Friday, November 22, 2013

Miley ကို အားကျလေသလား CL

Miley ကို အားကျလေသလား CL

         2NE1 ကတော့ အရှေ့ပိုင်းသားတို့သာမက အနောက်ပိုင်းသားတွေရဲ့ အာရုံစူးစိုက်မှုကိုပါ ရရှိအောင် ကြိုးပမ်းနေပါပြီ။ သူမတို့အဖွဲ့ရဲ့ “Missing You”ဆိုတဲ့ single သီချင်းဗီဒီယိုနဲ့ အားလုံးကို အံ့အားသင့်အောင် ဖမ်းစားလိုက်ပါတယ်။ 
          ဒီနှစ်အစပိုင်းမှာ ထွက်ထားတဲ့ 2NE1 ရဲ့ single ခွေတွေကတော့ “Falling in Love” နဲ့ “Do You Love Me?” တို့ပါ။ ဒီသီချင်းနှစ်ပုဒ်စလုံးကတော့ K-Pop Hot 100 မှာ နံပါတ် (၂)နေရာကို အချိန် အတော်ကြာ သိမ်းပိုက်ထားနိုင်ပါတယ်။ ဒါပေမယ့် အခု “Missing You” ကတော့ အဲ့ဒီ အောင်မြင်မှုတွေထက်ကို ပိုမယ်လို့ ခန့်မှန်းထားပါတယ်။
          ဒီဗီဒီယို တင်ဆက်ပုံဟာ အခါတိုင်း မြူးမြူးကြွှကြွှတွေနဲ့မတူဘဲ သူမတို့အဖွဲ့ရဲ့ အဆွေးသဘောဘက်ဆန်တဲ့ အခြမ်းကို အမိအရ ရိုက်ကူးတင်ပြထားပါတယ်။ ခေါင်းဆောင် CL ဟာ အခါတိုင်းလိုပဲ ဖက်ရှင်ကျတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ထားပါတယ်။ ဆောင်းရာသီသဘောမျိုး ဆန်တဲ့ ရာသီဥတုနောက်ခံကို အဆွေးဓါတ်ခံ စာသားလေးတွေရဲ့ ခါးသက်သက်အရသာနဲ့ ပေါင်းစပ်ထားပါတယ်။
         သီချင်းရဲ့ ဒုတိယအပိုဒ်အရောက်မှာတော့ CL ကို အ၀တ်ဗလာနဲ့ တွေ့ရတော့တာပါပဲ။ Rap စာသားတွေပါ ရွတ်လေ့ရှိတဲ့ သူမဟာ အဲ့ဒီအခန်းအရောက်မှာ ခန်းမတစ်ခုရဲ့အလယ်မှာ အ၀တ်ဗလာနဲ့ ထိုင်ထားပြီး ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို သူမရဲ့ ခြေထောက်နဲ့ လက်မောင်းတွေရဲ့ အကာအကွယ်သာ ယူထားပါတယ်။ အဲ့ဒါကိုတော့ ခပ်လှမ်းလှမ်းကနေ  ရိုက်ပြထားပါတယ်။ တစ်ချို့ကလည်း ဒါကို Miley Cyrus ရဲ့ “Wrecking Ball” နဲ့ တူတယ်လို့လဲ ပြောကြပါတယ်။ ဒါပေမယ့် CL က သူမလောက်တော့ မကြမ်းဘူးလို့ဆိုပါတယ်။
         သီချင်းကို ခံစားနားဆင်ကြည့်ရှုလိုတယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ၀င်ကြည့်နိုင်ပါတယ်။
Ref:billboard

No comments:

Post a Comment