Tuesday, October 8, 2013

ပြင်ဦးလွင်လမ်းက တရားမ၀င်နိုက်ကလပ် ဖမ်းပြီ

ပြင်ဦးလွင်လမ်းက တရားမ၀င်နိုက်ကလပ် ဖမ်းပြီ

Posted by drmyochit Tuesday, October 08, 2013, under | No comments
တရားမ၀င်နိုက်ကလပ်ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ အောက်တိုဘာ ၇
၅-၁၀-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၃၅)လမ်းနှင့် ပြင်ဦးလွင် လမ်းထောင့်ရှိ Bar Coad စားသောက်ဆိုင်တွင် နိုက်ကလပ်ပြုလုပ်နေကြောင်းသတင်းအရ သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့်ရှာဖွေရာ နိုက်ကလပ်ပြုလုပ်သည့်အခန်းအတွင်း ဆိုင်မန်နေဂျာ ကျော်ထွန်းအောင်(၃၄)နှစ်နှင့် ဆိုင်ဝန်ထမ်း ကျား(၁၃)ဦးအား သီချင်းသီဆိုကခုန်ရာတွင်အသုံးပြုသည့် စက်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ထွန်းအောင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၆၅၆/၂၀၁၃၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဆိုင်ဝန်ထမ်းများအား ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment