Road To Miss Universe 2013 (Part-1)
News For MU2013
Miss Universe 2013 Final ပြိုင်ပွဲကို (၂၀၁၃)ခုနှစ်၊ နိုဝင်ဘာလ (၉ )ရက်နေ့.. ရုရှားနိုင်ငံ၊ မော်စကိုမြို့ ၊ Crocus City Hall မှာ ကျင်းပမှာပါ။
အခုလက်ရှိမှာတော့ ပြိုင်ပွဲဝင်စုစုပေါင်း (၈၃)ယောက် ရှိနေပါပြီ။ Miss Universe website မှာ ဖော်ပြထားတဲ့ သတတင်းအရကတော့ စုစုပေါင်း (၈၈)ယောက် ရှိမှာပါ။ ပြိုင်ပွဲဝင်တွေရဲ့ ဓါတ်ပုံကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
ပြိုင်ပွဲရဲ့ Event Schedule ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
20-24 October: နိုင်ငံအသီးသီးကမယ်တွေ ရုရှားကို ဒီရက်အတွင်းမှာ လာကြရမှာပါ။
October 22: Birthday SEC "Vegas", a red carpet appearance in a duet with singer Eminem October 25: Welcome Event
October 26: Opening of Mercedes Fashion Week with Olivia
October 27: Fashion Day in the Crocus City Mall
October 28: Mercedes-Benz Moscow Raceway & SPA-day in Agalarov Ectate
November 3: National show of costumes, TRC "Vegas" ( ustream live ကနေ ကြည့်လို့ရပါတယ်။)
November 5: 20:00 Preliminary Competition, Crocus City Hall (GMT+4 စင်္ကပူထက် လေးနာရီ နောက်ကျပါတယ်။ မြန်မာပြည်နဲ့ဆိုရင်တော့ နှစ်နာရီခွဲပဲ ကွာပါတယ်။) ( ustream live ကနေ ကြည့်လို့ရပါတယ်။)
November 6: Press conference by Donald Trump (owner of the Miss Universe businessman) November 7: Charity auction
November 9: 22:00pm (SG 6pm) - Final Night of MU2013 at Crocus City Hall (Xbox Liveကနေ ကြည့်လို့ရပါတယ်။)
November 9: Contestants Departure
My Favourites
~~ France
ဒီပွဲအတွက် အကြိုက်ဆုံး အလှမယ်ကို ပြောပါဆိုရင် Miss France, Hinarani de Longeaux ကို ရွေးပါမယ်။ Hinarani ဟာ အရမ်းကိုကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။ တခြားမယ်တွေနဲ့လည်း သိပ်မတူဘဲ တမူ ထူးခြားတယ်လို့ ထင်ပါတယ်။ ကိုယ်လုံးကလည်း လှတယ်ဆိုတာအပြင် ကျစ်လစ်မှုပါ ရှိပါတယ်။
Hinarani ဟာ တကယ်တော့ Miss France 1st runner-up ပါ။ Miss France ပြိုင်ပွဲမှာ လူတွေက သူမကို တခဲနက် အားပေးခဲ့ကြပေမဲ့ 1RU နဲ့ ပြီးခဲ့ရသူပါ။ ဒါပေမဲ့... ပြိုင်ပွဲဝင်ပြိုင်ရမဲ့အချိန် အဆင်မပြေတာကြောင့် ပထမရတဲ့ Marine Lorphelin က Miss World 2013 မှာ ဝင်ပြိုင်တာမို့ France orgက Hinaraniကို Miss Universe 2013 ကို ပေးသွားလိုက်တာပါ။ Marine Lorphelin ကတော့ Miss World 2013 ပြိုင်ပွဲ မှာ first RU, Queen of Europe ဆုတွေ ရသွားပါတယ်။ ကျမကတော့ သူတို့ နှစ်ယောက်လုံးကို သဘောကျပါတယ်။ပြင်သစ်ဟာ မယ်စကြာဝဠာဘွဲ့ကို (၁၉၅၃)ခုနှစ်မှာပဲ တစ်ခါရဖူးပါတယ်။ ဒါပေမဲ့ ဒီဆယ်စုနှစ်အတွင်း မယ်စကြာဝဠာပွဲမှာ အောင်မြင်တဲ့နိုင်ငံတွေထဲမှာ ပြင်သစ်ပါပါတယ်။ ခု.. လက်ရှိ လေးငါးနှစ်အတွင်းမှာတော့ ၂၀၁၂၊ ၂၀၁၁နဲ့ ၂၀၀၉ ခုနှစ်တွေမှာ top-10 အထိ ပြင်သစ်မယ်တွေ တက်လှမ်းနိုင်ခဲ့ပါတယ်။ (၂၀၁၀)မှာတော့ ပြင်သစ်က top-15 ပဲ ပါပါတယ်။
ခုလက်ရှိအချိန်မှာ Hinarani ဟာ MU2013ပွဲအတွက် front runnerပါ။ ကျမကတော့ သူ့ကို ဖြစ်နိုင်မယ်ဆိုရင် Miss Universe 2013 ဖြစ်စေချင်ပါတယ်။ စိတ်ထဲမှာ top-5 တော့ အသာလေးဝင်မယ် ထင်ပါတယ်။ ဒါပေမဲ့ မနှစ်က Miss South Africa, Melida Bam လို နာမည်တအားကြီးပြီး top-10 လောက်နဲ့ ပြီးသွားမှာကို စိုးရိမ်မိပါတယ်။
~~ Indonesia
Hinarani ပြီးရင်တော့ Miss Indonesia, Whulandary Herma ကိုကြိုက်ပါတယ်။ အင်ဒိုနီးရှားဟာ တကယ်တော့ အလှမယ်လောကမှာ အောင်မြင်တဲ့နိုင်ငံ မဟုတ်ပါဘူး။ သူ့ နိုင်ငံက အလှမယ်တွေကလည်း အင်ဒိုတရုတ်မလေးတွေပါ။ မူရင်းအင်ဒိုလူမျိုးတွေကတော့ ဘာသာရေးကန့်သတ်ချက်တွေကြောင့် ဝင်မပြိုင်ကြပါဘူး။ MU ဒိုင်တွေက Miss China တွေကိုသာ သဘောတကျနဲ့ ရွေးချင်ရွေးပေမဲ့ အင်ဒိုတရုတ်မလေးတွေကိုကျတော့ မရွေးတတ်ကြပါဘူး။ (၂၀၁၂)မှာတော့ အင်ဒိုနီးရှားကမယ်က တစ်မျိုးထူးခြားသွားပါတယ်။ အရင်နှစ်တွေကမယ်တွေနဲ့ လုံးဝ (လုံးဝ) မတူတဲ့ Whulandaryကို မယ်စကြာဝဠာပွဲအတွက် ရွေးချယ်လိုက်ပါတယ်။
ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့မျက်နှာအပြင် လှပတဲ့၊ ပေါင်တံ ရှည်ရှည်သွယ်သွယ်တွေကို ပိုင်ဆိုင်ထားတဲ့ Whulandary ကိုတော့ MU2013 မရရင်တောင် ဒီပွဲမှာ အောင်မြင်မှုတွေ ရစေချင်ပါတယ်။ စိတ်ထဲမှာလည်း သူ.. အနည်းဆုံးတော့ top-15 ရမယ်လို့ ခံစားမိပါတယ်။ တစ်ခုပါပဲ။ သူက မော်ဒယ်ဆိုတော့ "Kodomo Walk" နည်းနဲ့ လမ်းလေ ွ်ာက်တာကတစ်ခုက MU ပွဲနဲ့ မသင့်တော်ဘူး ထင်ပါတယ်။ အဲ့ဒီဟာကို ပြင်လိုက်ရင် ကောင်းမယ်။ဒါနဲ့စကားမစပ်.. အစပိုင်းကတော့ ( အာရှအလှမယ်တွေ Miss World နဲ့ Miss Supranational ဆုတွေ မရခင်အထိ) ဒီနှစ် MU2013 ကို အာရှကမယ်ကို ရစေချင်ပါတယ်။ ခုတော့ စိတ်ကူးပြောင်းသွားပါပြီ။ :P
~~ Mexico
သူတို့နှစ်ယောက်အပြင် နောက်ထပ်သဘောကျမိတဲ့ အလှမယ်ကတော့ မက်ဆီကို အလှမယ် Cynthia Duque ပါ။ မနှစ်က မက်ဆီကိုအလှမယ်က အရမ်း လူကြိုက်များပေမဲ့ ကျမကတော့ လူကောင်ထွားလို့ မကြိုက်ခဲ့ပါဘူး။ (၂၀၁၃)မယ် စင်သီယာကို ပိုကြိုက်ပါတယ်။ သူက ဆွဲဆောင်မှုလည်းရှိတယ်။ ကိုယ်လုံးလည်း လှတယ်။ တစ်ခါမြင်ပြီးရင် နောက်တစ်ခေါက်ပြန်ကြည့်ချင်စရာ ကောင်းပါတယ်။ ကျမကတော့ သူ့ပုံတစ်ပုံတွေ့ပြီးတာနဲ့ သူရဲ့ တခြားဓါတ်ပုံတွေ လိုက်ရှာ၊ movie clip တွေလိုက်ကြည့်တော့တာပါပဲ။ Mexico ဟာ (၁၉၉၁)မှာတစ်ကြိမ်၊ (၂၀၁၀)မှာတစ်ကြိမ် မယ်စကြာဝဠာဆု ရဖူးပါတယ်။ ဒီနှစ်မှာလည်း top-10 တော့ အသာလေးဝင်မယ် ထင်ပါတယ်။ ဝင်လည်းဝင်စေချင်ပါတယ်။ း)
To be continued...
witch83
(03/10/2013; 6:38PM; GMT+8) 










No comments:
Post a Comment