Tuesday, November 26, 2013

တာဝန်ရှိ​သူ​တွေ အ​ထူး​ကြပ်မတ်​သင့်​ပါ​ပြီ

တာဝန်ရှိ​သူ​တွေ အ​ထူး​ကြပ်မတ်​သင့်​ပါ​ပြီ ။
ပြတင်းပေါက်​တွေ​ဖွင့်​လိုက်​ရင် သန့်ရှင်း​တဲ့
လေပြေ​ညှင်း​တွေ​နဲ့​အတူ​အပြင်​က အမှိုက်သရိုက်​တွေ​လည်း​ပါလာ​မှာ​ပါ​ဘဲ။
ဒါ​တွေ​ကို​စနစ်​တ​ကျ​ကြိုတင်​ပြင်ဆင်​ထား​ဖို့​တော့​လို​ပါ​မယ်။နိုင်ငံ​ ခြား​သား​ဆို​ပြီး လွှတ်​အထင်ကြီး​ဖို့​မ​လို​သ​လို​အထင်​လဲ​မ​သေး​ပါ​နဲ့ ။ သူ​တို့​အများ​စု​ဟာ​လည်း သူ​လို​ကိုယ်​လို သာ​မာန် အလုပ်​သမား​လူ​တန်း​စား​တွေ​က ပို​များ​ပါ​တယ် ။ သူ​တို့​နိုင်ငံ​က ငွေ​ကြေး​တန်ဖိုး​ပို​မြင့်​နေ​လို့ ရေ​မြင့်​ပြီး​ကြာ​တင့်​နေ​တာ​ပါ ။ ္
[ Letter to Editor ]  အယ်​ဒီ​တာ​ခင်ဗျာ  ကျွန်တော်​တို့ ပုဂံ​ရှေး​ဟောင်း နယ်​မြေ​တွင် နေရာ​ဒေသ ကျယ်​ပြန့်​မှု​နှင့် လုံခြုံ​ရေး အားနည်း​ချက်​များ​ကို အခွင့်​ကောင်း​ယူ​ပြီး FIT ခေါ် ခရီး​စရိတ် ချွေတာ​သည့် နိုင်ငံ​ခြား​သား တိုး​ရစ်​များ​၏ အကြံ​အဖန် လုပ်​ပုံ​များ​ကို ဓာတ်​ပုံ​နှင့်​တ​ကွ သက်သေပြ​လို​ပါ​သည်။  တိုး​ရစ်​အချို့​သည် စရိတ်​ချွေတာ​သည့် အနေ​နှင့် ပုံ​တွင် မြင်​တွေ့​ရသ​ည့်​အတိုင်း ဂူ​ဘုရား​များ​ပေါ်​တွင် ည​အိပ်​ခြင်း၊ ဗုဒ္ဓ​ဘာသာ​ဝင်​များ အ​ထွတ်​အမြတ် ထား​သည့် ဘုရား​များ​ပေါ်​တွင် ဖိနပ်စီး​ခြင်း များ​ကို ပြုလုပ်​နေ​ကြ​ကြော​င်း တွေ့​မြင်​နေ​ရ​ပါ​သည်။  ပုံ​တွင် တွေ့​မြင်​ရသ​ည်​မှာ ဂျာမန် အမျိုးသား သုံး​ယောက်​နှင့် အမျိုးသမီး တစ်​ယောက်​တို့​သည် ပုဂံ ရွှေ​ဆံ​တော် ဘုရား​ပေါ်​တွင် Sleeping Bag များ ယူလာ​ပြီး အိပ်စက်​နေ​ခြင်း၊ အမျိုးသမီး​က ဖိနပ် စီး​ထား​ခြင်း တို့​ကို ​၂​၂.​၁​၁.​၂​၀​၁​၃ နေ့၊ နံနက် ​၄ နာရီ ​၅​၀ မိ​နစ်​ခန့်​က နေထွက် ကြည့်​ရန် ရောက်​ရှိ​လာ​စဉ် အမှတ်​တ​မဲ့ တွေ့​ရှိ​ပြီး ရိုက်​ကူး​ထား​ခြင်း ဖြစ်​ပါ​သည်။  ဤ​ကဲ့သို့ လုပ်​၍​ရ​မှန်း သိ​လျှင် နောင်တ​စ်​ချိန် ပြဿနာ​ပေါင်း များ​စွာ ပုဂံ​တွင် ကြုံတွေ့​လာ​ရ​မည့် အရေး ရင်လေး​ပြီး ဤ​စာ​ကို ပေး​ရ​ခြင်း ဖြစ်​ပါ​သည်။ ထိ​ရောက်​စွာ စိစစ်​အရေးယူ​ရန် သင့်​ပါ​ပြီ။     (ဘုရားဖူး ခရီးသွား​တစ်​ဦး)
[ Letter to Editor ] အယ်​ဒီ​တာ​ခင်ဗျာ ကျွန်တော်​တို့ ပုဂံ​ရှေး​ဟောင်း နယ်​မြေ​တွင် နေရာ​ဒေသ ကျယ်​ပြန့်​မှု​နှင့် လုံခြုံ​ရေး အားနည်း​ချက်​များ​ကို အခွင့်​ကောင်း​ယူ​ပြီး​ FIT ေ

No comments:

Post a Comment