Thursday, October 17, 2013

popo new artist

POPO
ဒီအစီအစဉ်လေးကတော့ တတ်သစ်စလူငယ်အဆိုတော်တွေကို MYMC က promote လုပ်ပေးသွားမှာပါ။ ဒီ Program ကို လုပ်ဖို့စဉ်းစား ထားတာတော့ကြာပါပြီ။ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ် မယ်စဉ်းစားရင်းနဲ့ အခုမှပဲ Special Program ထဲမှာ MYMSTAR ဆိုပြီး လုပ်ဖြစ်သွား တာပါ။ တတ်သစ်စအဆိုတော်တွေ၊ ၀ါသနာရှင်တွေထဲမှာ တကယ်အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒီလိုမျိုးအဆိုတော် တွေကို Online Media ပိုင်းကနေ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာပါပဲ။ ဂီတနယ်ပယ်မျိုးစုံက အရည်အချင်းရှိတဲ့ အဆိုတော်တွေကို ဒီ MYMSTAR စာမျက်နှာလေးမှာ ဖော်ပြပေးသွားမှာပါ။ MYMC ပရိသတ်တွေအနေနဲ့လည်း သီချင်းအသစ်တစ်ပုဒ်ကို ဒီအတိုင်းနားဆင် လိုက်တာထက် အဆိုတော်တွေရဲ့ကိုယ်ရေးအကျဉ်းအနည်းငယ်နဲ့ သူတို့သီဆိုထားတဲ့သီချင်းတွေကို စုစည်းပေးထားတော့ ပိုပြီးအဆင်ပြေ မယ်လို့ ထင်ပါတယ်နော်။ အနုပညာသမားဆိုတာ ပရိသတ်ရှိမှဖြစ်တာပါ။ အဲဒီတော့ ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပပရိသတ်တွေပါ သတိထားမိသွားတော့ အနုပညာရှင်တွေအတွက် ပိုပြီးအထောက်အကူ ဖြစ်မယ်လို့ထင်ပါတယ်။

နောက်တစ်ချက်ကတော့ ဒီ Program မှာ ဖော်ပြသွားမယ့် အဆိုတော်တွေအားလုံးဟာ MYMC ရဲ့ DJ တွေက သေချာစီစစ်သတ်မှတ်ပြီးမှသာ တင်ဆက်ပေးတာဖြစ်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့လည်း အနုပညာရှင်များကိုလေးစားသောအားဖြင့် ရိုင်းပြစွာပြောဆိုခြင်း မပြုလုပ် ကြဘဲ အကြံဥာဏ်ပေးခြင်း၊ လိုအပ်သည်များကို ဝေဖန်အကြံပေးခြင်းများကိုသာ ပြုလုပ်ပေးကြဖို့ တောင်းဆိုပါရစေ။ အရည်အချင်းပြည့်တဲ့ အဆိုတော်တွေဖြစ်လာဖို့အတွက် ပရိသတ်ရဲ့အားပေးမှုတွေ၊ အကြံပေးမှုတွေဟာ တကယ်လိုအပ်တဲ့ အရာတွေပါ။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေး ရိုင်းပြစွာထိခိုက်မဲ့ Comment တွေမှအပ ကျန်တဲ့ ဝေဖန်ချက်၊ အကြံပြုချက်တွေကိုသာရေးကြဖို့ မျှော်လင့်ပါတယ်။ ဒီ MYMSTAR အစီ အစဉ်မှာ ပါဝင်ချင်တဲ့ အနုပညာရှင်တွေအနေနဲ့ angel@mymclub.net ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ တင်ဆက်ပေးမယ့် MYMSTAR အစီအစဉ်ရဲ့ အနုပညာရှင်ကတော့ တတ်သစ်စအဆိုတော်လေး ပိုပိုဖြစ်ပါတယ်။

No comments:

Post a Comment