Thursday, October 17, 2013

kids cartoons

Disney for Holidays
Disney Page Header
စာမေးပွဲတွေလည်း ပြီးကြပြီဆိုတော့ အခုကျောင်းပိတ်ရပ်အလုပ် အားရပ်တွေမှာ ပျော်စရာတွေနဲ့ အချိန်ကုန်ကြရတော့ မှာပေါ့။ အစက Radio မှာတစ်ခုခုလုပ်ဖို့စဉ်းစား ပေမဲ့အကြောင်း အမျိုးမျိုးကြောင့် မစီစဉ်ဖြစ်တော့သလို စာရေးဖို့အတွက်လည်းက စာရေးဆရာမတွေပျောက်နေတော့ အဆင်မပြေပြန်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့လုပ်ချင်တာနဲ့ စိတ်ထဲမှာပေါ်လာတာက ငယ်ငယ်ကကလေးဘ၀ကိုပါ။ ငယ်ငယ်တုန်းက ကျွန်တော်တို့တွေထမင်းစားရင်း ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ခဲ့တဲ့ Animation/Cartoons တွေခေါင်းထဲပြန်ဝင်လာတယ်။ အသက် တွေကြီးလာပေမဲ့လည်း ဒီငယ်ငယ်တုန်းက  ကြီးခဲ့တဲ့ Snow White/Sleeping Beauty/Little Mermaid စတာတွေက တစ်ကယ်ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်ပါဘူး။ ကိုယ့်ဟာကို ပြန်မေးကြည့်ကြပေါ့။ လွန်ခဲ့တဲ့ ဘယ်နနှစ်လောက်က ဒီရုပ်ရှင်တွေ ငါနောက်ဆုံးကြည့်ခဲ့လဲဆိုတာ တစ်ချက်ခေါင်းထဲ ပြန်ခေါ်ကြည့်ပါ။ အဲ့အချိန်တုန်းက ကြညိ့ခဲ့ရတဲ့ ခံစားမှုနဲ့ အခုပြန်ကြည့်ရတဲ့ အချိန်မှာတူမှာတော့ မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်ပမှာနေသူတွေအဖို့ ရာသီဥတုကလည်းအေးအေး ဘာမှလုပ်စရာမရှိပဲ အိမ်မှာကော်ဖီတစ်ခွက်နဲ့ ကွေးပြီးကြည့်ချင်တယ်ဆိုရင်တော့ အခုဒီနှစ်အတွက် Disney for Holidays ဆိုပြီး Youtube ကနေ Disney Animation Movie အပြည့်ပါတဲ့ Video တွေကိုတင်ပေးလိုက်ပါတယ်။ ရှာထားလို့ ရသလောက်နဲ့ Sequels တွေ Home Video အနေနဲ့ထွက်လာတွေတော့ မတင်ထားပါဘူး။ တစ်ကယ့် Original လူကြိုက်များခဲ့တာတွေကို ပြန်ရှာပြီးစုစည်း ပေးလိုက်တာပါ။ Christmas နဲ့အရမ်းကြီး သက်ဆိုင်ချင်ကောင်း သက်ဆိုင်ပေမဲ့ဘာပဲဖြစ်ဖြစ် ဒီ Video တွေကြည့်နူးပြီး ငယ်ငယ်ကအကြောင်းတွေစဉ်းစား ကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Disney Header

ဘာကြော်ငြာမှမတတ်၊ Connection/Quality ကောင်းကောင်းနဲ့ကြည့်နိုင်အောင် Youtube ကနေရှာထားတာပါ။ တင်ထားတဲ့ရုပ်ရှင်တွေအကုန်လုံးက Full Movie တွေပါပဲ။ ကြည့်ဖို့အတွက် Poster ပေါ်မှာတစ်ချက် Click နှိပ်ကြည့်ရုံပါပဲ။ Full Screen နှိပ်ပြီးတော့ Screen အပြည့်နဲ့ခံစားနိုင်ပါတယ်။ Link တွေသေနေတာအဆင်မပြေတာ ရှိရင်အောက်မှာ Comment ထားခဲ့ပေးပါ။ အကယ်လို့ကြိုက်တယ်ဆိုရင်တော့ ရှာထားလုပ်ထားတဲ့သူတွေအတွက် Comment/Message လေးတစ်ခုခုအောက်မှာ ချန်ထားပေးပါ။





အခုတင်ထားတာ အကုန်မစုံပါဘူး။ ဒါပေမဲ့ Youtube တစ်ခုထဲကပဲ ကြည့်တဲ့သူတွေအဆင်ပြေအောင် လုပ်ထားတာမို့ တခြားရှာလို့အဆင်မပြေတဲ့ Cinderella, Jumbo အစရှိတဲ့ကားတွေ မပါတာကို နားလည်ပေးကြပါလို့။ အခုတင်ထားတဲ့ ရုပ်ရှင်တွေကို အားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်။

Youtube ရဲ့ Policy နဲ့ ဒီဟာတွေ ဘယ်လောက်ကြာကြာ ရှိမလဲဆိုတာ ကျွန်တော်တို့လဲ မသိပါဘူး။ အဆင်ပြေရင် ပြေသလို Link တွေကို ဖျက်ရင်ရှာလို့ရတဲ့ အသစ်တွေတင်ပေးမှာပါ။
Powered by YouTube

No comments:

Post a Comment