Tuesday, November 26, 2013

ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ဝင်ရောက်စီး

ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ဝင်ရောက်စီးနင်း

အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို စီးထားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို စီးထားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)

မီဒီယာ

အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဘန်ကောက် မြို့တော်မှာ ဘဏ္ဍာရေးဝန်ကြီးရုံးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra အစိုရပြုတ်ကျအောင် တဆင့်တိုးပြီး ကြိုးစားတဲ့အနေနဲ့ တခြားဒါဇင်နဲ့ချီတဲ့ အစိုးရအဆောက်အဦးတွေကိုပါ ဆက်ပြီးသိမ်းပိုက်မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်နေပါတယ်။

ဆန္ဒပြသူ ၁,၀၀၀ လောက်ဟာ တနင်္လာနေ့မှာ ဘဏ္ဍာရေးဝန်ကြီးရုံး အဆောက်အဦးတွေထဲ ဝင်ရောက် နေရာယူထားကြတာပါ။ တချို့က နိုင်ငံခြားရေးဝန်ကြီးရုံးဝင်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြပေမယ့် ရုံးအဆောက်အဦးတွေထဲတော့ မဝင်နိုင်ကြသေးပါဘူး။ ဆန္ဒပြသူတွေကို ဖယ်ရှားတားဆီးဖို့ မကြိုးစားတဲ့ ရဲတွေကတော့ ဘန်ကောက်မြို့တော်တလွှားက အစိုးရအဆောက်အဦး အနည်းဆုံး ၁၃ ခုဆီကို ဆန္ဒပြသူ သုံးသောင်းလောက် ချီတက်နေကြတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို အတိုက်အခံပါတီက အဓိကဦးဆောင်နေတာဖြစ်ပြီး သူတို့က ဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသလို သူ့ကို သူရဲ့အကိုတော်သူ ပြည်ပမှာခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က နောက်ကွယ်က ကြိုးကိုင်ပြီး ထိုင်းနိုင်ငံရေးကို နောက်ကွယ် ကနေ ခြယ်လှယ်နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။

တချိန်တည်းမှာပဲ လက်ရှိအစိုးရကိုထောက်ခံတဲ့ ရှပ်နီဝတ်တွေကလည်း ဘန်ကောက်က အားကစားရုံထဲမှာ နေရာယူ စုဝေးဆန္ဒပြနေကြပါတယ်။ အတိုက်အခံတွေဘက်က ဆန္ဒပြမှုတွေ မရပ်မချင်း သူတို့ကလည်း အားကစားရုံကနေ ဖယ်မပေးဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment