Tuesday, November 26, 2013

တိုင်ကြား​လာ​ရင်​တော့ ဝင်​ရောက်​ဖမ်း ဆီး​မယ်​လို့ သ​တင်း​ထုတ်ပြ​န်​ထား

တိုင်ကြား​လာ​ရင်​တော့ ဝင်​ရောက်​ဖမ်း ဆီး​မယ်​လို့ သ​တင်း​ထုတ်ပြ​န်​ထား

 on Tuesday, November 26, 2013 | 3:48 PM

ရန်ကုန်မြို့ ​တွင်း ဖွင့်​လှစ်​ရောင်းချ​နေ​တဲ့ ဂ​န္ဒ​မာ whole sale လက်​ကား​ကုန်​တိုက်​ကြီး အပါအဝင် ကုန်​တိုက် အ​တော်​များ​များ​ဟာ သူ​တို့​ဆိုင်​မှာ ရာ​င်း​ချ​နေ​တဲ့ နိုင်ငံ​ခြား​ဖြစ် အရက်၊ ဘီ​ယာ၊ ဝိုင်၊ စီး​ကရ​က်​တွေ​ကို​ပြန်လည် သိမ်းဆည်း​နေ​တယ်​လို့ ရန်ကုန်မြို့​ခံ​တွေ​က ပြော​ပါ​တယ်။

ပြီး ​ခဲ့​တဲ့​လ​ကုန် လှိုင်​မြို့​နယ်​ထဲ​က Quarto Products ကုမ္ပဏီ​ပိုင်​ဂိုဒေါင်​တွေ​ကို mobile teamအဖွဲ့​တွေ​က ဝင်​ရောက် စစ်ဆေး ခဲ့​ရာ​မှာ အကောက်​ခွန် ဆောင်​မ​ထား​တဲ့ အရက်၊ ဘီယာ၊ ဝိုင် ပုလင်း သောင်း​နဲ့​ချီ​ဖမ်း ဆီး အရေးယူ​ခံ​ရ​ပြီး​နောက်​မှာ ခု​လို ပြန်လည် သိမ်းဆည်း​လာ​တာ​ပါ။ mobile team တာဝန်ရှိ​သူ​တွေ​က မှောင်ခို​ပစ္စည်း ဖမ်းဆီး​ရာ​မှာ လက်​ရှိ ဒုတိယ အဆင့် အနေ​နဲ့​ေ ​ရ​ကြော​င်း​က ဝင်​လာ​တာ​တွေ​ကို စစ်ဆေး​ဖမ်းဆီး​နေ​ပြီး တတိယ​အဆင့်​မှာ လေ​ဆိပ်၊ကုန်​တိုက်​တွေ​နဲ့ ဂိုဒေါင်​တွေ၊ ဒီ​ကြား​ထဲ တိုင်ကြား​လာ​ရင်​တော့ ဝင်​ရောက်​ဖမ်း ဆီး​မယ်​လို့ သ​တင်း​ထုတ်ပြ​န်​ထား​ပါ​တယ်။

လက် ​ရှိ​အချိန်​ထိ မြန်မာ​နိုင်ငံ​မှာ​နိုင်ငံ​ခြား​ဖြစ် အရက်၊ ဘီ​ယာ၊ ဝိုင်၊ စီး​ကရ​က် တွေ​ကို တရားဝင်​တင်​သွင်း​ခွင့် ပိတ်​ပင်​ထား​ပြီး ဟော်​တယ်​နဲ့ နိုင်ငံ​ခြား​သား​တွေ ဈေး​ဝယ်​တဲ့​ကုန်​တိုက် တစ်​ချို့​ကို​သာ သီး​သန့် လိုင်စင်​နဲ့ ကန့်သတ်​တင်​သွင်း​ခွင့်​ပေး​နေ​တာ ဖြစ်​ပါ​တယ်။

No comments:

Post a Comment