ကို မှန်တယ် လို့ တညီ တညွတ် တည်း ဖြေဆို ကြပါ လိမ့်မယ် ...  အမှန်တော့ ဆေးပေါင်း ခချိန် ဆိုတာ ဟာ ကြက်ငယ် အသွင် ရှိတဲ့ ကြတ္တိကာ ကြယ်စု နဲ့ လမင်း တစ်တန်း တည်း ကျချိန် ( ကြတ္တိကာ စန်းယှဉ်ချိန် ) ကို ဆိုလိုတာ ဖြစ်ပါတယ် ... နက္ခတ္တ ဗေဒ တွက်ချက်မှု တွေ အရ တစ်နှစ် နဲ့ တစ်နှစ် အချိန် အတိအကျ တူညီမှု မရှိပါဘူး ... ဥပမာ အားဖြင့် သင်္ကြန် ကျချိန် တက်ချိန် တွေဟာ တစ်နှစ် နဲ့ တစ်နှစ် မတူ ညီတဲ့ သဘောမျိုး ဖြစ်ပါတယ် ... အဓိက ဖြစ်တဲ့ ကြတ္တိကာ နက္ခတ်နဲ့ စန်း ( လမင်း ) ယှဉ် ချိန်ဟာ တစ်ချို့ နှစ်တွေ မှာ လပြည့်နေ့ ည ၈ နာရီ ဝန်းကျင် ဒါမှမဟုတ် နောက်နေ့ မနက် ၆ နာရီ ဝန်းကျင် ဖြစ်နေ တတ်တာ ကို လေ့လာ ခဲ့ဖူး ပါတယ် ... များသော အားဖြင့် တော့ ည ( ၁၂ ) နာရီ အတိ အကျ မဟုတ်ဘဲ နှစ် နာရီခန့် အချိန် အတိုး အလျော့ ရှိနေ တတ် ပါ တယ် ... ဒါ့ကြောင့် အထက်ပါ အမေးရဲ့ အဖြေ ဟာ ( မှားပါတယ် ) လို့ ဖြေရ ပါလိမ့်မယ်။  မြန်မာ ပြက္ခဒိန် ပါ တန်ခူး ကဆုန် စတဲ့ လ အပိုင်းအခြား တွေ ဟာ လ ( Moon ) လည်တဲ့ အပေါ် အခြေ ပြုပြီး တွက်ချက် ထားတာ ဖြစ်ပါတယ် ... ခရစ် သက္ကရာဇ် ဆိုတဲ့ January February လ အပိုင်း အခြားတွေ ကတော့ နေ ( Sun ) လည်တဲ့ အပေါ် တစ်နည်းအား ဖြင့် နေကို ကမ္ဘာ ပတ်တဲ့ အပိုင်းအခြား အပေါ် အခြေပြု တွက်ချက် ထားတာ ဖြစ်ပါ တယ် ... ဒါ့ကြောင့် လည်း သင်္ကြန် အကျနေ့ ဟာ မြန်မာလ အားဖြင့် တန်ခူး လဆန်း ( သို့ ) လကွယ် တစ်ချို့နှစ် တွေမှာ ကဆုန် လထဲမှာ ဖြစ်နေ တတ် ပေမယ့် ခရစ် သက္ကရာဇ် ပြက္ခဒိန် အရ နှစ်စဉ် April 13 ရက်နေ့ တသမတ် တည်း ဖြစ်နေတာ ကို သတိပြု လေ့လာ ကြည့် နိုင်ပါ တယ် ... လ လည်နှုန်း က နှေးတဲ့ အတွက် မြန်မာ လတွေမှာ ဝါကြီး ထပ် ဝါလေးထပ် ရက်စုံ လေးလ စသည် ဖြင့် နေ လည်နှုန်း ကို မီအောင် တနည်းအား ဖြင့် တစ်နှစ် ၃၆၄ ရက် ၆ နာရီ ကို မီအောင် လိုက်ညှိ နေရတာ များပါတယ် ... ဒါ့ကြောင့် လည်း မြန်မာ ပြက္ခဒိန် ဟာ လာမယ့် နှစ်များစွာ အတွက် ကြိုတင် တွက်ချက် ထားနိုင်မှု မရှိ တာပဲ ဖြစ်ပါ တယ် ... လာမယ့် နှစ် ပြက္ခဒိန် အတွက် ယခု နှစ် တန်ဆောင်မုန်း လပြည့် ကျော်မှ သာ တွက်ချက် ကြရတာ ဖြစ် ပါတယ် ...   ဒါ့ကြောင့် ကြတ္တိကာ ကြယ်စုနဲ့ လမင်း ယှဉ်ပြိုင်ချိန် ( ကြတ္တိကာ စန်း ယှဉ်ချိန် ) ဟာ တစ်နှစ် နဲ့ တစ်နှစ် အချိန်တသ မတ် တည်း မတူညီ တဲ့ အတွက် တန်ဆောင်မုန်း လပြည့် ည သန်းခေါင် ( ၁၂ ) နာရီ ဟာ ဆေးပေါင်း ခချိန် ဆိုတဲ့ တရားသေ သတ်မှတ် ချက်ဟာ မှားယွင်း ပါတယ် ... အချိန် အတိအကျ ကိုတော့ နက္ခတ္တ ဗေဒ ပညာရှင်တွေ က အချိန်မီ တွက်ချက် ထုတ်ပြန် ပေးသင့် ပါတယ် ... ( ပြက္ခဒိန် အကြံပေး အဖွဲ့က နှစ်စဉ် တွက်ချက် တင်ပြ ပေးရတဲ့ လာမယ့် နှစ် မြန်မာ ပြက္ခဒိန် ထဲမှာ တစ်ပါ တည်း ပါသင့် ပါတယ် ... )  နောက် တစ်ချက် ပြောရမယ် ဆိုရင် ကြတ္တိကာ စန်း ယှဉ်ချိန် မှသာ မယ်ဇလီဖူး ထဲမှာ ဆေးပေါင်းခ တဲ့ အာနိသင် ကိန်းဝပ် ဝင်ရောက်တာ ဖြစ်တဲ့ အတွက် ဆေးပေါင်း ခချိန် မယ်ဇလီဖူး ကို သုပ်စား ရင် ကျန်းမာ အသက်ရှည် တယ်လို့ ဆို ပါတယ် ... ယခု တွေ့ မြင် နေရတာ တွေ ကတော့ လပြည့် ည မတိုင်ခင် ခူးဆွတ် ထားတဲ့ မယ်ဇလီဖူး တွေကို သုပ်စား နေကြတာ ကိုပဲ တွေ့မြင် နေရ ပါတယ် ...  အဲ့ဒီ တော့ ကျွန်တော် တို့ဟာ သေချာ ဂဃနဏ မသိဘဲ ဆေးပေါင်းခ ချိန် တလွဲမှာ ဈေးမှာ ရောင်းနေတဲ့ ( ဘယ် ကတည်း က ခူးထားမှန်း မသိတဲ့ ) မယ်ဇလီ ဖူးတွေ ကို သုပ်စား ရင်း ... မြန်မာ ဆိုရိုး ကို blink ယုံကြည် နေကြသူတွေ ဖြစ်နေ တယ် ဆိုတာ ကို သတိပြု မိနိုင် ကြစေဖို့ ဗဟုသုတ အလို့ငှာ ရေးသား တင်ပြ လိုက်ရ ပါတယ် ...  PoleStar Minn Minn Aung  -  Pole Star's Literary

No comments:

Post a Comment