နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် မြန်မာနိုင်ငံ ကိုယ်စားပြု ၍ မယ် စကြာဝဠာ ပြိုင်ပွဲ သို့ ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရရှိခဲ့ သော မိုးစက်ဝိုင် သည် ၎င်း မျှော်လင့် သော မယ် စကြာဝဠာ သရဖူ အား မြန်မာ နိုင်ငံ သို့ ဆောင်ကြဉ်း သွားနိုင် ဖွယ် ရှိကြောင်း International Business Times သင်းစာ မှ အယ်ဒီတာ ဆိုနာလီ ဆင်း က ဟော ကိန်း ထုတ်လိုက် သည်။
မိုးစက်ဝိုင် သည် ပြိုင်ပွဲဝင်များ အကြား ထောက်ခံမှု အများ ဆုံး ရရှိသူ ဖြစ်သည် သာ မက ပရိသတ် အားပေးမှု တွင် ယခင်က ထိပ်ဆုံး တွင် ရှိခဲ့သော ဖိလစ်ပိုင် မယ် အေရီလာ အရီဒါ အား ကျော်ဖြတ် နိုင်ခဲ့ သည်။ မိုးစက်ဝိုင် သည် ပြိုင်ပွဲ ဆန်းစစ် သုံးသပ်ရေး ၀က်ဘ်ဆိုဒ် တစ်ခု ဖြစ်သော Missoslogy.Com မှ ကောက်ယူ သော စစ်တမ်း အရ ပရိသတ် ဆန္ဒမဲ ၁၆၈, ၆၇၁ မဲ ရရှိကာ ထိပ်ဆုံး မှ ဦးဆောင် လျက် ရှိသည်။
မိုးစက်ဝိုင် သည် ကယ်လီဖိုးနီးယား လူသယ်ရန် တက္ကသိုလ် မှ စီးပွားရေး မဟာ ဘွဲ့ဖြင့် ကျောင်းပြီး ခဲ့သူ ဖြစ်၍ ပေါင်းသင်း ဆက်ဆံရေး နှင့် အင်္ဂလိပ် စကား ပြော ကောင်းမွန် သည့် အား သာချက် များ ရှိကြောင်း အေရီလာ အရီဒါ ဆိုလျှင် ပေါင်းသင်း ဆက်ဆံ မှု အရည် အသွေး နည်းပါးသည် ကို ၎င်း ကိုယ်တိုင် ၀န် ခံဖူး ကြောင်း မိုးစက်ဝိုင် ၏ အကောင်းမွန် ဆုံး အားသာ ချက် မှာ စကားပြော ကျွမ်းကျင် မှု ဖြစ်ကြောင်း၊ ယင်း အရည် အသွေး ကြောင့် ၂၀၁၃ Miss Universe ပြိုင်ပွဲ ၏ နောက်ဆုံး အဆင့် မေးခွန်း မေး မြန်း မှု တွင် အခြား ပြိုင်ပွဲဝင် တို့အား ကျော်ဖြတ် နိုင်ဖွယ် ရှိကြောင်း အယ်ဒီတာ ဆိုနာလီ ဆင်း က သုံးသပ် သည်။
ယင်း အပြင် မိုးစက်ဝိုင် သည် လှပသော အသား အရည် ရှိကြောင်း၊ ပြိုင်ပွဲဝင် များ အကြား ကျန်းမာရေး အ ကောင်းဆုံး အသား အရည်၊
healthiest skin ကို ပိုင်ဆိုင် ထားပြီး မြန်မာ နိုင်ငံ ၌ လည်း Miss Healthy Skin ဆု ရရှိထားသူ ဖြစ်ရာ ယင်း အချက် ကလည်း အားသာ ချက် တစ်ရပ် ဖြစ်ကြောင်း ဆိုနာလီဆင်း က ထပ်မံ သုံးသပ် သည်။
People power

No comments:
Post a Comment