Monday, October 14, 2013

ဗီယက်နမ် မြောက်ပိုင်း တွင် မီးရှူး မီးပန်း စက်ရုံ မီးလောင်

ဗီယက်နမ် မြောက်ပိုင်း တွင် မီးရှူး မီးပန်း စက်ရုံ မီးလောင်
ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဖူးသို ပြည်နယ် ရှိ မီးရှူး မီးပန်း ထုတ်လုပ် သော စက်ရုံ ၌ မီးလောင် ကျွမ်း မှု ဖြစ်ပွား ရာ လူ ခြောက်ဦး ထက် မနည်း သေဆုံး ၍ ၁၀ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာန များ က အောက်တိုဘာ ၁၂ ရက်တွင် ရေးသား ဖော်ပြ သည်။
အောက်တိုဘာ ၁၂ ရက် ဒေသ စံတော် ချိန် နံနက် ၇ နာရီ ၅၅ မိနစ် ခန့် က မြို့တော် ဟနွိုင်း မှ ကီလိုမီတာ ၉၀ ကွာဝေး သော ဖူးသို ပြည်နယ် သက်ဘား ခရိုင် ရှိ မီးပန်း စက်ရုံ ၌ ပေါက်ကွဲမှု ကြောင့် အဆက် မပြတ် ပေါက်ကွဲ သံ များ ထွက်ပေါ် ကြောင်း ဗီအင်န်အီး အိပ်စ်ပရက်စ် သတင်းစာ က ရေးသား ဖော်ပြ သည်။ မီးရှူး မီးပန်း စက်ရုံ ပေါက်ကွဲမှု ကြောင့် စက်ရုံ အနီး အနား တွင် နေထိုင် သော ဒေသခံ ပြည်သူများ အား အဝေး သို့ ထွက်ပြေး တိမ်းရှောင် ကြရန် အသံ ချဲ့စက် များ ဖြင့် တာဝန် ရှိသူ များက သတိပေး ကြောင်း၊ နံနက် ၁၁ နာရီ ခွဲခန့် တွင် မီးညွန့် ကျိုးသွား ကြောင်း သတင်း တွင် ဖော်ပြ သည်။
အဆိုပါ မီးရှူး မီးပန်း စက်ရုံ ၌ ပုံမှန် အလုပ် သမား ၃၀၀ ခန့် အလုပ် ဆင်းလေ့ ရှိကြောင်း၊ သို့သော် ထိုနေ့ က စနေ၊ တနင်္ဂနွေ ရုံးပိတ် ရက် ဖြစ်သဖြင့် စက်ရုံ ၌ လူ အနည်းငယ် သာ ရှိကြောင်း၊ ဒဏ်ရာ ရရှိ သွားသူ များ ဆေးရုံ သို့ တင်ပို့ လိုက်ရ ကြောင်း၊ ပေါက်ကွဲ မှု ဖြစ်ပွား ရသည့် အကြောင်း ရင်း ကို ရှင်းလင်း စွာ မသိ ရသေး ကြောင်း၊ ဗီယက်နမ် နိုင်ငံ ရှိ တစ်ခု တည်း သော မီးရှူး မီးပန်း စက်ရုံ တစ်ရုံ ဖြစ်ကြောင်း သတင်းစာ က ဖော်ပြ သည်။
ဆင်ဟွာ
ဗီယက်နမ် မြောက်ပိုင်း တွင် မီးရှူး မီးပန်း စက်ရုံ မီးလောင်  ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဖူးသို ပြည်နယ် ရှိ မီးရှူး မီးပန်း ထုတ်လုပ် သော စက်ရုံ ၌  မီးလောင် ကျွမ်း မှု ဖြစ်ပွား ရာ လူ ခြောက်ဦး ထက် မနည်း သေဆုံး ၍ ၁၀ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာန များ က အောက်တိုဘာ ၁၂ ရက်တွင် ရေးသား ဖော်ပြ သည်။   အောက်တိုဘာ ၁၂ ရက် ဒေသ စံတော် ချိန် နံနက် ၇ နာရီ ၅၅ မိနစ် ခန့် က မြို့တော် ဟနွိုင်း မှ ကီလိုမီတာ ၉၀ ကွာဝေး သော ဖူးသို ပြည်နယ် သက်ဘား ခရိုင် ရှိ မီးပန်း စက်ရုံ ၌ ပေါက်ကွဲမှု ကြောင့် အဆက် မပြတ် ပေါက်ကွဲ သံ များ ထွက်ပေါ် ကြောင်း ဗီအင်န်အီး အိပ်စ်ပရက်စ် သတင်းစာ က ရေးသား ဖော်ပြ သည်။ မီးရှူး မီးပန်း စက်ရုံ ပေါက်ကွဲမှု ကြောင့် စက်ရုံ အနီး အနား တွင် နေထိုင် သော ဒေသခံ ပြည်သူများ အား အဝေး သို့ ထွက်ပြေး တိမ်းရှောင် ကြရန် အသံ ချဲ့စက် များ ဖြင့် တာဝန် ရှိသူ များက သတိပေး ကြောင်း၊ နံနက် ၁၁ နာရီ ခွဲခန့် တွင် မီးညွန့် ကျိုးသွား ကြောင်း သတင်း တွင် ဖော်ပြ သည်။   အဆိုပါ မီးရှူး မီးပန်း စက်ရုံ ၌ ပုံမှန် အလုပ် သမား ၃၀၀ ခန့် အလုပ် ဆင်းလေ့ ရှိကြောင်း၊ သို့သော် ထိုနေ့ က စနေ၊ တနင်္ဂနွေ ရုံးပိတ် ရက် ဖြစ်သဖြင့် စက်ရုံ ၌ လူ အနည်းငယ် သာ ရှိကြောင်း၊ ဒဏ်ရာ ရရှိ သွားသူ များ ဆေးရုံ သို့ တင်ပို့ လိုက်ရ ကြောင်း၊ ပေါက်ကွဲ မှု ဖြစ်ပွား ရသည့် အကြောင်း ရင်း ကို ရှင်းလင်း စွာ မသိ ရသေး ကြောင်း၊ ဗီယက်နမ် နိုင်ငံ ရှိ တစ်ခု တည်း သော မီးရှူး မီးပန်း စက်ရုံ တစ်ရုံ ဖြစ်ကြောင်း သတင်းစာ က ဖော်ပြ သည်။   ဆင်ဟွာ

No comments:

Post a Comment