Tuesday, November 26, 2013

Wednesday, 27 November 2013 11:39 တောင်ကိုရီးယား နိုင်ငံအတွက် F-16

Wednesday, 27 November 2013 11:39

တောင်ကိုရီးယား နိုင်ငံအတွက် F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရေး အမေရိကန် အတည်ပြု

Written by  
Rate this item
(0 votes)
တောင်ကိုရီးယား နိုင်ငံအတွက် F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရေး အမေရိကန် အတည်ပြု
ဆိုးလ် နိုဝင်ဘာ ၂၆
တောင်ကိုရီးယား နိုင်ငံအတွက် အမေရိကန်နိုင်ငံ လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ် ၁၃၄ စင်းအား ဗြိတိန်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ (BAE System) ဖြင့် အဆင့်မြှင့် တင်ပေးရေး သဘော တူညီချက်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (DSCA) က နိုဝင်ဘာ၂၅ ရက်တွင် ဥပဒေပြု လွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်ဟု သိရသည်။
သဘောတူညီချက်ပါ ပထမအဆင့်တွင် ကနဦး ဒီဇိုင်း ရေးဆွဲရေးနှင့် ထုတ်လုပ်ရေး ဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များ ပါဝင်ပြီး အမေရိကန် ဒေါ်လာသန်း ၂ဝဝ ကုန်ကျမည် ဖြစ်ကြောင်း၊ ဒုတိယ အဆင့်အရ ရေဒါများနှင့် အီလက် ထရွန်နစ် နည်းပညာ သစ်များအား F-16 တိုက်လေယာဉ်များတွင် တပ်ဆင်၍ အဆင့်မြှင့် တင်သွားမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ရနိုင်ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာများက ထုတ်ဖော် ပြောကြားသည်။


Thet Su Nyein Chan Zin








No comments:

Post a Comment