Thursday, November 21, 2013

တရုတ်နိုင်ငံ၏ စစ်ဒေသ ခုနစ်ခုတွင် မောင်းသူမဲ့ လေယာဉ်များ တပ်ဖြန့်ချထား

ပေကျင်း  နိုဝင်ဘာ  ၂၁
တရုတ်နိုင်ငံ၏ အဓိက စစ်ဒေသ ခုနစ်ခုဖြစ်သော ပေကျင်း၊ ရှန်ရန်း၊ လန်ကျိုး၊ ကျီနန်း၊ နန်ကျင်း၊ ကွမ်ကျိုးနှင့် ချန်ဒူးပြည်နယ်တို့တွင် ပုံစံ အမျိုးမျိုးဖြင့် ထုတ်လုပ်ထားသော တရုတ်နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ် (UAV)များ တပ်ဖြန့်ချထားကြောင်း အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ လက်ရှိ မောင်းသူမဲ့  လေယာဉ် အများစုသည်  လေကြောင်း ကင်းထောက်ခြင်း၊ စစ်မြေပြင် စောင့်ကြည့် လေ့လာခြင်းနှင့် ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ခြင်း စသည့် စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး တရုတ်နိုင်ငံ၏   မောင်း သူမဲ့ လေယာဉ်များတွင် တာဝေးစောင့်ကြည့် ထောက်လှမ်းခြင်း သို့မဟုတ် တိုက်ခိုက်ရေး တာဝန်များ စွမ်းဆောင် နိုင်ရည်ရှိမှုနှင့် ပတ်သက်၍ ယခု အချိန်ထိ  မသိရှိ ရသေးကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ်အသစ် Changhang သည် အမေရိကန်၏ Global Hawk တာဝေးစောင့် ကြည့် ထောက် လှမ်းရေး မောင်းသူမဲ့ လေယာဉ်နှင့်  ပုံသဏ္ဌာန် တူညီပြီး တရုတ်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေး နိုင်ငံများကဲ့သို့ မောင်းသူမဲ့ လေယာဉ်များ   အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းနှင့် ပုံစံ ရေးဆွဲရေး စွမ်းရည်များ ရှိ၍ Changhang ၊ Wing Loong ၊ Soar Dragon နှင့် Lijian မောင်း သူမဲ့ လေယာဉ်များကို   ထုတ်လုပ်ထားပြီး ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment