Monday, October 21, 2013

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်


လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်

လေးဖြူ၏ “ဒိုင်ယာရီ” တေးသီချင်းသစ်ကို Myanmar Music Store ၌ အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချ မည်ဖြစ်သည်။ ယင်းသီချင်းအား Myanmar Music Store ၏ ဖွင့်ပွဲအနေဖြင့် ရောင်းချခြင်းလည်းဖြစ်သည်။
ယင်းသီချင်းကို တေးရေးအသစ်ဟန်ဆိုင်းက ရေးဖွဲ့ခဲ့ပြီး Slow Rock အမျိုးအစားတေးသီချင်းဖြစ်ကာ PTL စတူဒီယို တွင် အသံသွင်းယူထားခြင်းဖြစ်သည်။ ယင်းသီချင်းနှင့်ပတ်သက်ပြီး Myanmar Music Store မှ ဒေါက်တာကိုကိုလွင် (Iron Cross တေးထုတ်လုပ်ရေး)က “လေးဖြူသီချင်းကို Myanmar Music Store ဖွင့်ပွဲအနေနဲ့ ပထမဆုံးရောင်းတာ ပါ။ လေးဖြူထွက်လာမယ့် အခွေထဲကတစ်ပုဒ်ကို ရောင်းချတာပါ။
Download ဆွဲရင် မြန်မာနိုင်ငံအတွက် ဆိုရင် မြန်မာငွေ ကျပ် ၃၀၀ သတ်မှတ်ထားတယ်။   ပြည်ပဆိုရင် အမေရိကန်ဒေါ်လာ ၄၉ ပြားနှုန်း သတ်မှတ်ထားတယ်။    အဓိက,ကတော့ အဆိုတော်ကြီး တစ်ယောက်ရဲ့ သီချင်းကိုပရိသတ်တွေ နားဆင်နိုင်အောင် ဖွင့်လှစ်ပေးတဲ့သဘောပါ”ဟု ဆိုသည်။
ယင်းသီချင်းကို Iron Cross တီးဝိုင်းဖြင့် တီးခတ်ထားပြီး ချစ်စမ်းမောင်က Music Arrangement  လုပ်ထားသည်။ ၀ယ်ယူလိုသူများသည် www.myan-marmusicstore.com မှ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ကျသင့်ငွေကို မိမိ၏ ဖုန်းဘီလ် ထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ အဆိုပါနေ့တွင် ၀ိုင်းစုခိုင်သိန်း၏ “အာဘွား” တေး သီချင်းကိုလည်း ရောင်းချ မည်ဖြစ်သည်။
credit:mizzima

No comments:

Post a Comment