ဗုံးဖောက်ခွဲမှု သံသယတရားခံများတွင် မလေးရှားပြန် မြန်မာများတွေ့ရှိ
Written By နေဇော်လင်း- မီဒီယာ on Wednesday, October 16, 2013 | 12:33:00 PM
မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သော မြန်မာနိုင်ငံ သား သုံးသိန်းခန့်ရှိရာ တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် ပတ်စ် ပို့နှင့် ပါမစ်များ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာခဲ့ သော်လည်း အောက်တိုဘာ ၂၁ ရက်သို့ ရုတ်တရက် ပြောင်းရွေ့ လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ တရားမ၀င်နေထိုင် သူ မြန်မာနိုင်ငံသားများကိစ္စကို မလေးရှားအစိုးရက အောက်တို ဘာ ၂၁ ရက်နေ့တွင် ထုတ်ပေး သွားမည့်အကြောင်း မလေးရှား နိုင်ငံထုတ် The Star သတင်းစာ တွင် ဖော်ပြထားကြောင်း၊ လိုအပ် သော အိမ်ထောင်စုစာရင်းများ မှတ်ပုံတင်များ ရဲစခန်းနှင့်ရပ်ကွက် ထောက်ခံစာများမှာ ယူထားကြ ရန်ကိုလည်း မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ ကြေညာထား ကြောင်း၊ မလေးရှားနိုင်ငံရောက် ဧရာဝတီလူမူကူညီရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။
““အရင်က ဒီလ ၁ ရက်နေ့ ထုတ်ပေးမယ်ပြောပြီးမှ ခုလို ပြောင်းသွားတာ၊ လူတွေက စောင့်မျှော်နေကြရတာ ဈေးနှုန်း လည်း ကြေညာ မထားသေးဘူး၊ ဈေးကြီးရင်တော့ လုပ်နိုင်ကြမှာ မဟုတ်ဘူး””ဟု ယင်းလူမှုရေး အသင်းမှ ဦးအောင်သန်းဦးက ဆို သည်။
၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့ သော GP စီမံချက်အစီအစဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မထုတ်ရသေးသူများ၊ ပါမစ်မရသေးသူများ၊ ယခုမှ စာအုပ်လုပ်မည့်သူများ အားလုံး ပါဝင်မည်ဖြစ်ကြောင်း လက်ဆယ် ချောင်းစလုံး လက်ဗွေနှိပ်ပြီး မျက်စိသူငယ်အိမ်ကို ဓာတ်မှန် ရိုက်သည့်နည်းဖြင့် One Stop Service လုပ်ပေးမှာဖြစ်ကြောင်း သိရသည်။
တစ်ပြိုင်တည်း ဆိုသလို မန္တလေးဗုံးဖောက်ခွဲမှ သံသယရှိ သူ လေးဦးအား CCTV မှတ်တမ်း များနှင့် ဆိုင်ဝန်ထမ်းများ ထွက်ဆို ချက်အရ ဖမ်းဆီးနိုင်ခဲ့ရာတွင် ၎င်းတို့အနက် မလေးရှားမှ ပြန် လာသော အမျိုးသားသုံးဦးပါဝင် နေကြောင်း အင်တာနက်သတင်း များကဆိုသည်။
Source by : HOT NEWS
No comments:
Post a Comment