Thursday, November 28, 2013

အွန်လိုင်းမှ လုပ်ငန်း လိုင်စင် လျှောက်ထား မှု မြို့နယ် ခုနစ်ခု တွင် ထပ်တိုး ခွင့်ပြု

အွန်လိုင်းမှ လုပ်ငန်း လိုင်စင် လျှောက်ထား မှု မြို့နယ် ခုနစ်ခု တွင် ထပ်တိုး ခွင့်ပြု
အွန်လိုင်းမှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထားမှု များ ကို မြို့နယ် နှစ်ခု သာ ခွင့်ပြု ထားရာမှ နိုဝင်ဘာ လ တတိယ အပတ်မှ စတင် ၍ မြို့နယ် ခုနစ်ခု ကို ထပ်တိုး လျှောက်ထားခွင့် ပြုကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား သည်။ အချိန် ကုန် သက်သာ စေရန် နှင့် လွယ်ကူ မြန်ဆန် စေရန် အွန်လိုင်း မှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထား မှု များကို တာမွေ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ် တို့တွင် စမ်းသပ် လျှောက်ထား ခွင့်ပြု ခဲ့ကြောင်း၊ နိုဝင်ဘာ လ တတိယ ပတ်မှ စ၍ လှိုင်၊ ကမာရွတ်၊ လမ်းမတော်၊ အလုံ၊ ကျောက် တံတား၊ သင်္ဃန်း ကျွန်း၊ ပုဇွန် တောင် မြို့နယ် များ တွင် ထပ်တိုးကာ စမ်းသပ် ဆောင်ရွက် ကြောင်း ၎င်းက ရှင်းပြ သည်။
အဆိုပါ စမ်းသပ်မှု အောင်မြင် ပါက ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် တွင်းရှိ မြို့နယ် အားလုံး တွင် အွန်လိုင်း မှ လုပ်ငန်း လိုင်စင် လျှောက်ထား မှုကို မကြာမီ ဆောင်ရွက် သွားမည် ဖြစ်ပြီး အချိန်ကာလ အားဖြင့် လတ်တလော တွင် မပြော နိုင် သေးကြောင်း ၎င်းက ပြောကြား သည်။ “တိုးတက် လာတဲ့ နည်းပညာ နဲ့ အညီ အွန်လိုင်း ကနေ ဝန်ဆောင်မှု ပေးတယ် ဆိုတာ ကောင်းပါ တယ်။ ပြည်သူ တွေ အနေ နဲ့က ကျွမ်းကျင်မှု မရှိ ရင် လုပ်ငန်းမှာ မှားယွင်း ထိခိုက် မှုတွေ ကြုံလာ နိုင်တာ ကြောင့် နည်းပညာ နှင့် အညီ တိုးတက် အောင် လုပ်သလို ပဲ တစ်ဖက် ကလည်း ပြည်သူ တွေရဲ့ ကျွမ်းကျင် မှု အနေအထား နဲ့ ချိတ်ဆက် ပြီး ဆောင်ရွက် သင့် ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးကျော် က သုံးသပ် ပြောကြား သည်။
လုပ်ငန်း၊ အစား အသောက်၊ တည်းခို ခန်း၊ ဘော်ဒါ ဆောင်၊ ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့်၊ ကိုယ်ပိုင် ဈေး၊ လုပ်ကိုင် ခွင့်၊ ယာယီ ဇာတ်ရုံ လုပ်ကိုင် ခွင့် စသည့် အမျိုးမျိုး သော လုပ်ငန်း လိုင်စင်များ ကို အွန်လိုင်း မှ တစ်ဆင့် လျှောက်ထား နိုင်ကြောင်း စီမံရေးရာ ဌာန ထံမှ သိရသည်။ အွန်လိုင်း မှ တစ်ဆင့် လုပ်ငန်း လိုင်စင် လျှောက်ထား ရာ တွင် (Y.C.D.C) ၏ အင်တာနက် စာ မျက်နှာ www.ycdc.com.mm တွင် လျှောက်ထား မည့် လိုင်စင် အမျိုးအစား ဖောင် ပုံစံ ကို ရွေးချယ် ဖြည့်စွက် ရမည် ဖြစ်ပြီး လိုအပ် သော စာရွက် စာတမ်းများ ကို ဓာတ်ပုံ ဖိုင်ဖြင့် ထည့်သွင်း လျှောက်ထား ရမည် ဖြစ်ကြောင်း သိရှိရသည်။
The Voice Daily

No comments:

Post a Comment