Thursday, October 17, 2013

MILEY CYRUS Biography

Miley Cyrus

Biography
5(Craton) MYMC ပရိတ်သတ်ကြီးများအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အခုတစ်ပတ် MYMC ပရိသတ်ကြီးအတွက် အစီအစဉ်သစ်လေးတစ်ခုကိုတင်ဆက်ပေးမှာပါ.... ဒီအစီအစဉ်လေးကတော့ Knowledge101လို့အမည်ရပါတယ်။ ဒီအစီအစဉ်လေးမှာ Celebrities တွေ၊ Heroes တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေစသဖြင့် လူငယ်တွေ သိသင့်သိထိုက်တဲ့အရာလေးတွေကို ရွေးထုတ်ပြီး အလှည့်ကျတင်ပြပေးသွားမှာပါ။  အခုပထမဦးဆုံးလမှာတော့ အဆိုတော်တစ်ယောက်ရဲ့ သီချင်းတွေကို စုစည်းပြီးတော့ အဲဒီသီချင်းလေးတွေအကြောင်းကို ကျွန်တော် DJ Craton နဲ့ သူငယ်ချင်း DJ C4 တို့က တင်ဆက်ပေးသွားမှာပါ... ပထမဦးဆုံး တင်ဆက်ပေးမယ့် အနုပညာရှင်ကတော့ အခုတလောမှာ သိပ်ကိုရေပန်းစားနေတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အမေရိကန် ပေါ့ပ်အဆိုတော်မလေး miley cyrus ဖြစ်ပါတယ်။ သူ့ Biography လေးနဲ့ ကျွန်တော်တို့ စလိုက်ကြရအောင်နော်။

(C4) Mileyကို ၁၉၉၂ ခုနှစ် နိုဝင်ဘာလမှာမွေးဖွားခဲ့တာပါ။ အသက်ငယ်ပေမယ့် အနုပညာမှာပါရမီပါတယ်လို့ ဆိုလို့ရလောက်အောင် အနုပညာနဲ့ပတ်သက်တဲ့ သရုပ်ဆောင်၊ အဆိုတော် တွေအပြင် သီချင်းပါရေးတက်တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါ့အပြင် စာလည်းရေးပြီး Fashion Designer လည်းလုပ်တယ်လို့သိရပါတယ်ခင်ဗျာ။ Miley ရဲ့နာမည်အရင်းကတော့ Destiny Hope Cyrus ဖြစ်ပါတယ်။ သူမရဲ့မိဘများက သူမက ကလေးလေးတစ်ယောက်လို အမြဲပြုံးနေတတ်လို့ Smiley လို့ခေါ်ရာကနေ Miley အဖြစ်ပြောင်းကာ Miley Cyrus ဖြစ်လာတယ်လို့သိရပါတယ်။ ၂၀၀၁ ခုနှစ် သူမ ၈ နှစ်အရွယ်ကတည်းက သရုပ်ဆောင်လုပ်ငန်းကို သူမအဖေ ဒါရိုက်တာရိုက်ကူးတဲ့ Doc ဆိုတဲ့ တီဗီ series ကို ကြည့်ရာကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ကြောင်း သူ့အဖေကိုပြောခဲ့ဖူးပါတယ်တဲ့။
(Craton) သူမဟာ ၂၀၀၈ ခုနှစ်မှာ Breakout ၊ ၂၀၀၉ ခုနှစ်မှာ The time of our lives၊ ဒီနှစ် ၂၀၁၀ မှာတော့ Can't be tamed ဆိုတဲ့ တကိုယ်တော်အခွေတွေကိုဖြန့်ချိထားပြီး အောင်မြင်မူတွေရရှိနေပါတယ်။ကဲ  Miley ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းလေးတွေကို ဒီနေ့မှာ ပထမဦးဆုံးအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ MYMC ကိုနားဆင်နေတဲ့ ပရိသတ်ကြီးတွေလည်း ဒီအစီအစဉ်လေးကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

Can't be Tamed


4(C4) ကဲ.. ဒါဆို ပထမဦးဆုံး Miley ရဲ့ Can't be tamed ဆိုတဲ့သီချင်းလေးကို တင်ဆက်ပေးပါမယ်။ ဒီသီချင်းလေးကတော့ Miley ရဲ့  ဒီနှစ်၂၀၁၀မှာ ရေပန်းအစားဆုံးသီချင်းလေးဖြစ်ပါတယ်... MTV ကိုလည်း
ထူးထူးခြားခြားလေးဖြစ်အောင်ရိုက်ကူးထားပါတယ်။ ဒီနာမည်နဲ့လိုက်အောင် ပြတိုက်ကြီးတစ်ခုရဲ့ လှောင်အိမ်ကြီးထဲက ငှက်ဆိုးမလေးတစ်ယောက်လို မြင်တွေ့ရတဲ့  Miley ရဲ့ အသွင်အပြင်ကလည်း တကယ့်ကို ယဉ်ပါးအောင်ပုံသွင်းလို့မရတဲ့ ပုံနဲ့တူနေတယ်ဗျ။ ဒီသီချင်းကိုရေးစပ်ပေးထားတာကတော့  Miley ကိုယ်တိုင်အပြင် တခြားလူလေးယောက် ပါဝင်ရေးစပ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။

(Craton) Miley ကတော့ ဒီသီချင်းလေးက... လှောင်အိမ်ထဲမင်းရောက်နေရင် လူတွေကမင်းကိုကြည့်နေကြမယ်.. မင်းကိုယ်တိုင်မင်းဘ၀နဲ့အသက်ရှင်ချင်ပေမယ့် သူများတွေနဲ့ ယဉ်ပြီးအသက်ရှင်နေရတဲ့ ဒီလောကကြီးထဲကနေ ခွဲထွက်ပြီးတော့
လွတ်လွတ်လပ်လပ်ကြီး နေချင်မှာပေါ့လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ ဒီသီချင်းလေးကိုတော့ ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့ကစပြီး ပရိသတ်ကြီးနားဆင်နိုင်ပါပြီ။ ကဲ ဒါဆိုရင် ကျွန်တော်တို့ သီချင်းလေးကိုနားဆင်ကြည့်ကြစို့နော်။ [Download MP3] | [Watch Video on Youtube]

The Climb + Hannah Montana

(Craton) ဒီတခါလည်း  Mileyရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို တင်ဆက်ပေးပါဦးမယ်။ Miley ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Hannah Montana ဆိုတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးလေးတစ်ပုဒ်ပေါ့နော်။ သီချင်းဖြစ်ပေါ်လာပုံလေးကတော့ ရေးစပ်ပေးထားတဲ့ တေးရေး Jessi Alexender နဲ့ Job Mabe တို့ အိမ်အပြန် ကားပေါ်မှာ သီချင်းရဲ့သံစဉ်လေးကို ရုတ်တရက် စဉ်းစားမိတာကနေပြီးတော့၊ စာသားတွေက အလိုလိုထွက်လာပြီးတော့ ရေးစပ်ဖြစ်သွားတယ်လို့ သူတို့ကဆိုထားပါတယ်။ ဒီနေရာမှာ Miley Cyrus နဲ့ Hannah Montana ဇာတ်ကောင် character နေရာတို့ ဆက်စပ်ပုံကို ကျွန်တော်နည်းနည်း ကြားဖြတ်ပြီးတော့ပြောပြချင်ပါတယ်။ 6၂၀၀၆ခုနှစ် မတ်လ ၂၄ရက်နေ့ကနေစပြီးတော့ ဒီ.. Hannah Montana, American television series ကို Disney Channel မှာ စတင်ပြီးတော့ပြသခဲ့တယ်။ seasons တွေအလိုက်ပြသလာခဲ့တာ အခု ဒီ ၂၀၁၀ ဇန်နဝါရီလ ၁၈ရက်နေ့ကနေစပြီး ထုတ်လွှင့်ခဲ့တယ်။ မေလ ၁၄ရက်နေ့မှာ Fourth Season ပြီးသွားတယ်။ ဒီ.. ဇူလိုင်က ၁၁ ရက်နေ့ကျမှ နောက်ဆုံး Final Season ဖြစ်တဲ့ Hannah Montana Forever ဆိုပြီးအဆုံးသတ်သွားတယ်။

Series မှာ Miley Cyrus သရုပ်ဆောင်ရတဲ့ အဓိကဇာတ်ဆောင် နှစ်နေရာရှိတယ်။ တစ်ခုက နေ့ခင်းဘက်မှာ ရိုးရိုးဆယ်ကျော်သက် သာမန်ကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ Miley Stewart ဖြစ်ပြီးတော့၊ နောက်တစ်ခုက အဲ့ဒီကျောင်းသူလေးကပဲ ညဘက်ရောက်မှ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ Hannah Montana အသွင် ပြောင်းပြီးတော့နေတယ်ပေါ့နော်။ အဓိက ဒီဇာတ်ကောင်နှစ်နေရာ။ ဇာတ်လမ်းထဲမှာတော့ အဲ့ဒီကျောင်းသူလေးက သူ့ရဲ့မိသားစုနဲ့ သူသိပ်ခင်ရတဲ့ သူငယ်ချင်းတွေလွဲပြီးတော့ တခြားဘယ်သူ့ကိုမှအသိမပေးဘဲနဲ့ သူ့အဖြစ်မှန်ကို သူဖုံးကွယ်ထားတယ်ပေါ့နော်။ အဲ့ဒီနှစ်နေရာကနေပြီးတော့ Miley Cyrus ကသရုပ်ဆောင်းထားတာ။ ဒီဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်နေရာဖြစ်တဲ့ Hannah Montana (သို့မဟုတ်) Miley Stewart နေရာတွေမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားတဲ့ Miley Cyrus ကို ဒီရုပ်ရှင်ကြောင့် ကမ္ဘာကသိလာရတာဖြစ်ပါတယ်။ အောင်မြင်မှုတွေဆက်တိုက်ရလာတဲ့အထိပေါ့လေ။ ဒီ series က ၂၀၀၆ ခုနှစ်ကစပြီး အခုထိ Teen Choice Awards, Creative Arts Emmy, ASCAP Awards, BAFTA Children's Awards ဆုတွေအပါအဝင် တခြားဆုတွေအများကြီးကိုလည်း ဆက်တိုက်ရခဲ့တယ်။2

ဒီ series မပြီးသေးခင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ရက်နေ့မှာ Hannah Montana: The Movie ဆိုတဲ့ရုပ်ရှင်ကို တစ်ကမ္ဘာလုံးမှာ ရုံတင်ပြသခဲ့တယ်။ အမေရိကန်ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီ Hannah Montana: The Movie ဟာDaniel Berendsen ရေးသားထားတဲ့ဝတ္ထုကို Director Peter Chelsom ကနေ ရိုက်ကူးထားတာပါ။ Walt Disney Pictures ကပဲ ထုတ်ဝေဖြန့်ချိတယ်။ ဒီဇာတ်လမ်းထဲမှာလည်း Hannah Montana နဲ့ Miley Stewart နှစ်နေရာကနေပြီးတော့ Miley Cyrus က သရုပ်ဆောင်ပါဝင်ထားတယ်။ တခြားသရုပ်ဆောင်ပေါင်းများစွာ .. ဥပမာ Billy Ray Cyrus, Emily Osment, Jason Earles, Taylor Swift စသဖြင့် သရုပ်ဆောင်တွေ အများကြီးနဲ့ ရိုက်ထားတယ်။ အဲ့ဒီရုပ်ရှင်ကလည်း တော်တော်နာမည်ကြီးခဲ့တယ်။ ဆုတွေလည်းရခဲ့တယ်။ Miley Cyrus ကိုယ်တိုင်လည်း ၂၀၀၉ ခုနှစ် MTV ကပေးတဲ့ Best Song from A Movie ဆုကို မကြာခင် ကျွန်တော်တို့ထုတ်လွှင့်ပြမယ့် "The Climb" သီချင်းလေးနဲ့ရရှိခဲ့တယ်။ ၂၀၀၉ ခုနှစ် Teen Choice Awards မှာလည်း ဒီသီချင်းလေးနဲ့ပဲ Choice Music: Single ဆုကိုရခဲ့ပြီးတော့ Choice Movie Actress: Music/Dance, Choice Hissy Fit ဆုတွေကိုလည်းရခဲ့သေးတယ်။ ၂၀၁၀ Peoples Choice Awards အတွက် Favorite Breakout Movie Actress ဆုနဲ့ Kids' Choice Awards အတွက် Favorite Movie Actress ဆုတွေကို Miley Cyrus က ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

နောက်ပြီးတော့ ဒီ Hannah Montana ဇာတ်လမ်းတွဲ တွေအားလုံးရဲ့ ဇာတ်ဝင်တေး Soundtracks တွေအတွက်လည်း Walt Disney Records ကနေပြီးတော့ သီချင်း album နှစ်ခုထုတ်ခဲ့ပါတယ်။ Hollywoord Records နဲ့လည်း solo career တစ်ခုအတွက် စာချုပ်ချုပ်ခဲ့တယ်။ သူမထွက်ရှိခဲ့တဲ့ album တွေကိုတော့ အရှေ့မှာ ကျွန်တော်ပြောခဲ့ပြီးပြီနော်။ Miley က အခု ၂၀၁၀ Forbes' Magazine မှာ Celebrity ၁၀၀ စာရင်းမှာ နံပါတ် ၁၃ မှာရှိနေပါတယ်။ ငယ်ငယ်လေးတည်းက အနုပညာကိုယ်ရည်ကိုယ်သွေး အရမ်းထက်မြက်ခဲ့တဲ့ Miley Cyrus ဟာ တစ်ကမ္ဘာလုံးက မဂ္ဂဇင်း၊ ဂျာနယ်၊ အင်တာနက်စာမျက်နှာတွေမှာ အပြည့်နေရာယူထားပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီလလောက်တုန်းက Miley ရဲ့ Gmail account ကို hack ခံရပြီးတော့ အဲ့ဒီဆယ်ကျော်သက် hacker က website တွေပေါ်မှာ Miley ရေကူးဝတ်စုံတွေ underwear တွေနဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အနှံ့လျှောက်ဖြန့်လိုက်လို့ တော်တော့်ကိုဖြေရှင်းခဲ့ကြရပါတယ်။ ဒါပေမယ့် ၂၀၀၈ နောက်ပိုင်းမှာတော့ ပိုပြီး grown-up ဖြစ်တဲ့ဓါတ်ပုံမော်ဒယ်လ်ဘက်ကို Miley မသိမသာကူးပြောင်းလာခဲ့ပါတယ်။

၂၀၀၉ ခုနှစ် မတ်လမှာ Miles To Go ဆိုတဲ့ စာအုပ်ကို စာရေးဆရာ Hilary Liftin နဲ့အတူ တွဲဖက်ပြီးတော့ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်လေးက သူ့ရဲ့ လွန်ခဲ့တဲ့ ၁၆နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ၊ သူ့ရဲ့ဘဝပုံစံတွေအကြောင်းကို ရေးသားထားတာပါ။ သူ့ရဲ့ နောက်ခံ backing agency တွေအကြောင်းကလည်း နည်းနည်းစိတ်ဝင်စားဖို့ကောင်းနေပြန်တယ်။ သူနဲ့ဆက်တိုက်လက်တွဲလာခဲ့တဲ့ Gossett ဆိုတဲ့ agency ကို ၂၀၀၈ မေမှာ လက်တွဲဖြုတ်ခဲ့ပြီးတော့ United Talent Agency (UTA) နဲ့ဆက်ပြီးတော့ အလုပ်လုပ်ခဲ့ပါတယ်။ အဲ.. တစ်နှစ်လောက်ကြာလို့ ၂၀၀၉ ဇွန်လလည်းကျရော သူ့ရဲ့ The Last Song ရုပ်ရှင်ကားနဲ့ Hannah Montana: Forth Season ကို ထုတ်ဝေတင်ဆက်ဖို့ အသေးစိတ်ဆွေးနွေးပြီးတော့မှ အဆင်မပြေဖြစ်ပြီးတော့ Gossett နဲ့ရော UTA နဲ့ရော လုံးဝအလုပ်ဆက်မလုပ်တော့ဘဲနဲ့ Creative Artists Agency နဲ့ ရုတ်တရက်လက်တွဲသွားခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း reports တွေ တခြားကောလဟာလတွေ အများကြီးထွက်ခဲ့ပါတယ်။

1၂၀၁၀ ဟေတီငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းလည်း "We Are The World: 25 for Haiti" နဲ့ "Everybody Hurts"ဆိုတဲ့ Charity Singles တွေမှာ Miley Cyrus ပါဝင်သီဆိုခဲ့ပါတယ်။ "Can't be tamed" album ထွက်ပြီးနောက်ပိုင်း ရုပ်ရှင်ဘက်မှာပိုပြီးတော့ အာရုံစိုက်နိုင်ဖို့  ဒီ.. ဂီတဘက်ကနေ ခဏလောက် break ယူဦးမယ်လို့ပြောပါတယ်။ သူအခုထိ သရုပ်ဆောင်ပညာနဲ့ ပတ်သက်လို့ lessons တွေဘာတွေ မသင်ယူရသေးပါဘူးတဲ့၊ ဒါပေမယ့် ဒါဟာလည်း သင်ဖို့မလိုအပ်လို့ မဟုတ်ပါဘူးတဲ့။ သူကိုင်တိုင် သရုပ်ဆောင်သင်တန်းတစ်ခုမှာ booking သွားလုပ်ထားပါတယ်တဲ့။ နောက်ပြီးတော့ သူ့ရဲ့ပညာရေးနဲ့ပတ်သက်လို့လည်း college ကနေထွက်တော့မယ်လို့ သူဆုံးဖြတ်ထားပါတယ်တဲ့။ သူက ကိုယ်ရောက်ချင်တဲ့ အသက်အရွယ်ကို အချိန်မရွေး ကိုယ်ပြန်သွားနိုင်တဲ့လို့ ယုံကြည်ထားသူ တစ်ယောက်ပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖွါးဆိုလို့ရှိရင် အသက် ၆၂နှစ်ကျမှ college ပြန်တက်တယ်လေတဲ့။ အဲ့ဒါကြောင့်မို့ အခုလောလောဆယ်ကိုတော့ သူ့ရဲ့အနုပညာအလုပ်တွေထဲမှာပဲ နှစ်မြှုပ်ထားချင်တယ်လို့ဆိုပါတယ်။ အခုအခြေအနေကိုရရှိဖို့ သူ့အနေနဲ့ တော်တော့်ကိုကြိုးစားခဲ့ရတယ်၊ အဲ့ဒါကြောင့်လည်း ဒီအခြေအနေလေး ဆက်လက်ကျန်ရှိနေတုန်း သူအပြည့်အဝပျော်ရွှင်ခံစားချင်ပါတယ်လို့ Miley ကပြောပါတယ်။

လောလောဆယ် ဇူလိုင်လ ၂၀၁၀ မှာ Miley ရိုက်ဖို့ရှိတဲ့ ရုပ်ရှင်၎ကားရှိပါတယ်။ Wings, LOL, Wake နဲ့ Family Bond တို့ဖြစ်ပါတယ်။ LOL ကတော့ Laughing Out Loud ကိုပြောတာပါ။ ဒီဇာတ်ကားက ၂၀၀၈ ပြင်သစ် ဆယ်ကျော်သက်ဟာသဇာတ်တစ်ခုကို ပြန်ပြီးတော့ remake လုပ်ထားတာလို့ပြောပါတယ်။ Wings ကလည်း Aprilynne Pike ရေးသားတဲ့ a planned four-book series ထဲက ပထမဦးဆုံးဝတ္ထုကို အခြေခံထားတာပါ။ Wake ဇာတ်ကားကတော့ Paramount Pictures ကနေထုတ်လုပ်မယ့် thriller ဆန်ဆန်ရိုက်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကဲ.. အခုလောက်သိရပြီဆိုတော့ ကျွန်တော်တို့ ဟိုးအစမှာပြောခဲ့တဲ့ The Climb သီချင်းလေးအကြောင်းကို သူငယ်ချင်း DJ C4 က ဆက်လက်တင်ဆက်ပေးပါ့မယ်ခင်ဗျာ။


(C4) ဒီသီချင်းလေး  Mileyဆီ မရောက်ခင်မှာ တေးသံရှင်တော်တော်များများက မနှစ်သက်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ Hannah Montana ကိုရိုက်ကူးတဲ့ ဒါရိုက်တာ Peter Chalsom ဆီကိုရောက်မှ ရုပ်ရှင်ထဲမှာ အသုံးပြုဖို့ တိုင်ပင်ဖြစ်ပြီး  Miley
ကဆိုခွင့်ရခဲ့ကာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သီချင်းလေးက ၂၀၀၉ ခုနှစ်ရဲ့ MTV Movie Awards ဆုပေးပွဲမှာ The best song from the movie ဆုကို ရရှိခဲ့ပါတယ်..ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းတဲ့အထဲမှာလည်း  ဆုလဒ်တွေရှိပါသေးတယ်ဆိုတဲ့ ဒီသီချင်းလေးကို နားဆင်ကြည့်ပါဦးဗျာ။ [Download MP3] | [Watch Video on Youtube]

When I look at You


(C4) နောက်တင်ဆက်ပေးမယ့်သီချင်းကတော့  Miley ရဲ့ အောင်မြင်ခဲ့တဲ့ When I look at you ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးက Miley ရဲ့ The time of our lives ဆိုတဲ့ အခွေထဲကဖြစ်ပြီး အိပ်မက်ထဲက
ကောင်လေးတစ်ယောက်အကြောင်းဆိုထားတာပါ။ ဒီသီချင်းလေးက  Miley ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ The Last Song ဆိုတဲ့ ရု7ပ်ရှင်ထဲက ဇာတ်ဝင်တေးတစ်ပုဒ်လည်းဖြစ်ပါတယ်/ Mileyကတော့ ဒီသီချင်းလေးကိုသူမဆိုတဲ့အခါမှာ မိသားစုနဲ့အချစ်အကြောင်းကိုတွေးတောမိစေပါတယ်တဲ့။ ဒီသီချင်းလေးကိုတော့ Hillary Lindsey နဲ့ John Shanks တို့ ကရေးစပ်ပေးထားပါတယ်...

(Craton) နိုင်ငံတော်တော်များများ မှာအောင်မြင်မှုရခဲ့တဲ့ ဒီသီချင်းလေးထဲမှာတော့ “ငါအိမ်ပြန်ဖို့လမ်းမတွေ့တော့တဲ့ အခါ မင်းကိုမျှော်ကြည့်မိတယ်လေ မင်းကိုကြည့်လိုက်တဲ့အခါတိုင်း ကြယ်တွေက လလေးကိုဝိုင်းရံထားသလို ငါလည်း
အထီးကျန်မဖြစ်တော့ဘူးပေါ့ ငါ့ဘ၀ကြီးပြိုလဲပြီး အမှောင်ထဲမှာ ဘာအလင်းေ၇ာင်မှ မရှိတော့တဲ့အချိန် မင်းကိုမျှော်ကြည့်မိတာပေါ့” ဆိုပြီး တော့ သူက.. ကဗျာဆန်ဆန်လေးရေးစပ်ထားပါတယ်။ ကျွန်တော်အကြိုက်ဆုံး စာသားဆိုရင်တော့ "When the waves are flooding the shore. And I can't find my way home any more. That's when I look at you" အဲ့ဒီအပိုဒ်လေးပေါ့နော်။ ဒီအပိုဒ်လေးက တော်တော့်ကိုလန်းတယ်လေ။ နောက်ပြီးတော့ သီချင်းအဓိပ္ပါယ်ကိုပိုပြီးနက်ရှိုင်းသွားစေတယ်လို့ ကျနော်ခံစားရတယ်။ MTV မှာလည်း  Miley က piano လေးတီးပြီးတော့ လှလှပပလေး သရုပ်ဆောင်သွားတာဆိုတော့ သီချင်းရဲ့ Fashion လေးက အင်း.. ပိုပြီးတော့ အသက်ဝင်သွားတာပေါ့နော်။ အဲ့ဒီတော့... ကျွန်တော်နဲ့အတူ သီချင်းလေးကို နားဆင်ပြီးတော့ကိုယ့်ရဲ့ချစ်သူလေးတွေကို မြင်ယောင်ကြည့်ရအောင်ခင်ဗျာ။ [Download MP3] | [Watch Video on Youtube]
I Miss You


(Craton) ကဲ.. ဒီတခါလည်း  Miley ရဲ့ ၂၀၀၇ ခုနှစ်မှာထွက်ခဲ့တဲ့ I miss you ဆိုတဲ့သီချင်းလေးနဲ့ တင်ဆက်ပေးပါဦးမယ်။ သီချင်းလေးကတော့ သူမရဲ့ ၂၀၀၆ခုနှစ်မှာ အဆုတ်ကင်ဆာနဲ့ဆုံးသွားတဲ့ သူမရဲ့အဘိုးကို သတိရတမ်းတပြီးတော့ရေးခဲ့တာလို့
ဆိုပါတယ်။ သီချင်းတစ်ပုဒ်လုံးမှာ acoustic guitar နဲ့ အဓိကထားပြီး တီးခတ်ထားတာပါ။ ကောင်းကင်ကကျလာတဲ့ နတ်သမီးလေးလို့ ငါ့ကိုခေါ်လေ့ရှိတယ်နော်... ငါကလည်း ဘယ်တော့မှမင်းကိုခွဲမသွားချင်ခဲ့ပါဘူး.. ငါ့ကိုကိုင်တွဲထားပါ မင်းရဲ့အပြုံးကိုသတိရလိုက်တာ... ဆိုပြီးတော့ အစချီထားတဲ့ ဒီသီချင်းလေးကလည်း  Mileyရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ အေးအေးလေးနဲ့ အကသမားတွေမပါဘဲ တစ်ကိုယ်တော်ဂစ်တာလေးတီးပြီး ဖျော်ဖြေသွားတာပါ။ ကဲ... I miss you ဆိုတဲ့  Miley ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကိုလည်း နားဆင်ကြည့်ကြရအောင်နော်။ [Download MP3] | [Watch Video on Youtube]
You'll Always Find Your Way Back Home


(C4) ဒီတခါတော့ ၂၀၀၉ ခုနှစ် ကအောင်မြင်ခဲ့တဲ့  Miley ရဲ့ရုပ်ရှင် Hannah Montana, the movie ထဲက သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ you'll always find your way back home ကိုနားဆင်ကြည့်ရအောင်ဗျာ။  ဒီသီချင်းလေးကတော့ country pop
အမျိုးအစားတစ်ပုဒ်ဖြစ်တဲ့သီချင်းလေးပါ။ သီချင်းလေးကိုတော့ Taylor Swift နဲ့ Martin Johnson တို့က ရေးစပ်ပေးထားပါတယ်။ MTV ထဲမှာလဲ  Miley တစ်ယောက် သူ့ရဲ့ဇာတိမြေအတွက်လုပ်တဲ့ ရံပုံငွေပွဲလေးမှာ Hannah Montana ကဲ့သို့ဝတ်စားပြီးတော့ လူပရိသတ်တွေအများကြီးနဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေနေတဲ့ပုံစံလေးရိုက်ကူးထားပါတယ်။ မင်းရဲ့စတိုင်လ်တွေ၊ မင်းရဲ့အ၀တ်အစားတွေ၊ မင်းရဲ့ဆံပင်ပုံစံတွေပြောင်းပစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် မင်းအိမ်ပြန်မယ့်လမ်းကိုတော့ ရှာထားပေါ့... ဆိုတဲ့ ဒီသီချင်းလေးကိုလည်း MYMC ပရိတ်သတ်ကြီး နားဆင်ကြည့်ပါဦးဗျာ။ [Download MP3] | [Watch Video on Youtube]

Party in the USA


(Craton) အခုတစ်ခါမှာတော့ Mileyရဲ့ အအောင်မြင်ဆုံးလို့သတ်မှတ်လို့ရတဲ့ Party in the USA ဆိုတဲ့သီချင်းပေါ့နော်။
နိုင်ငံတော်တော်များမှာ အောင်မြင်ကျော်ကြားခဲ့တဲ့အပြင်  Miley ဆိုတာနဲ့ ဒီသီချင်းလေးကိုပါ တွဲဖက်မြင်ယောင် သွားစေပါတယ်။ အမှန်ကတော့ ဒီသီချင်းလေးက သူမ3အတွက်ရေးစပ် ပေးထားတာမဟုတ်ဘဲနဲ့ သူ့ကိုစမ်းဆိုခိုင်းရာကနေပြီးတော့ အဆင်ပြေသွားပြီးတော့ အောင်မြင်သွားတာပါ။ အမေရိကန်နိုင်ငံရဲ့ ဂီတဆုတစ်ခုစ်ြတဲ့ Billboard Hot 100 မှာလဲ အဆင့် ၂ နေရာရတဲ့ထိ ဒီသီချင်းဟာ တော်တော်ကိုအောင်မြင်ခဲ့တာပါ။

(c4) သီချင်းလေးက တခြားမြို့ကနေ Los Angeles, California ကိုပြောင်းလာတဲ့  Mileyတစ်ယောက် စိတ်လှုပ်ရှားမူတွေအပြည့်နဲ့ Taxi ငှါးစီးပြီး Taxi သမားက ရေဒီယိုဖွင့်လိုက်တုန်း နာမည်ကြီးအဆိုတော်ရဲ့ သီချင်းလေးတွေနားထောင်ရာကနေ
ပတ်ဝန်းကျင်ကိုမေ့သွားပြီး ပါတီတစ်ခုတက်နေသလို စိတ်လွတ်ကိုယ်လွတ် ကဲနေမိတဲ့ အခိုက်အတန့်လေးကို ရေးစပ်ထားပါတယ်။ Mileyကတော့ အဆိုတော်ရဲ့နာမည်တွေကို သူ့စိတ်ကြိုက် ပြောင်းပြီးဆိုလေ့ရှိတယ်လို့ဆိုပါတယ်။ သူ့ရဲ့စင်မြင့်ဖျော်ဖြေပွဲတွေမှာလည်း မပါမဖြစ်တဲ့ ဒီ.. ကလို့ကောင်းတဲ့သီချင်းလေးကိုလည်း ဆက်ပြီးနားဆင်ကြည့်ရအောင်ဗျာ။ [Download MP3] | [Watch Video on Youtube]

See You Again


(Craton) OK! ကဲ.. ကျွန်တော်တို့နောက်ဆုံးတစ်ပုဒ်အနေနဲ့  Meet Miley Cyrus ဆိုတဲ့ ၂၀၀၇ ခုနှစ်တုန်းကထွက်ခဲ့တဲ့ အခွေထဲကနေပြီးတော့ See you again ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကိုဖွင့်ပြမယ်နော်။ မင်း...ငါ့နာမည်ခေါ်တဲ့အခါ မင်းဆီမှာ
ထူးခြားတာ တစ်ခုတော့ရှိရမယ်...ဒါကြောင့် ငါမင်းကိုမစောင့်နိုင်တော့ဘူး... ငါ့မျက်လုံးကိုသေချာကြည့်တဲ့အချိန် ငါတို့နှစ်ယောက်ကြားမှာ သေချာတဲ့ အဆက်အသွယ်လေး တော့ရှိနေပြီ ဒါကြောင့်... ငါမင်းကိုမစောင့်နိုင်တော့ဘူး... ဆိုပြီးတော့ ဒီသီချင်းလေးကို Mileyကိုယ်တိုင် ရေးစပ်ထားပါတယ်။ ကဲ.. ကျွန်တော်တို့အတူတူ နားထောင်ကြရအောင်နော်။ [Download MP3] | [Watch Video on Youtube]
Program တစ်ခုလုံးကို အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့..


Presenters | C4 & Craton
Audio | Amedeo
Written and Translated | C4 & Craton

Disqus seems to be taking longer than usual. Reload?

No comments:

Post a Comment