Saturday, October 12, 2013

Texas သံချပ်ကာ ကားလုပ်ငန်းက အရေးကြီးပုဂ္ဂိုလ်များအတွက် အစီးရေ ၂၀၀ နှစ်စဉ် ထုတ်လုပ်ပေးနေ

Texas သံချပ်ကာ ကားလုပ်ငန်းက အရေးကြီးပုဂ္ဂိုလ်များအတွက် အစီးရေ ၂၀၀ နှစ်စဉ် ထုတ်လုပ်ပေးနေ



     အမေရိကန်ပြည်ထောင်စု၏ သတ္တမမြောက် လူဦးရေ အထူထပ်ဆုံး ဆန်အန်တိုနီယိုမှ တက္ကဆက်ကျည်ကာကား တပ်ဆင်ရေးလုပ်ငန်း Texas Armoring Corporation သည် နိုင်ငံ့ခေါင်းဆောင်များ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ တော်ဝင်မိသားစုဝင်များ စသည့် အရေးကြီးပုဂ္ဂိုလ်များအတွက် တစ်နှစ်လျှင် ကျည်ကာကားအစီးရေ ၂၀၀ ခန့်တပ်ဆင် ထုတ်လုပ်ပေးနေရသည်ဟု သိရသည်။

    များမကြာသေးမီ အချိန်မှစ၍ ကျည်ကာကား မှာယူသောသူများတွင် နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်လာသည်။ အထူးသဖြင့် ၎င်းအနုပညာရှင်များ၏ ပုဂ္ဂလိက ဘ၀လုံခြုံရေးကို ခြိမ်းခြောက်မှုများ၊ ပြန်ပေးဆွဲခံရမှုများမှ ကာကွယ်နိုင်ရန် ကျည်ကာကားကို စိတ်ကြိုက်ဒီဇိုင်းဖြင့် ငွေကုန်ကြေးကျခံမှာယူမှုများ ပိုများလာခဲ့သည်။

    The Dictator ဖြင့် နာမည်ကြီးလာသည့် ဆာရှာဘာရွန်ကိုဟန်း၊ ရက်ပါ ကန်းယေးဝက်စ်တို့သည် ဒါ့တ်ဇ် မော်တော်မှ စိတ်ကြိုက်ဒီဇိုင်းဆင် ကျည်ကာကားများ မှာယူခဲ့ကြသည်။

    “လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကဆိုရင် ဟောလိဝုဒ်စူပါစတားတွေဆီကနေ ကျည်ကာကား မှာယူမှုဆိုတာ မရှိသလောက်ပဲ။ အခုတော့ တစ်နှစ်ကို ၁၀ စီး၊ ၁၅ စီးလောက် ဆင်ပေးရပါတယ်။ စတီဗင်ဆီးဂဲလ်တို့၊ ရက်ပါ T. I တို့အပြင် စပိုက်ဂဲလ် အဖွဲ့ က မယ်လ်ဘီလည်း ကျည်ကာကား မှာတယ်။ မယ်လ်ဘီရဲ့ကားဆိုရင် ၂၄၀ ဗို့အားရှိပြီး လူကို ထိတ်လန့်ရုံသာ ဖြစ်စေတဲ့ လျှပ်စစ်လှိုင်းကို ထုတ်ပေးနိုင်တယ်။ သူ့ရဲ့ကက်ဒီလက် Escalade ဟာ စတာလင်ပေါင် ၂ သိန်း တန်ကြေးရှိတယ်”ဟု တက္ကဆက် ကျည်ကာကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းမှ ဒုတိယ ဥက္ကဌ ဂျေဆင် ဖရော့စတန်က ပြောသည်။

    ကျည်ကာကား မှာယူသော သူများတွင် တိုက်ဂါးဝုဒ်ကဲ့သို့ ကမ္ဘာကျော် ပရော်ဖက်ရှင်နယ်ကစားသမား များလည်း ပါဝင်သည်။

Ref :**This article is provided by Auto World Journal.

No comments:

Post a Comment