Saturday, November 23, 2013

ငွေလဲ ကောင်တာများ တွင် ငွေကြေး လဲလှယ်မှု နှုန်း မြင့်တက်


ငွေလဲ ကောင်တာများ တွင် ငွေကြေး လဲလှယ်မှု နှုန်း မြင့်တက်
တရားဝင် နိုင်ငံခြား ငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ရရှိလာသည်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ငွေလဲလှယ်မှုနှုန်းများ အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများ ထံမှ စုံစမ်းသိရှိရသည်။ ငွေလဲနှုန်း အတက်အကျမှာ ရာသီပေါ်မူတည်၍ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ လေးသန်းကျော် ငါးသန်းဝန်းကျင်ရှိကြောင်း၊ ကောင်တာများတွင် ငွေလဲလှယ်သည့် နှုန်းများမှာ တက်နေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။
ငွေလဲလှယ်သည့် ဈေးကွက် ယခုထက် ပိုမိုလျင်မြန်လာရန် ဈေးကွက်အတွင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ လှုပ်ရှားမှုပိုမိုလာရန် လိုအပ်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “သူတို့ဆီမှာ Balance တွေ (ငွေလက်ကျန်) အများကြီးရှိတယ်။ သူတို့က အစိုးရပိုင်ဘဏ်တွေဆိုတော့ ပုဂ္ဂလိကဘဏ်တွေလို လွတ်လွတ်လပ်လပ် ရောင်းချခွင့် အနေအထားတွေ မရှိလောက်သေးဘူး ထင်တယ်” ဟု ၄င်းက ဆိုသည်။
တရားဝင် ငွေလဲကောင်တာများ ဖွင့်လှစ်ပြီး သော်လည်း ပြင်ပ ဈေးကွက် (တရားမဝင် ငွေလဲ ဈေးကွက်) တွင် အရောင်းအဝယ် သိသိသာသာ လျော့ကျ သွားခြင်း မရှိကြောင်း ပြင်ပဈေးကွက် တွင် ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲကြသူ များမှာ ကျောက်ပွဲစား များ ရှိသလို ဖုန်းဘီလ်ဆောင် ကြသူများနှင့် နိုင်ငံခြားတွင် အလုပ်လုပ် ကိုင်ပြီး ပြန်လာ ကြသူများက ပိုမိုများပြား ကြောင်း ပြင်ပဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ တရားဝင် ငွေလဲကောင်တာများ ရှိနေသော် လည်း တရားမဝင် ဈေးကွက် ဆက်လက် ရပ်တည် နေနိုင်ခြင်းမှာ ပုဂ္ဂလိက ငွေလဲကောင်တာ များတွင် အကန့်အသတ်ဖြင့် သာ လဲပေး နိုင်ခြင်းနှင့် ပြင်ပ ဈေးကွက်နှင့် ဈေးနှုန်း အနည်းငယ် ကွာဟခြင်းကြောင့် ဖြစ်ကြောင်း ဦးကျော်စိုးမင်း က ရှင်းပြသည်။ မြန်မာနိုင်ငံတွင် တရားဝင် ငွေလဲ ကောင်တာများကို ၂၀၁၁ ခုနှစ် အတွင်းတွင် ပုဂ္ဂလိက ဘဏ်များကို စတင် လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘဏ် မဟုတ်သော အခြားပုဂ္ဂလိ ငွေလဲကောင်တာများကို စတင်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။
The Voice Daily
ငွေလဲ ကောင်တာများ တွင် ငွေကြေး လဲလှယ်မှု နှုန်း မြင့်တက်  တရားဝင် နိုင်ငံခြား ငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ရရှိလာသည်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ငွေလဲလှယ်မှုနှုန်းများ အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများ ထံမှ စုံစမ်းသိရှိရသည်။ ငွေလဲနှုန်း အတက်အကျမှာ ရာသီပေါ်မူတည်၍ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ လေးသန်းကျော် ငါးသန်းဝန်းကျင်ရှိကြောင်း၊ ကောင်တာများတွင် ငွေလဲလှယ်သည့် နှုန်းများမှာ တက်နေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။   ငွေလဲလှယ်သည့် ဈေးကွက် ယခုထက် ပိုမိုလျင်မြန်လာရန် ဈေးကွက်အတွင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ လှုပ်ရှားမှုပိုမိုလာရန် လိုအပ်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “သူတို့ဆီမှာ Balance တွေ (ငွေလက်ကျန်) အများကြီးရှိတယ်။ သူတို့က အစိုးရပိုင်ဘဏ်တွေဆိုတော့ ပုဂ္ဂလိကဘဏ်တွေလို လွတ်လွတ်လပ်လပ် ရောင်းချခွင့် အနေအထားတွေ မရှိလောက်သေးဘူး ထင်တယ်” ဟု ၄င်းက ဆိုသည်။   တရားဝင် ငွေလဲကောင်တာများ ဖွင့်လှစ်ပြီး သော်လည်း ပြင်ပ ဈေးကွက် (တရားမဝင် ငွေလဲ ဈေးကွက်) တွင် အရောင်းအဝယ် သိသိသာသာ လျော့ကျ သွားခြင်း မရှိကြောင်း ပြင်ပဈေးကွက် တွင် ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲကြသူ များမှာ ကျောက်ပွဲစား များ ရှိသလို ဖုန်းဘီလ်ဆောင် ကြသူများနှင့် နိုင်ငံခြားတွင် အလုပ်လုပ် ကိုင်ပြီး ပြန်လာ ကြသူများက ပိုမိုများပြား ကြောင်း ပြင်ပဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ တရားဝင် ငွေလဲကောင်တာများ ရှိနေသော် လည်း တရားမဝင် ဈေးကွက် ဆက်လက် ရပ်တည် နေနိုင်ခြင်းမှာ ပုဂ္ဂလိက ငွေလဲကောင်တာ များတွင် အကန့်အသတ်ဖြင့် သာ လဲပေး နိုင်ခြင်းနှင့် ပြင်ပ ဈေးကွက်နှင့် ဈေးနှုန်း အနည်းငယ် ကွာဟခြင်းကြောင့် ဖြစ်ကြောင်း ဦးကျော်စိုးမင်း က ရှင်းပြသည်။ မြန်မာနိုင်ငံတွင် တရားဝင် ငွေလဲ ကောင်တာများကို ၂၀၁၁ ခုနှစ် အတွင်းတွင် ပုဂ္ဂလိက ဘဏ်များကို စတင် လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘဏ် မဟုတ်သော အခြားပုဂ္ဂလိ ငွေလဲကောင်တာများကို စတင်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။   The Voice Daily

No comments:

Post a Comment