Friday, November 22, 2013

Miley Cyrus မှာ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိတယ်လို့ဆိုတဲ့ Dizzee Rascal

Miley Cyrus မှာ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိတယ်လို့ဆိုတဲ့ Dizzee Rascal

Rapper Dizzee Rascal ဟာ ဒီလရဲ့အစောပိုင်း Amsterdam မှာလုပ်ခဲ့တဲ့ ဥရောပ MTV ဂီတဆုပေးပွဲမှာ Miley နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ Dizzee ဟာ Miley ရဲ့ အောင်မြင်မှုအတွက် အဓိကပေါင်းစပ်မှု ဖြစ်တဲ့ ထိပ်လန့်စရာအသွင်အပြင်နဲ့ အတားအဆီးမဲ့ပြီးလွတ်လပ်တဲ့ စိတ်ဓါတ်တွေကြောင့် အထင်ကြီးနှစ်သက်ခဲ့ရတယ်လို့ဆိုပါတယ်။
“သူ့မှာ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိပါတယ်။ စီးပွားရေးရှုထောင့်ကကြည့်ရင် သူဟာအညှာအတာကင်းမဲ့ပါတယ်။ သူဟာ Hannah Montana ဖြစ်ပြီး သူဆန္ဒရှိတာကို သူဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ Dizzee က The Sun သတင်းစာကိုပြောပါတယ်။
ဒါပေမယ့် EMA မှာလုပ်တဲ့ လိင်အသားပေးကကွက်တွေအပါအ၀င် အကောင်းဆုံးဗီဒီယိုဆုလက်ခံတဲ့ပွဲမှာ ဆေးခြောက်လိပ်ထားတယ်လို့ယူဆရတဲ့ဆေးလိပ်ကိုသောက်ပြတာတွေဟာ အစစ်အမှန်ဖျော်ဖြေမှုလား show ပြရုံသက်သက်ပဲလားဆိုတာတော့ Dizzee တစ်ယောက်အသေအချာ မပြောနိုင်ပါဘူး။
"အဲဒီ့ဆေးလိပ်ကိုသောက်ပြီးနောက် ကင်မရာတွေမရှိတဲ့အချိန်မှာ ဆေးလိပ်ကို သူလွှင့်ပစ်ခဲ့ပါတယ်။ တကယ်သောက်တာလားဆိုတာမသေချာပါဘူး" လို့ Dizzee
Love This Town သီချင်းရဲ့အဆိုတော် Dizzee ဟာ Miley ရဲ့ဆယ်ကျော်သက် ပရိတ်သတ်တွေကို လွှမ်းမိုးဖို့ကြိုးစားနေသူဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေက Justin Timberlake နဲ့ အတူနယ်လှည့်ဖျော်ဖြေအပြီးမှာ အသက်ငယ်ရွယ်တဲ့ ကောင်မလေးတွေကိုတဖြည်းဖြည်းကြောက်နေပြီဖြစ်ကြောင်းနောက်ပြောင်ပါတယ်။
“အသက်ငယ်တဲ့ကောင်မလေးတွေထက် ဘယ်အရာမှပိုပြီးကြောက်စရာမကောင်းပါဘူး။ Justin Timberlake နဲ့အတူနယ်လှည့်ဖျော်ဖြေပြီးမှသိလာတာပါ။ သူ (Justin Timberlake) စင်ပေါ်မတက်ခင်ညတိုင်းမှာ ဖျော်ဖြေတဲ့နေရာတစ်ခုလုံးဟာ သူတို့ရဲ့ခြေဆောင့်သံတွေနဲ့တုန်လှုပ်နေတာပဲ” လို့ Dizzee ကရယ်မောပြီးပြောပါတယ်။

No comments:

Post a Comment