Thursday, October 17, 2013

MiMi နဲ့ကျွန်တော်တို့ တီးခေါက်ခဲ့

MiMi
Cosplay ကအခု မြန်မာပြည် မှာစတွင်ကျယ် လာပြီလို့ ပြောလို့ ရပါတယ်။ Cosplay ဆိုတာဘာလဲ Cosplay နဲ့ပတ်သက်ပြီး ၀ါသနာ အရမ်းကြီး ကိုယ်တိုင်လည်း အမျိုးမျိုး လုပ်ဖူးတဲ့ MiMi နဲ့ကျွန်တော်တို့ တီးခေါက်ခဲ့ မိပါတယ်။


ပထမဆုံး MiMi အကြောင်းလေး နည်းနည်း စာဖတ်သူတွေ သိသွားအောင် မိတ်ဆက်ပေးပါဦး။
နာမည် အရင်းက Mimi, Cosplay နာမည် ကတော့ Akemi ပါ။ 100% မြန်မာ စစ်စစ်ပါ။ အသက် ကတော့ မငယ် တော့ပါဘူး :D ခုလောလောဆယ်တော့ Singapore မှာပါ။ Anime, cosplay, gaming, culinary, travelling, archaelogy နဲ့ photography ပိုင်းတွေကို စိတ်ဝင်စားတယ်။ Manga ကတော့ တစ်ခါတစ်လေမှ ဖတ်ဖြစ်တယ်။

Cosplay ကရင်းနှီးတဲ့ သူတွေ စိတ်ဝင်စားတဲ့ သူတွေနဲ့ အကျွမ်းတ၀င် ဖြစ်ပေမဲ့ အခုမှ မြင်ဘူးတဲ့ သူတွေ သိသွားအောင် နည်းနည်း ရှင်းပြပါဦးနော်။
Cosplay ကတော့ ရှည်ရှည် ဝေးဝေး ရှင်းပြဖို့ မလိုပါဘူး။ Wikipedia အတိုင်းလဲ ရှင်းပြ မနေတော့ ပါဘူး။ ဘာလို့လဲ ဆိုတော့ အင်တာနက် ရှိရင် အဲဒါတွေက ဖတ်လို့ ရတာပဲလေ။ ဒါပေမယ့် မြန်မာလူမျိုး တွေအတွက် မြင်လွယ်အောင် ရှင်းပြရမယ် ဆိုရင်တော့ Japan,Anime, manga အဲဒါတင် မဟုတ်ဘဲ game တွေ ရုပ်ရှင်တွေ ၀တ္ထုတွေထဲက ဇာတ်ကောင် လို့ခေါ်တဲ့ စိတ်ကူးယဉ် ဇာတ်ကောင် တွေအတိုင်း သူတို့နဲ့ တူအောင်လုပ် ၊ သူတို့လို ပြင်ဆင် သူတို့လို အ၀တ်အစားတွေ ၀တ်ပြီး copy လုပ်ခြင်းပါပဲ။ အဲ ... Copy ဆိုလို့ ''ဟာ .. သူများ style တွေကို ခိုးပြီး ကိုယ့် style လဲမရှိဘဲနဲ့ အလကားပါကွာ'' လို့ ထင်တဲ့သူတွေ ဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ သိပ်မကြာသေး ခင်ကတောင် ရန်ကုန်မှာ လုပ်သွားတဲ့ Commic Party နဲ့ ပတ်သက်ပြီး ဝေဖန်တာ တွေက မြင်မကောင်း အောင်ကြားရ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိပ်တော့ မပြောချင်ပါဘူး။ မသိတဲ့ သူတွေကို သိအောင်ပဲ1 လုပ်ပေးဖို့ ရှိပါတော့တယ်။ ဒါနဲ့ copy လုပ်တယ်ဆိုတဲ့ နေရာမှာ သူများ သီချင်း melody တွေ စာသားတွေကို copy လုပ်ပြီး modify လုပ်ပြီး ကိုယ့်ဟာ လိုလို သူ့ဟာ လိုလို ဟိုလိုလို ဒီလိုလိုတွေ လုပ်တာ မဟုတ်ဘူးနော်။ Cosplay လုပ်တယ် ဆိုတာ အဓိကအားဖြင့် ၂ပိုင်းရှိတယ်။  ရိုးရိုး Cosplay နဲ့ မူရင်း ဇာတ်ကောင်(ကိုယ့်ဇာတ်ကောင် ကိုယ်တီထွင်ခြင်း) ပါပဲ။ ရိုးရိုးကတော့ ဇာတ်ကောင် တွေအတိုင်း လိုက်လုပ်ပြီး copy တာပဲ။ တစ်ခုစီပြန် အသေးစိတ် ကြယ်သီး၊ မှဲ့၊ မျက်ခုံးမွေးအရောင်၊ မိတ်ကပ် အစ ရှိတဲ့ အသေးစိတ် အကုန်လုံးကို လိုက် copy လုပ်ခြင်းပါ။ TV နဲ့ အပြင်က အရာ နှစ်ခုကို တူညီအောင်လုပ်ဖို့ ဆိုတာ တော်တော့်ကို စိန်ခေါ်တဲ့ အလုပ်လို့ ပြောရမှာပါ.... ဟုတ်တယ် မလား။ ဒါတွေ အတွက် copyright မရှိဘူး လားဆိုရင် ရှိပါတယ်။ ဒါပေမယ့် အခကြေးငွေ အတွက် မဟုတ်ဘဲ အခမ်းအနားတွေ private ဓာတ်ပုံ ရိုက်တာတွေမှာ ကိုယ့်ဟာ ကိုယ်တော့ လွတ်လပ်စွာ Cosplay လုပ်နိုင်ပါတယ်။ ပိုက်ဆံ အတွက် Cosplay လုပ်ရင်တော့ တစ်နေ့ မဟုတ်တစ်နေ့ အရေးယူ ခံရနိုင် ပါတယ်။ anime ထုတ်လုပ်သူတွေ manga ရေးတဲ့သူ တွေက အရေးယူမယ် ဆိုရင်ပေါ့။ မူရင်း ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ပြောရရင် Cosplay ဟာ ကိုယ့်ဟာကိုယ် ဇာတ်ကောင် ဒီဇိုင်း၊ အ၀တ်အစား အသေးစိတ်၊ ကိုယ်ရည် ကိုယ်သွေး အစရှိတာ တွေကို အရင်ဆုံး guide line ချရပါမယ်။ ပြီးရင် ကိုယ်တိုင်လုပ် ၀တ်စုံ ၊ လက်နက် အစ ရှိတာတွေ ကိုလဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ်လုပ်ယူ ရပါမယ်။ ဘယ်ကမှ reference ရှာလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဇာတ်ကောင်ဟာ ကိုယ်က လုပ်ယူထားတဲ့ ကိုယ်ပိုင် ဇာတ်ကောင် ဖြစ်လို့ပါ။ ဆိုတော့ ... ဒီအပိုင်း မှာတော့ တော်တော့်ကို အနုပညာရှင် ဆန်မှ တော်တော်ကို ပီပြင်ပြီး ကြည့်ကောင်းတဲ့ ဇာတ်ကောင် တစ်ခုကို ရမှာပါ။ အဓိက အားဖြင့်တော့ မိတ်ကပ် ကလဲ Cosplay မှာ တော်တော် အရေးကြီးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်က စိတ်ကူးယဉ် ဇာတ်ကောင်တွေနဲ့ တူအောင် လုပ်ရမှာလေ။ 3D နဲ့ 2D ဆိုတာ ယှဉ်လို့ မှမရတာ။ ဒါပေမယ့် မိတ်ကပ်နဲ့တော့ အနည်းနဲ့ အများ ဆိုသလို ပုံသွင်းယူလို့ ရနိုင် ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် Crossplay ပေါ့။ Crossplay ဆိုတာက ယောင်္ကျားလေး က မိန်းကလေး ဇာတ်ကောင်လို မိန်းကလေးက ယောင်္ကျားလေး ဇာတ်ကောင်လို Cosplay တာကိုခေါ်ပါတယ်။ အဲ့လို ဆိုရင် Mimi အနေနဲ့ ကတော့ ယောင်္ကျားလေး တစ်ယောက်နဲ့ တူအောင် နဂို လိမ်းနေကျ မိတ်ကပ် style အတိုင်း လိမ်းလို့ မရဘူးလေ။ reference cosplayer ပုံတွေ tutorial တွေ ကြည့်ပြီးမှ test အရင်လုပ် ကြည့်ရတယ်။ တော်တော် မလွယ်တဲ့ အနေအထားပါ။ ဒါပေမယ့် မိတ်ကပ် တော်တော် ကောင်းရင် မိန်းကလေးကို မိန်းကလေး လို့တောင် ထင်ကြမှာ မဟုတ် တော့ပါဘူး။ (lol) Mimi အနေနဲ့ ခံယူထားတာ တစ်ခုတော့ ရှိတယ်။ Cosplay ဆိုတော့ ''Escape from reality and short visit to fantasy'' စိတ်ဖိစီးမှုတွေ နေ့စဉ် လူမှုဘ၀ တွေထဲက ရုန်းထွက်ပြီး စိတ်ကူးယဉ် ကမ္ဘာလေး ထဲကို ခဏတာ အလည်သွားခြင်း ပါပဲ။

4Cosplay ကို MiMi ကဘယ်အသက် အရွယ်လောက်ထဲက စပြီး စိတ်ဝင်စားခဲ့ တာလဲ?
စိတ်ဝင်စားတာ ကတော့ ၁၃၊ ၁၄ လောက်ကပါ။ အဲ့ဒီထဲက Mimi က Digimonတို့ Pokemonတို့ ကြည့်ဖြစ်တယ်။ အဲ့လောက်တော့ စွဲစွဲလမ်းလမ်း မရှိပါဘူး။ English, Hollywood ရုပ်ရှင် တွေတော့ ဟိုးငယ်ငယ်လေး ထဲက ကြည့်ဖြစ် ပါတယ်။ အဲဒီတော့ စိတ်ဝင်စားတာ တစ်ခုက ''Halloween''ပါ။ Halloween 31st October မှာဆိုရင် အနောက် တိုင်းပြည် ကလူတွေက Horror movie ထဲက ဇာတ်ကောင်တွေ တခြား ကာတွန်းထဲက ဇာတ်ကောင် တွေလို ၀တ်ဆင်ပြီး Party လုပ်ကြတယ်။ အဲ့ဒါလဲ Cosplay ပါပဲ။ အဲ့ဒီ ကတည်းက သူတို့လို စမ်းကြည့်ချင် နေတာ။ ဒါပေမယ့် Cosplay စလုပ် ဖြစ်တာက 2009၊ Singapore ရောက်ပြီး ၁နှစ် အကြာမှပါ။ ကျောင်းတစ်ဖက် နဲ့ဆိုတော့ အဲ့လောက်ကြီး မလုပ် ဖြစ်ပါဘူး။ ခုတော့ အလုပ်တစ်ဖက်နဲ့ ဆိုတော့ Private ဓါတ်ပုံ ရိုက်ချိန်တွေ နည်းနည်း ပိုရလာ ပါတယ်။ ငွေသုံးနိုင် တဲ့အပိုင်း ကတော့ ကျသွား ပါတယ် :P ဘာလို့လဲ ဆိုတော့ အလုပ် ရပြီးထဲက မိဘတွေ ဆီက လုံးဝ တစ်ပြားမှ မတောင်း တော့လို့ပါ။ ကိုယ့်ဟာကိုယ် ချိန်ပြီး လုပ်ရတော့ ပေါ့လေ။ :D

ပထမဆုံးလုပ်ခဲ့တဲ့ Cosplay က ? Cosplay ဘယ်နှစ်ခုလောက်များ လုပ်ပြီးပြီလဲ?
Kuchiki Rukia ပါ။ Bleach anime ထဲက အဓိက ဇာတ်ကောင်ပါ။ Cosplay ကတော့ ဆယ်ခု လောက်ပဲ ရှိပါသေးတယ်။ ဒီက ပြည်တွင်း တွေလိုတော့ အချိန် မပေးနိုင် မသုံးနိုင် ဘူးလေ။ တချို့ဆိုရင် တစ်နှစ်မှာ ဇာတ်ကောင် ၆၀ တို့ ၈၀တို့ အထိ Cosplay တာတွေ ရှိတယ်။ အဲ့လောက်တော့ မလုပ်ဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ်လဲ မအား ဘူးလေ။


Cosplay Show တွေမှာလုပ်ရင်းနဲ့ ရလာတဲ့ အတွေ့အကြုံနဲ့ Community အကြောင်းတစ်ချက်လောက် ပြောပြပါဦး။
ဒီမှာက တစ်ယောက်နဲ့ တစ်ယောက် အားပေး ကြတယ်။ ဝေဖန်တာတွေ မများဘူး။ ရှိတော့ ရှိတယ်။ ဒါပေမယ့် အကောင်းဘက်က မြင်ပေး ကြတာ များပါတယ်။ Positive attitudeပေါ့။ အဲ့ဒါမျိုးလေး မြန်မာ မှာလဲ ဖြစ်စေ ချင်တယ်။ တော်တော် မလွယ်ပါဘူး။ နောက်ပြီး Japan က နာမည်ကြီး Cosplayer တွေ Music Band တွေ animeနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေလဲ အလွယ်တကူ အခမ်းအနား တွေမှာ ၀ယ်လို့ ရတယ်။ အဲ့တော့ လူတွေ ပိုစိတ်ဝင်စား စေတာပေါ့။

Otaku Fan တစ်ယောက် အနေနဲ့ ကိုယ်ကြိုက်တဲ့ Anime နဲ့ပတ်သက်ပြီး Collect လုပ်ထားတာတွေ ပြောပြပါဦး။
One Piece Figurines တွေ အများဆုံး စုဖြစ်တယ်။ တခြားဟာ တွေကတော့ နည်းနေ သေးတယ်။ ခုတစ်မျိုး အရူးထ နေတာ ...ဓါတ်ပုံလေ။ DSLR camera ၀ယ်တယ်။ ပြီးတော့ Figure တွေကို ဓါတ်ပုံ ရိုက်တယ်။ အရမ်း အကောင်းကြီး တော့ မဟုတ်ပါဘူး။ Mimi facebook မှာ တင်ထားတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့် လို့ရပါတယ်။ ဂိမ်းလဲ အားရင် ကစား ဖြစ်တယ်။ Diablo တို့ Alice madness returns တို့ MW3 တို့လို ဂိမ်းတွေ နောက်ပိုင်း ကစားဖြစ်တာ များတယ်။ နောက်ပြီး weapon replica တွေ စုရတာ လဲကြိုက်တယ်။


ဆိုတော့ Cosplay လုပ်လာတဲ့ တောက်လျှောက်မှာ တွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေကကော?
မနည်းပါဘူး။ 2009 ကနေ 2011 အထိ မေမေက လက်မခံလို့ ငိုခဲ့ရတာ တွေရှိတယ်။ ပွဲတွေမှာ ဆိုလဲ အပြင်မှာပဲ မိတ်ကပ်ပြင်၊ အပြင်မှာပဲ လဲပြီး သွားရတာ များတယ်။ သိရင် အဆူခံ ရမယ်လေ။ ငွေရေး ကြေးရေး စီမံရတာလဲ စိတ်ဖိစီးတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းနဲ့ အသေးစိတ် မရရင် ရူးတောင် ရူးချင်တယ်။ အဲဒါမျိုးဆို စိတ်ဖိစီးတယ်။ ခဏ စိတ်လျှော့ထားပြီး အနားယူ ပြီးမှ ဆက်လုပ်တယ်။ ပျော်စရာ ကောင်းတဲ့ ၀ါသနာကို လုပ်တဲ့အချိန်မှာ စိတ်ဖိစီးမှု ဖြစ်နေရတာ အထာ မကျဘူးလေ။ အဲ့တော့ခဏ နားတာပေါ့။ နောက်တစ်ခုက Mimi မှာ အရေပြား ပြသနာ ရှိတယ်။ ၀က်ခြံတွေ အမာရွတ်တွေ တစ်ကိုယ်လုံး စုံစိ နေရောပဲ။ ပြီးတော့ အသားကလဲ အဲ့လောက် မဖြူဘူး။ အဲ့ဒီတော့ မိတ်ကပ် ရွေးပြီး test လုပ်ရတာ မလွယ်ဘူး။

မြန်မာပြည်ရဲ့ Otaku Community ကအရင်ကထက် ကြီးလာတယ် လို့ခံစားမိပါတယ်။ Otaku/Cosplay နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေ အတွက် Resources ကောင်းကောင်းတွေ ဘယ်မှာ ရှိနိုင်မလဲ။
Cosplay မိတ်ကပ် ၀တ်စုံ အတွက် ဆိုရင်တော့ Deviant art တို့ Cure cosplay တို့ Youtube တို့ Blogger တို့မှာ reference တွေ များများ ရှာနိုင် ပါတယ်။ Ebay ကတော့ wig နဲ့က တခြား Costume 2တချို့ တော်တော် ကောင်းပါတယ်။ China website တွေဖြစ်တဲ့ taobao လိုဟာမျိုးလဲ ရှိတယ်။ ဒါပေမယ့် အဲဒီမှာ agent လိုလိမ့်မယ်။ Chinese လို မဖတ်တတ်ရင် မရေးတတ်ရင် ရှာရ ခက်တယ်။ Lens ဆိုရင်တော့ ifairy colour brand တွေက တော်တော် ကောင်းတယ်။ quality ရော colour ပိုင်းရောပေါ့။ လက်နက် အနေနဲ့ ရှာမယ်ဆို့ ရင်တော့ Google မှာ tutorial တွေ အများကြီး ရှာနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ လက်နက် တွေက အမျိုးမျိုး ရှိလို့ပါ။  ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် လုပ်ချင်တယ် ဆိုရင်တော့ တော်တော် ဈေးကြီး ပါတယ်။ တော်တော်လဲ ပစ္စည်း ကောင်းကောင်းနဲ့ ရနိုင်ပါတယ်။ ၀တ်စုံကိုတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ အပ်ချုပ်ဆိုင်ကို reference photo တွေပြပြီး ချုပ်ရင် ပိုပြီး အဆင်ပြေ ပါတယ်။ ကိုယ်တိုင်းလဲ ကွက်တိ ဖြစ်တာပေါ့။ ကိုယ့်ဟာကိုယ် ချုပ်တတ်ရင် ပိုတောင် ကောင်းဦးမယ်။ Mimi လဲ စက်ဝယ်ပြီး နောက်အားရင် သင်ဦးမယ်။ မေမေ သိတော့ သူ့ဆီက ပြန်သင် ရမှာပေါ့ :D ။

တလောကပဲ Japan Expo Products ဆိုပြီး လုပ်သွားတယ်လို့ ကြားမိပါတယ်။ နောက်လည်း Comic Con တွေလာမယ်လို့ သိထားပါတယ်။ ဒီလိုမျိုးတွေ များများ ဖြစ်လာနိုင်ဖို့ ဘယ်လို Support တွေလိုပါလဲ။
အဲ့ဒီ ကတော့ sponsor ရင်းနှီး မြှုပ်နှံမှု တွေပါ။ နောက်ပြီး Cosplay ၀တ်စုံ ချုပ်တဲ့သူတွေ Online က၀ယ်သူတွေ Credit card တွေ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် သုံးလာ နိုင်မယ် ဆိုရင် ပိုပြီး အဆင်ပြေ လာမှာပါ။ Marketing လဲလိုပါတယ်။ လူတွေကို ယဉ်ကျေးမှု ဖလှယ်ဖို့ အတွက် မြင်သာအောင် ပြဖို့ အဓိက အားဖြင့် လူကြီးပိုင်း တွေကိုပါ။ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဗဟုသုတ အရင် ချပေးသင့် ပါတယ်။ လူကြီးတွေ လက်မခံရင် နောက်လာမယ့် မျိုးဆက် လူငယ်တွေက ဘာအထောက်အကူ မှမရဘဲ ငြိမ်နေရ တတ်လို့ပါ။ အထူးသဖြင့် မြန်မာပြည် မှာပေါ့။ အဓိကတော့ မြန်မာပြည်ရဲ့ tourism ကို အရင်ဆုံး စနစ်တကျ စီစဉ် သင့်တယ်။ အဲ့ဒါမှ မြန်မာပြည်ကို ကမ္ဘာက ပိုသိလာမယ်။ ရင်းနှီး မြှုပ်နှံတာ တွေ ရလာမယ်။ အဲဒီကမှ တဆင့် တဖြည်းဖြည်းနဲ့ ဒီလို အခမ်းအနား ပိုင်းဆိုင်ရာ တွေမှာ တစ်ယောက် စကား တစ်ယောက် ကြားပြီး အခွင့်အလမ်းတွေ ပိုရလာ နိုင်တယ်။ ဒီက Comic company တွေဆို ကမ္ဘာ အရပ်ရပ်က ၀ါသနာရှင်တွေ sponsor တွေ ပညာရှင်တွေ ကပါ လာပြီး အားပေး ကြပါတယ်။ အဲ့ဒီအတွက် အခွင့်အလမ်းတွေ ရဖို့ ဆိုတာ တစ်တိုင်းပြည် လုံးက အားပေးမှု လိုပါတယ်။


အတွေ့အကြုံရှိ Cosplayer တစ်ယောက်အနေနဲ့ လူသစ်တွေကို အကြံပေးချင်တာ လေးများက?
Cosplay တစ်ခု လုပ်မယ် ဆိုရင် ကိုယ်ကြိုက်တဲ့ ဇာတ်ကောင် တွေကိုပဲ ရွေးပြီး cosplay လုပ်သင့် ပါတယ်။ အဲ့လို ရွေးတဲ့ နေရာမှာလဲ ကိုယ်နဲ့ လိုက်ဖက်မှု ရှိမယ် ဆိုရင် ပိုကောင်းတာပေါ့့။ ဘာလို့လဲ ဆိုတော့ ကိုယ်က အဲ့ဒီ စိတ်ကူးယဉ် ဇာတ်ကောင် တွေအတိုင်း post လုပ်၊ တစ်နည်းအားဖြင့် ပုံဖော်ပြ ရမှာမို့ လို့ပါ။ Cosplay လုပ်ပြီ ဆိုထဲက ကိုယ်နဲ့ Character နဲ့ တသားတည်း ကျသွားပြီ ဆိုရင် ပရိသတ် အမြင်မှာ  တအား ကြည့်လို့ ကောင်းပါတယ်။ ကိုယ့်ဟာ ကိုယ်လဲ ပျော်မှာပါ။ အဲ့လို result ရပြီဆိုရင် ကိုယ်မသိတဲ့ ဇာတ်ကောင်တွေကို နာမည် ကြီးချင်ရုံ သက်သက် cosplay တယ် ဆိုရင်တော့ မပြောချင်ပါဘူး။ အဲ့လိုဆိုရင် model ပဲလုပ်လိုက် ပါလို့ အကြံ ပေးချင်ပါတယ်။

No comments:

Post a Comment