Friday, November 22, 2013

London မှာချိန်းတွေ့ကြတာလူမိသွားတဲ့ Taylor Swift နဲ့ Douglas Booth

London မှာချိန်းတွေ့ကြတာလူမိသွားတဲ့ Taylor Swift နဲ့ Douglas Booth

Taylor Swift တစ်ယောက်ကတော့ ဗြိတိသျှလူမျိုးတွေနဲ့ ပဠာန်းဆက်ပါတယ်လို့ဆိုရပါမယ်။ One Direction အဖွဲ့ဝင် Harry Styles နဲ့ပြတ်ပြီးတဲ့နောက် pop အဆိုတော်ကောင်မလေးဟာ ဗြိတိသျှလူမျိုး သရုပ်ဆောင် Douglas Booth နဲ့ London မြို့မှာချိန်းတွေ့တာလူမိသွားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က သူတို့နှစ်ဦးဟာ London မြို့က Holly Bush ဆိုတဲ့ စားသောက်ဆိုင်မှာ သီးသန့်ညတစ်ညကုန်ဆုံးခဲ့တယ်လို့ဆိုပါတယ်။
“သူတို့အရမ်းပျော်ရွှင်နေပုံရပြီး အခြားစားသုံးသူတွေကိုပဲ ရယ်မောပြုံးပျော်နေကြပါတယ်” လို့အမည်မဖေါ်လိုသူတစ်ဦးက People မဂ္ဂဇင်းကိုပြောပါတယ်။
မကြာသေးခင်ကရိုက်ကူးခဲ့တဲ့ Romeo and Juliet ကားမှာ Booth နဲ့အတူတူသရုပ်ဆောင်ခဲ့တဲ့ Hailee Steinfeld ကတစ်ဆင့် သူတို့နှစ်ဦးသိခဲ့တာလို့ယူဆရပါတယ်။ Hailee Steinfeld ဟာ Taylore Swift ရဲ့သူငယ်ချင်းလည်းဖြစ်ပါတယ်။
“သူတို့နှစ်ဦးဟာ ဆိုင်ရဲ့လူမမြင်ကွယ်ရာထောင့်ကျကျနေရာတစ်ခုကိုယူလိုက်တာဖြစ်ပါတယ်။ ဆိုင်ကတာဝန်ရှိသူတစ်ယောက်က စားသုံးသူတွေ သူတို့နားမသွားနိုင်အောင်ထိုင်စောင့်ပေးနေပါတယ်။ သူတို့ထွက်လာတဲ့အခါမှာတော့ ရယ်မောနောက်ပြောင်နေပါတယ်။ သူတို့ပုံစံက အရမ်းအဆင်ပြေနေပြီး သိပ်ရင်းနှီးနေတဲ့ပုံပေါက်ပါတယ်” လို့အခြားသူတစ်ဦးကလည်းပြောပါတယ်။
Taylor Swift ရဲ့ပြောရေးဆိုခွင့်ရှိသူက သူတို့နှစ်ဦး အဲဒီ့နေ့ညမှာအတူရှိခဲ့တာဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး သမီးရည်းစားတွေဖြစ်နေပြီဆိုတဲ့ ကောလဟာလတွေကိုတော့ ငြင်းဆန်လိုက်ပါတယ်။
Ref:starpulse

No comments:

Post a Comment