Saturday, October 19, 2013

မလေးရှားရှိ မြန်မာအလုပ်သမားများ အတွက် သတင်းကောင်း

မလေးရှားရှိ မြန်မာအလုပ်သမားများ အတွက် သတင်းကောင်း

Written By နေဇော်လင်း- မီဒီယာ on Friday, October 18, 2013 | 5:55:00 PM



 " မလေးရှိ ဒုက္ခရောက်နေသော မြန်မာ အလုပ်သမားများ ယခုလ နောက်ဆုံးပတ်တွင် MAI နှင့် ကမ္ဘောဇပူးပေါင်း ခေါ်ဆောင် ပေးမည်"

မလေးရှားနိုင်ငံတွင် ဒုက္ခရောက် နေကြသော မြန်မာလုပ်သားများကို ယခုအောက် တိုဘာလ နောက်ဆုံးပတ်တွင် ပြန်လည် ခေါ်ဆောင်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း MAI နှင့် ကမ္ဘောဇဘဏ်လီ မိတက်တို့မှ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 
''သီတဂူဆရာတော်တို့ ဘက်က ဟိုဘက်အပိုင်းကို ကူညီပေးတယ်။ သူ တို့ အထောက်အကူပြုအဖွဲ့က ကမ့်ထဲက နေလူစုပေးပြီး လူပြည့်ပြီဆိုရင် အစ်မ တို့ကို ပြောတယ်။ ဒီဘက်က လေယာဉ် တစ်စီးစာ လူရပြီဆိုရင် သွားခေါ်ပေးတယ်''ဟု အပြည်ပြည် ဆိုင်ရာမြန်မာ့လေ ကြောင်း (MAI) မှ (Marketing & Public Relationship မန်နေဂျာ) ဒေါ်အေးမရသာက ပြောသည်။ 
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေ ကြောင်း ( MAI ) နှင့် ကမ္ဘောဇဘဏ်လီမိ တက်တို့ပူးပေါင်း၍ ယခုလ ၈ ရက်နေ့တွင် လည်းမလေးရှားရှိ ဒုက္ခရောက်နေသော မြန်မာ လုပ်သား၁၇၅ဦးကို မြန်မာနိုင်ငံရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ 
''လေယာဉ်စင်းလုံးလိုက် ကူညီ ပေးတာကို ကန့်သတ်ထားတာမရှိဘူး။ ဟိုမှာရှိတဲ့ ဒုက္ခသည်တွေအားလုံး ဒီပြန်လာနိုင်ဖို့ အတွက် နောက်ကို တောက် လျှောက်ပြေးဆွဲသွားမှာ''ဟု ဒေါ်အေး မရသာက ဆက်ပြောသည်။ 
မလေးရှားမှ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မြန်မာလုပ်သား များကို MAI အနေဖြင့် စင်းလုံးပြည့် လေယာဉ်များဖြင့် အခမဲ့ကူညီ ဆောင် ရွက်ပေးခြင်းမှာ ဇွန်လမှ ယခုလ အထိ စုစုပေါင်း ၅ ကြိမ် ကူညီဆောင်ရွက် ခဲ့ပြီးဖြစ်သည်။ 
ခိုင်နွယ်ဦး 
Source by : Popular Myanmar News Journal

No comments:

Post a Comment