Monday, October 14, 2013

ဗုံးကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ

စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ

Posted by drmyochit Tuesday, October 15, 2013, under  | No comments


စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်းတန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

စစ်ကိုင်းမြို့သည် ဘာသာရေး အဆောက်အအုံအများအပြားနှင့် မြန်မာနိုင်ငံတွင် သံဃာအများဆုံး သီတင်းသုံးရာ မြို့ဖြစ်ကာ ယခုကဲ့သို့ ဘုရားစောင်းတန်းမှာ ဗုံးကွဲခြင်းသည် အခြားမြို့မှ အခြားဘာသာဝင် တစ်ဦးက လာရောက် ဗုံးခွဲတာ ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။

Tuesday, October 15, 2013

မြို့ကြီးအချို့တွင် ဗုံးကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပေါ်

Posted by drmyochit Tuesday, October 15, 2013, under  | No comments

မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးနဲ့ တောင်ငူမြို့တွေမှာ ဗုံးကွဲမှုတွေနဲ့ ဗုံးလို့ ယူဆရတဲ့ မသင်္ကာဖွယ် ပစ္စည်း တွေ့ရှိမှု ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။


မန္တလေးမြို့ လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၂ နာရီကျော်က ဗုံးတလုံးကို တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေ စနစ်တံဖြုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မရနိုင်တော့တာကြောင့် ၃ နာရီလောက်မှာ ဖောက်ခွဲရှင်းလင်းလိုက်ကြတယ်လို့ မန္တတိုင်း ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
ဗုံးဟာ ဓာတ်ခဲ ၃ ခဲနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး တလုံး ဖြစ်ပြီး ဗုံးရှင်းလင်းရေးတပ်က တာဝန်ရှိသူတွေ လာရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ညနေ ၄ နာရီ ခွဲ ၀န်းကျင်လောက်ကလည်း မန္တလေးမြို့ ၂၉ လမ်းနှင့် ၃၀ လမ်းကြား ၆၂ လမ်း၊ ချမ်းအေး သာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝမှာ ကလေးကျောပိုးအိတ် အပြာရောင်တလုံး မသင်္ကာဖွယ် တွေ့ရှိခဲ့တဲ့အတွက် တိုင်းရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူကာ အဲဒီ အထုတ်ကို ကာရံ ထားတယ်လို့လည်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ တရက်တည်းမှာတင် ရန်ကုန် အလုံမြို့နယ်က western park စားသောက် ဆိုင်မှာလည်း မနက် ၁၀ နာရီလောက်က ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။
သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက် မာန်ပြေလမ်းနဲ့ မြင်တော်သာလမ်းအကြား၊ ယမုံနာမြို့ပတ် လမ်းမကြီးပေါ် အခွန်လွတ်ဈေးရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတခု ဖြစ်ပြီး ကလေးငယ် ၂ ဦး ဒဏ်ရာအနည်းငယ် ရသွားပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ တွေ့ရှိတဲ့ သတင်းတွေကြောင့် ပြည်သူတွေ အနေနဲ့လည်း စိုးရိမ်စိတ်တွေ ဖြစ်နေရပါတယ်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ ပြည်သူတွေ ဗုံးနဲ့ပတ်သက်လို့ မသင်္ကာဖွယ်တွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ အသိပေး နိုးဆော်ထားပါတယ်။ ရန်ကုန်မြို့မှာလည်း လုံခြုံရေးကို ရက်အကန့်အသတ်မရှိ တိုးမြှင့်လိုက်ပါတယ်။

Tuesday, October 15, 2013

အမျိုးသမီးတစ်ဦးထားခဲ့သည့် M67 ဗုံးအား သက်ဆိုင်ရာမှအချိန်မီရှင်းလင်းနိုင်ခဲ့

Posted by drmyochit Tuesday, October 15, 2013, under  | No comments


အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦးမှဆိုင်အတွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည်ကို ပြန်မယူပဲ အဆိုပါ အမျိုးသမီးက လမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေကအိတ်ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကိုစတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။

အဆိုပါဗုံးမှာ အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် M67ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင် သည်ကိုမူ မသိရှိသေးကြောင်းအဆင့်မြင့်အရာရှိများက ပြောကြားသည်။

ဗုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ တာဝန်ရှိသူများက Water Cannon (အရည်တစ်မျိုးဖြင့်ဗုံးအား အသက်မဲ့စေသောစနစ်) စနစ်အား အသုံးပြုပြီး ညနေ(၃) နာရီတွင် ရှင်းလင်းခဲ့သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင်လည်း (၁၄)ရက်နေ့၌ အလုံမြို့နယ်၊ Waster Park II စားသောက်အတွင်းမှ ချိန်ကိုက်ဗုံး
ဟု ယူဆရသော အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပြီး တပ်မတော်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့ကြောင်း
သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်နေ့က ရန်ကုန်မြို့တွင်လည်းလက်လုံးဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment