Thursday, November 28, 2013

တရုတ် လေကြောင်း ကာကွယ်ရေး ဇုန် အတွင်းသို့ အခွင့် မရှိ ဝင်ရောက် လာသည့် လေယာဉ်များ အား ပစ်ချ ပိုင်ခွင့် ရှိ

တရုတ် လေကြောင်း ကာကွယ်ရေး ဇုန် အတွင်းသို့ အခွင့် မရှိ ဝင်ရောက် လာသည့် လေယာဉ်များ အား ပစ်ချ ပိုင်ခွင့် ရှိ ဟု တရုတ် အဆင့်မြင့် အရာရှိ ကြီး တစ်ဦး ပြောကြား
တရုတ်နိုင်ငံ က ကြေညာ ထားသည့် လေကြောင်း ကာကွယ်ရေး ဇုန်သစ် အတွင်း သို့ အခွင့် မရှိဝင် ရောက်လာ သည့် လေယာဉ် များ အား ပစ်ချ ပိုင်ခွင့် ရှိကြောင်း တရုတ် စစ်တပ်မှ အရာရှိကြီး တစ်ဦး က ပြောကြား ခဲ့သည် ဟု မီဒီယာများ က နိုဝင်ဘာ ၂၇ ရက် တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အရာရှိကြီး ၏ ပြောကြားချက် သည် တရုတ် နိုင်ငံက ယခု သီတင်းပတ် အကုန်တွင် ချမှတ် ကြေညာ ခဲ့သည့် ၎င်း တို့၏ လေကြောင်း ကာကွယ်ရေး ပိုင်နက် အတွင်းသို့ အမေရိကန် ဗုံးကြဲ လေယာဉ် နှစ်စင်း ဝင်ရောက် လာပြီးနောက် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်ပြီး တရုတ် လေကြောင်း ပိုင်နက် အတွင်းသို့ အကြောင်း ကြားခြင်း မရှိဘဲ ဝင်ရောက် လာသည့် လေယာဉ်များ သည် ကျူးကျော် ရန် လိုသည့် သဘော သက်ရောက် ကြောင်း တရုတ် လေတပ်မှ ဗိုလ်မှူး ချုပ် တစ်ဦး ဖြစ်သူ ချောင်လျန် က ပြောကြား ခဲ့သည်။
အဆိုပါ လေကြောင်း ကာကွယ်ရေး ဇုန် တွင် နိုင်ငံများ အကြား ဆက်သွယ် နိုင်သည့် စနစ်များ ကို တည် ဆောက် ထားပြီး တရုတ် လေကြောင်း ပိုင်နက် အတွင်း သို့ အခွင့် မရှိဝင် ရောက်လာ သည့် လေယာဉ် များ အား တရုတ် လေယာဉ်မှူး များက ပစ်ချ ပိုင်ခွင့် ရှိကြောင်း ဗိုလ်မှူးချုပ် ချောင်လျန် က တွေ့ဆုံ ဆွေးနွေးခန်း တစ်ခု တွင် ပြောကြား ထားသည်။ တရုတ် နိုင်ငံ၏ လေကြောင်း ကာကွယ်ရေး ဇုန် ကြေညာချက် နှင့် စပ်လျဉ်း ၍ ဂျပန် နှင့် အမေရိကန် အစိုးရ အဖွဲ့များက ဝေဖန် ထားပြီး ယင်း လေကြောင်း ကာကွယ်ရေး ဇုန် တွင် အိမ်နီးချင်း များက ၎င်းတို့ ပိုင် နယ်နိမိတ် အဖြစ် သတ်မှတ် ထား သည့် ပိုင်နက် များ ပါဝင် ကြောင်း ပြောကြား ခဲ့သည် ဟု သိရသည်။
စကားဝါ

No comments:

Post a Comment