မဂ္ဂဇင်းကို Tablet မှာပဲ ဖတ်ကြတော့မယ် - Eric Schmidt
Google ရဲ့  အမှုဆောင် ဥက္ကဌ Eric Schmidt က အင်တာဗျူးတစ်ခု မှာ ဖြေကြားခဲ့တဲ့ စကားပါ။ အနာဂတ်မှာ လူတွေဟာ မဂ္ဂဇင်း ကို ကျောက်သင်ပုန်း ကွန်ပြူတာ ( Tablet ) ပေါ်မှာပဲ ဖတ်ကြတော့မယ်လို့ ဆိုပါတယ်။
"ယနေ့ကစလို့ ငါးနှစ်တိတိ ပြည့်တဲ့ တစ်နေ့မှာ Tablet ဆိုတာ ကွန်ပြူတာတွေထပ် ပိုပြီးတော့ အဆင့်မြင့်သွားမယ်။ လူတွေလည်း Tablet လည်းသုံးလာကြလိမ့်မယ်။ အခုတောင် Tablet အသုံးပြုတဲ့ အရေအတွက်က တဖြည်းဖြည်းနဲ့ တိုးလာနေတာ အနာဂတ်မှာ Tablet ဟာ ကြီးစိုးလာတော့မှာပါ။ မဂ္ဂဇင်း ဆိုတာကလည်း Tablet ပေါ်မှာပဲ ဖြစ်တော့ပေါ့။ Publisher တွေအတွက်လည်း အဲဒါက ပိုကောင်းတယ်။ Online Advertisement နဲ့ Business နဲ့ ပက်သက်လို့ လည်း စီးဆင်းမှုက ပိုမို ကောင်းမွန်သွားမယ်၊ Tablet တွေကို PC ကိုကျော်ဖြတ်သွားတော့မှာပါ"
အထပ်ပါ အတိုင်း Ecri Schmidt က ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
.
ဘီလီယံနာတွေဘာဖုန်းသုံးသလဲ
Business Insider မှစာရေးဆရာတစ်ဦးဖြစ်သူ Cork Gaines က Twitter မှာ ဘီလီယံနာတစ်ဦးဖြစ်တဲ့ Dallas Cowboys ရဲ့ President နဲ့ General Manager ဖြစ်သူ Jerry Jones ကယခုတိုင် ခေါက်ဖုန်းကလေးသုံးစွဲနေတဲ့ပုံကို တင်ခဲ့ပါတယ်။ဒါကြောင့် ဘီလီယံနာများဟာ ရိုးရိုးသာမန်ခေါက်ဖုန်းတွေပဲသုံးစွဲတုန်းရှိနေသေးပြီး အဲဒိအတွက် လူအများက စိတ်ဝင်တစားရှိခဲ့ကြပါတယ်။အလားတူစွာပဲ ခေါက်ဖုန်းသုံးနေတဲ့ ကမ္ဘာကျော်များစွာရဲ့ပုံများစွာကိုလည်းစုစည်ပေးထားပါတယ်။
TechSpace Journal
No comments:
Post a Comment