Thursday, October 17, 2013

First Look: မျိုးဆက်သစ် Apple Mac Pro

First Look: မျိုးဆက်သစ် Apple Mac Pro

Apple အနေနဲ့ ယင်းတို့ရဲ့ စွမ်းရည်အမြင့်ဆုံး ကွန်ပြူတာများလို့ ခေါ်လို့ရတဲ့ Mac Pro တွေရဲ့ ပုံစံဒီဇိုင်းကို မပြောင်းလဲခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီအချက်ဟာ လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောင်းလဲသွားဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Apple ရဲ့ World Development Conference မှာ iOS 7 နဲ့အတူ ထုတ်ဖော်ပြသ သွားခဲ့တာကတော့ မျိုးဆက်သစ်၊ ပုံစံသစ် Mac Pro ကွန်ပြူတာပဲ ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းဟာ ဘယ်လောက်တောင်မှ ဆန်းသစ်သလဲဆိုရင် အဝေးကကြည့်ရင် ကွန်ပြူတာလို့တောင် ထင်စရာမရှိပါဘူး။ သမားရိုးကျ ကွန်ပြူတာများရဲ့ ပုံစံဒီဇိုင်ဖြစ်တဲ့ လေးထောင့်ပုံစံကနေ လုံးဝခွဲထွက်ပြီး စလင်ဒါပုံစံ ဒီဇိုင်းထုတ်လုပ်ထားလို့ လွန်စွာမှကို ထူးခြားလို့ နေပါတယ်။

Apple ရဲ့ အဆိုအရ ဤ ခေတ်ရှေ့ပြေး ပုံစံဒီဇိုင်းနဲ့ ထည့်သွင်းထားတဲ့ စက်ပိုင်းဆိုင်ရာ ပစ္စည်းတွေဟာ နောင် ၁၀ နှစ်တိုင်အောင် ခေတ်နောက်ကျသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Apple အနေနဲ့ ဤ Mac Pro ကွန်ပြူတာအား အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်၌ ဈေးကွက်တွင်း စတင်ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်အား ထုတ်ဖော်ကြေညာဖွယ် ရှိနေပါတယ်။

အသေးစိတ် လေ့လာကြည့်ရအောင် -

ပထမဆုံးအနေနဲ့ ဤ Mac Pro ကွန်ပြူတာရဲ့ ပရော်ဆက်ဆာက အံ့မခန်းပဲ ဖြစ်ပါတယ်။ 12-Core 256-bit Intel Xeon E5 ပရော်ဆက်ဆာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၁ စက္ကန့်ကို 60 GB အမြန်နှုန်း ရရှိနိုင်မယ့် 1866 MHz DDR3 RAM ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းမှာတော့ လူတိုင်းကို ပါးစပ်အဟောင်းသားနဲ့ ကျန်နေစေနိုင်မယ့် ကွန်ပြူတာ တစ်လုံးပဲ ဖြစ်ပါတယ်။

Mac Pro များဟာ ရုပ်ရှင်နဲ့ ဗီဒီယို တည်းဖြတ်ရာမှာ အသုံးအများဆုံး ကွန်ပြူတာများ ဖြစ်တာကြောင့် အခု Mac Pro အသစ်မှာ ပါလာတဲ့ dual AMD FirePro GPU (သို့) ဂရပ်ဖစ်ယူနစ် များဟာလည်း လွန်စွာမှကို စွမ်းရည်မြင့်လှပါတယ်။ 4K Ultra HD ပုံထွက်နှုန်းအား ထောက်ပံပေးနိုင်မယ်လို့လဲ သိရှိရပါတယ်။

ထို့အပြင် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် USB 3.0 အပေါက် ၄ ခုနှင့် Lightning 2.0 အပေါက် ၆ ခု ထည့်သွင်းပေးထားပါတယ်။ မိမိရဲ့ စားပွဲအောက်မှာ မှောင်နေတယ် ဆိုရင်လည်း ပူစရာမလိုပါဘူး။ အထက်ပါ USB နဲ့ Lightning အပေါက် ၁၀ ခုဟာ ယင်းတို့နဲ့ ချိတ်ဆက်တပ်ဆင်ရာမှာ လွယ်ကူစေဖို့ အလင်းရောင်ပေးထားမှာ ဖြစ်ပါတယ်။

ဘာပဲပြောပြော အဓိက ပြောင်းလဲသွားတာကတော့ ပုံစံဒီဇိုင်းပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ထုထည်ပမာဏမှာ လက်ရှိ Mac Pro တွေရဲ့ ၈ ပုံ ၁ ပုံသာ ရှိတော့လို့ လွန်စွာမှာ သိပ်သည်းကျစ်လစ်တဲ့ ပုံစံဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။

ဒီလို သိပ်သည်းကျစ်လစ်တဲ့ ပုံစံဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ကွန်ပြူတာတစ်လုံးမှာ အထက်ဖော်ပြပါ စွမ်းရည်မြင့် စက်ပစ္စည်းတွေကို ထည့်သွင်းပေးထား နိုင်တဲ့အချက်ကတော့ ကွန်ပြူတာရဲ့ အလယ်ပိုင်းမှာ ထိုးလျှိုပေါက် ထည့်သွင်းထားပြီး ထိပ်ပိုင်းမှာ ပန်ကာအကြီးတစ်လုံး တပ်ဆင်ထားတဲ့ Thermal Core (သို့) အပူချိန် ထိန်းညှိစနစ်ပဲ ဖြစ်ပါတယ်။

အရွယ်အစားကတော့ အမြင့် ၉.၉ လက်မနဲ့ အကျယ်အဝန်းအားဖြင့် ၆.၆ လက်မသာ ရှိပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အကြား ကျသင့်ဖွယ် ရှိနေပါတယ်။
First Look: မျိုးဆက်သစ် Apple Mac Pro  Apple အနေနဲ့ ယင်းတို့ရဲ့ စွမ်းရည်အမြင့်ဆုံး ကွန်ပြူတာများလို့ ခေါ်လို့ရတဲ့ Mac Pro တွေရဲ့ ပုံစံဒီဇိုင်းကို မပြောင်းလဲခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့်  ဒီအချက်ဟာ လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ  ပြောင်းလဲသွားဖွယ် ရှိနေပါတယ်။   ပြီးခဲ့တဲ့ ဂျွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Apple ရဲ့ World Development Conference မှာ iOS 7 နဲ့အတူ ထုတ်ဖော်ပြသ သွားခဲ့တာကတော့ မျိုးဆက်သစ်၊ ပုံစံသစ် Mac Pro ကွန်ပြူတာပဲ ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းဟာ ဘယ်လောက်တောင်မှ ဆန်းသစ်သလဲဆိုရင် အဝေးကကြည့်ရင် ကွန်ပြူတာလို့တောင် ထင်စရာမရှိပါဘူး။ သမားရိုးကျ ကွန်ပြူတာများရဲ့ ပုံစံဒီဇိုင်ဖြစ်တဲ့ လေးထောင့်ပုံစံကနေ လုံးဝခွဲထွက်ပြီး စလင်ဒါပုံစံ ဒီဇိုင်းထုတ်လုပ်ထားလို့ လွန်စွာမှကို ထူးခြားလို့ နေပါတယ်။   Apple ရဲ့ အဆိုအရ ဤ ခေတ်ရှေ့ပြေး ပုံစံဒီဇိုင်းနဲ့ ထည့်သွင်းထားတဲ့ စက်ပိုင်းဆိုင်ရာ ပစ္စည်းတွေဟာ နောင် ၁၀ နှစ်တိုင်အောင် ခေတ်နောက်ကျသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။  Apple အနေနဲ့ ဤ Mac Pro ကွန်ပြူတာအား အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်၌ ဈေးကွက်တွင်း စတင်ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်အား ထုတ်ဖော်ကြေညာဖွယ် ရှိနေပါတယ်။  အသေးစိတ် လေ့လာကြည့်ရအောင် -   ပထမဆုံးအနေနဲ့ ဤ Mac Pro ကွန်ပြူတာရဲ့ ပရော်ဆက်ဆာက အံ့မခန်းပဲ ဖြစ်ပါတယ်။ 12-Core 256-bit Intel Xeon E5 ပရော်ဆက်ဆာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၁ စက္ကန့်ကို 60 GB အမြန်နှုန်း ရရှိနိုင်မယ့် 1866 MHz DDR3 RAM ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းမှာတော့ လူတိုင်းကို ပါးစပ်အဟောင်းသားနဲ့ ကျန်နေစေနိုင်မယ့် ကွန်ပြူတာ တစ်လုံးပဲ ဖြစ်ပါတယ်။   Mac Pro များဟာ ရုပ်ရှင်နဲ့ ဗီဒီယို တည်းဖြတ်ရာမှာ အသုံးအများဆုံး ကွန်ပြူတာများ ဖြစ်တာကြောင့် အခု Mac Pro အသစ်မှာ ပါလာတဲ့ dual AMD FirePro GPU (သို့) ဂရပ်ဖစ်ယူနစ် များဟာလည်း လွန်စွာမှကို စွမ်းရည်မြင့်လှပါတယ်။ 4K Ultra HD ပုံထွက်နှုန်းအား ထောက်ပံပေးနိုင်မယ်လို့လဲ သိရှိရပါတယ်။   ထို့အပြင် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် USB 3.0 အပေါက် ၄ ခုနှင့် Lightning 2.0 အပေါက် ၆ ခု ထည့်သွင်းပေးထားပါတယ်။ မိမိရဲ့ စားပွဲအောက်မှာ မှောင်နေတယ် ဆိုရင်လည်း ပူစရာမလိုပါဘူး။ အထက်ပါ USB နဲ့ Lightning အပေါက် ၁၀ ခုဟာ ယင်းတို့နဲ့ ချိတ်ဆက်တပ်ဆင်ရာမှာ လွယ်ကူစေဖို့ အလင်းရောင်ပေးထားမှာ ဖြစ်ပါတယ်။   ဘာပဲပြောပြော အဓိက ပြောင်းလဲသွားတာကတော့ ပုံစံဒီဇိုင်းပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ထုထည်ပမာဏမှာ လက်ရှိ Mac Pro တွေရဲ့ ၈ ပုံ ၁ ပုံသာ ရှိတော့လို့ လွန်စွာမှာ သိပ်သည်းကျစ်လစ်တဲ့ ပုံစံဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။   ဒီလို သိပ်သည်းကျစ်လစ်တဲ့ ပုံစံဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ကွန်ပြူတာတစ်လုံးမှာ အထက်ဖော်ပြပါ စွမ်းရည်မြင့် စက်ပစ္စည်းတွေကို ထည့်သွင်းပေးထား နိုင်တဲ့အချက်ကတော့ ကွန်ပြူတာရဲ့ အလယ်ပိုင်းမှာ ထိုးလျှိုပေါက် ထည့်သွင်းထားပြီး ထိပ်ပိုင်းမှာ ပန်ကာအကြီးတစ်လုံး တပ်ဆင်ထားတဲ့ Thermal Core (သို့) အပူချိန် ထိန်းညှိစနစ်ပဲ ဖြစ်ပါတယ်။   အရွယ်အစားကတော့ အမြင့် ၉.၉ လက်မနဲ့ အကျယ်အဝန်းအားဖြင့် ၆.၆ လက်မသာ ရှိပါတယ်။   ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အကြား ကျသင့်ဖွယ် ရှိနေပါတယ်။
Like · · · 4 hours ago ·

No comments:

Post a Comment