Monday, October 21, 2013


နှလုံးရောဂါအတွက် တစ်လုံးတည်း သောက်ရမည့်ဆေး ပေါ်လာတော့မည်လား

နှလုံးရောဂါအတွက် တစ်လုံးတည်း သောက်ရမည့်ဆေး ပေါ်လာတော့မည်လား

နှလုံးသွေးကြောရောဂါရှင်(car-diovascular diseases) တွေ အတွက် တစ်လုံးတည်းသောက်စရာ   လိုတဲ့ ဆေးတစ်မျိုးကို တီထွင်နိုင်ပြီလို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ ဒီတီထွင်မှုမှာ အိန္ဒိယနိုင်ငံနဲ့ ဥရောပနိုင်ငံသုံးခုမှာ ၂၀၁၀ဂျူလိုင် လကတည်းက လေ့လာမှုတွေ ပြုလုပ် ခဲ့တာကြောင့် အခုလို ဆေးဝါးမျိုးပေါ် ထွက်လာတာ ဖြစ်ပါတယ်။ ဆေးအမည် ကတော့ polypill ပဲဖြစ်ပါတယ်။
လေ့လာမှုမှာ နှလုံးရောဂါရှင် ၈၆.၃%ကတော့ polypil ဆေးဝါး တစ်မျိုးကိုပဲ ဆက်လက်သောက်သုံး မယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ၁၃.၇%က တော့ ယခင်သောက်သုံးနေကြဆေး ၀ါးအ များစုကိုပဲ ဆက်လက်သောက် သုံးမယ်ဆိုတာကို ရလဒ်ထုတ်ပြန်ခဲ့ ပါတယ်။ ဒီလေ့လာမှုကို European Commission က ရန်ပုံငွေချပေးခဲ့ပြီး London’s Imperial College က သုတေသနပြုခဲ့တာဖြစ်ပါတယ်။
ဒီဆေးဝါး Polypil ဟာ အက်စပရင်၊ အဆီကျစေတဲ့ simvastatin နဲ့ သွေးဖိအားကျဆင်းစေတဲ့ agents တွေကို ပေါင်းစပ်ထားပါ တယ်။ ဒါဟာ ဆေးအများကြီးသောက် သုံးနေကြရတဲ့   နှလုံးသွေးကြောဝေဒနာ သည်တွေအတွက် သက်သာစရာ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ ဒီဆေးဝါးနဲ့ ရလာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဆက်လက်လေ့လာ နေပါတယ်။
ဒီလေ့လာမှုကို Journal of American Medical Association မှာ ဖော်ပြထားပါ

No comments:

Post a Comment