Saturday, November 23, 2013

ယောဂီကျင့် စဉ်ဟာ စိတ်တည်ငြိမ်အောင် လုပ်တဲ့ တရားထိုင်ခြင်းပဲ


ယောဂီကျင့် စဉ်ဟာ စိတ်တည်ငြိမ်အောင် လုပ်တဲ့ တရားထိုင်ခြင်းပဲ စတင်း
“တင့်တင့် တယ်တယ် ဘဝမျိုးနဲ့ အသက်ကြီး ချင်ပါတယ်။ အနေ အထားကောင်းမွန် တာမျိုးဖြစ်ချင်ပါ တယ်။ ကျန်းမာ ချင်ပါတယ်။ နောက် ပြီးကျွန်တော့်ရဲ့ ကလေးတွေ အတွက်စံနမူနာ ကောင်းဖြစ်ချင်ပါ တယ်” လို့ ပြောသူကတော့ အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တေးရေး၊ အဆိုတော်၊ ဘေစ့်ဂစ်တာသမား၊ တူရိယာမျိုးစုံ တီးခတ် တတ်သူ၊ ပရ ဟိတ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်သူနဲ့ သရုပ်ဆောင် စတင်းဖြစ် ပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ်တွေ က Police တီးဝိုင်းမှာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ တစ်ကိုယ်တော်သီဆို ခဲ့ရာ ဂရမ်မီဆု၊ ဗြိတိသျှဆု သုံးဆု၊ ရွှေကမ္ဘာလုံးဆု၊ အမ်တီဗီဆုနဲ့ တေး ဂီတအတွက် အော်စကာဆု အမည် စာရင်းများ တင်သွင်း ခံရသူဖြစ်ပါ တယ်။
“ကျွန်တော့် အနေနဲ့ သီချင်း အမျိုးအစားနှစ်မျိုး ရေးနိုင်ပါတယ်။ ငါကမင်းကို ချစ်တယ်.. မင်းကငါ့ ကိုချစ်တယ် ဒီလို သီချင်းမျိုးက ငြီး ငွေ့စရာ ခေါက်ရိုးကျိုးမဲပြာပုဆိုး၊ ငါ က မင်းကိုချစ်တယ်၊ ဒါပေမဲ့ မင်းက နောက်တစ်ယောက်ကိုချစ်နေတယ် ဆိုရင် စိတ်ဝင်စားစရာကောင်းသွား ပြီ”။
ဘဝမှာ ခက်ခဲစွာဖြတ်သန်း လာခဲ့သူတစ်ယောက်အနေနဲ့ “အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစု ကနေ ကျွန်တော်ကြီးပြင်းလာရ တယ်။ ဒါကြောင့် ကျွန်တော်မ ကြိုက်တဲ့အရာတစ်ခုခု မိသားစုမှာ မဖြစ်ရအောင် ကျွန်တော်ငြင်းဆန် ပါတယ်”။ သာမန်လူတစ်ယောက်က နေ ကြီးမားတဲ့ အောင်မြင်မှုရလာတဲ့ အပေါ် “ကျွန်တော်ဟာ နေ့ချင်းည ချင်း ထင်ပေါ်ကျော်ကြားသူတစ် ယောက်ဖြစ်လာခဲ့တာပါ။ တကယ် တော့ ကျွန်တော်ဟာ လူသူမသိတဲ့ နေရာကနေအကြီးကြီးဖြစ်လာခဲ့တာ ပါ”။
သူ့အတွက် ကျန်းမာရေးက အရေးကြီးတဲ့ အကြောင်းကိုပြောပြ တာက “ကိုယ့်ကိုယ်ကိုယ် ကျန်းမာ နေအောင် အမြဲဂရုစိုက်တယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်က ဖျော်ဖြေတင်ဆက်သူ တစ်ယောက် ဆိုတော့ ကျန်းမာရေးက အရေးကြီး တယ်။ ကျန်းမာရေးက ကျွန်တော့်ရဲ့ ဖျော်ဖြေတင်ဆက်မှုကို အထောက် အကူပြုပါတယ်”။
ယောဂီကျင့်စဉ်ကို လေ့ကျင့်နေသူ တစ်ယောက်ဖြစ်ပြီး “ယောဂီကျင့်စဉ်ကို နက်ရှိုင်းစွာလုပ် မယ်ဆိုရင် ဒါဟာ ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု ဆိုတာ ကျွန်တော်နား လည်သဘောပေါက် လာရတယ်။ ခရီးလမ်း တစ်ခုကို သွားနေတာဖြစ် တယ်။ အဲဒီလမ်း ကိုကျွန်တော် သွား နေတယ်။ ယောဂီကျင့်စဉ်ဟာ စိတ် တည်ငြိမ်အောင် လုပ်တဲ့ တရားထိုင် ခြင်းပဲဖြစ်တယ်။ ယောဂီလေ့ကျင့်မှု ကို ကျွန်တော် သီချင်းတွေ မရေးခင် မှာပြုလုပ်တဲ့ တစ်ခုတည်းသော တရားထိုင်ခြင်း နည်းလမ်းဖြစ်ပါ တယ်”။ သူ အစိုးရိမ်ဆုံး ကတော့ “ရူးသွပ်သွားမှာကို ကျွန်တော်သိပ် ကြောက်ပါတယ်။ ဒါဟာ ကျွန် တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ် ပူပန်မှုပါ”။ သူ့ရဲ့ အယ်လ်ဘမ် အသစ် The Last Ship မကြာ သေးခင်က ထွက်ရှိလို့ လာပါတယ်။
8 Days
ယောဂီကျင့် စဉ်ဟာ စိတ်တည်ငြိမ်အောင် လုပ်တဲ့ တရားထိုင်ခြင်းပဲ စတင်း  “တင့်တင့် တယ်တယ် ဘဝမျိုးနဲ့ အသက်ကြီး ချင်ပါတယ်။ အနေ အထားကောင်းမွန်  တာမျိုးဖြစ်ချင်ပါ တယ်။ ကျန်းမာ ချင်ပါတယ်။ နောက် ပြီးကျွန်တော့်ရဲ့ ကလေးတွေ အတွက်စံနမူနာ ကောင်းဖြစ်ချင်ပါ တယ်” လို့ ပြောသူကတော့ အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တေးရေး၊ အဆိုတော်၊ ဘေစ့်ဂစ်တာသမား၊ တူရိယာမျိုးစုံ တီးခတ် တတ်သူ၊ ပရ ဟိတ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်သူနဲ့ သရုပ်ဆောင် စတင်းဖြစ် ပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ်တွေ က Police တီးဝိုင်းမှာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ တစ်ကိုယ်တော်သီဆို ခဲ့ရာ ဂရမ်မီဆု၊ ဗြိတိသျှဆု သုံးဆု၊ ရွှေကမ္ဘာလုံးဆု၊ အမ်တီဗီဆုနဲ့ တေး ဂီတအတွက် အော်စကာဆု အမည် စာရင်းများ တင်သွင်း ခံရသူဖြစ်ပါ တယ်။  “ကျွန်တော့် အနေနဲ့ သီချင်း အမျိုးအစားနှစ်မျိုး ရေးနိုင်ပါတယ်။ ငါကမင်းကို ချစ်တယ်.. မင်းကငါ့ ကိုချစ်တယ် ဒီလို သီချင်းမျိုးက ငြီး ငွေ့စရာ ခေါက်ရိုးကျိုးမဲပြာပုဆိုး၊ ငါ က မင်းကိုချစ်တယ်၊ ဒါပေမဲ့ မင်းက နောက်တစ်ယောက်ကိုချစ်နေတယ် ဆိုရင် စိတ်ဝင်စားစရာကောင်းသွား ပြီ”။  ဘဝမှာ ခက်ခဲစွာဖြတ်သန်း လာခဲ့သူတစ်ယောက်အနေနဲ့ “အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစု ကနေ ကျွန်တော်ကြီးပြင်းလာရ တယ်။ ဒါကြောင့် ကျွန်တော်မ ကြိုက်တဲ့အရာတစ်ခုခု မိသားစုမှာ မဖြစ်ရအောင် ကျွန်တော်ငြင်းဆန် ပါတယ်”။ သာမန်လူတစ်ယောက်က နေ ကြီးမားတဲ့ အောင်မြင်မှုရလာတဲ့ အပေါ် “ကျွန်တော်ဟာ နေ့ချင်းည ချင်း ထင်ပေါ်ကျော်ကြားသူတစ် ယောက်ဖြစ်လာခဲ့တာပါ။ တကယ် တော့ ကျွန်တော်ဟာ လူသူမသိတဲ့ နေရာကနေအကြီးကြီးဖြစ်လာခဲ့တာ ပါ”။  သူ့အတွက် ကျန်းမာရေးက အရေးကြီးတဲ့ အကြောင်းကိုပြောပြ တာက “ကိုယ့်ကိုယ်ကိုယ် ကျန်းမာ နေအောင် အမြဲဂရုစိုက်တယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်က ဖျော်ဖြေတင်ဆက်သူ တစ်ယောက် ဆိုတော့ ကျန်းမာရေးက အရေးကြီး တယ်။ ကျန်းမာရေးက ကျွန်တော့်ရဲ့ ဖျော်ဖြေတင်ဆက်မှုကို အထောက် အကူပြုပါတယ်”။  ယောဂီကျင့်စဉ်ကို လေ့ကျင့်နေသူ တစ်ယောက်ဖြစ်ပြီး “ယောဂီကျင့်စဉ်ကို နက်ရှိုင်းစွာလုပ် မယ်ဆိုရင် ဒါဟာ ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု ဆိုတာ ကျွန်တော်နား လည်သဘောပေါက် လာရတယ်။ ခရီးလမ်း တစ်ခုကို သွားနေတာဖြစ် တယ်။ အဲဒီလမ်း ကိုကျွန်တော် သွား နေတယ်။ ယောဂီကျင့်စဉ်ဟာ စိတ် တည်ငြိမ်အောင် လုပ်တဲ့ တရားထိုင် ခြင်းပဲဖြစ်တယ်။ ယောဂီလေ့ကျင့်မှု ကို ကျွန်တော် သီချင်းတွေ မရေးခင် မှာပြုလုပ်တဲ့ တစ်ခုတည်းသော တရားထိုင်ခြင်း နည်းလမ်းဖြစ်ပါ တယ်”။ သူ အစိုးရိမ်ဆုံး ကတော့ “ရူးသွပ်သွားမှာကို ကျွန်တော်သိပ် ကြောက်ပါတယ်။ ဒါဟာ ကျွန် တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ် ပူပန်မှုပါ”။ သူ့ရဲ့ အယ်လ်ဘမ် အသစ် The Last Ship မကြာ သေးခင်က ထွက်ရှိလို့ လာပါတယ်။    8 Days

No comments:

Post a Comment