Wednesday, November 27, 2013

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့

 on Wednesday, November 27, 2013 | 3:07 PM



Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ
ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်...
ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့
ပြီးတဲ့အထိ အသုံးပြုသွားနိုင်ဖို့ လိုတယ်ဆိုရင်တော့
အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို
လုပ်ဆောင်ထားသင့်ပါတယ်... ဒီအချက်တွေဟာ သင့် laptop
battery ကို ကြာကြာသုံးနိုင်ဖို့အတွက် အလွန်ထိရောက်တဲ့
အခြေခံအချက်လေးတွေဖြစ်ပါတယ်...

၁) Screen Brightness ကို လျှော့ချထားပါ
သင်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သင့်
Laptop Screen ရဲ့ brightness ကို ချိန်ညှိအသုံးပြုဖို့လိုပါမယ်...
သင့် laptop ဟာ LED screen မဟုတ်ဘူးဆိုရင် back light ကို လျှော့ချလိုက်ခြင်းဟာ အားအကုန်ကို သိသိသာသာ သက်သာစေပါလိမ့်မယ်....

၂) Background program များကို ပိတ်ထားပါ
သင်မသိဘဲနဲ့ Window စနစ်ကနေ နောက်ကွယ်မှာ run နေတဲ့ background program အများကြီးရှိပါတယ်... user အများစုဟာ program တွေကို install လုပ်တဲ့အခါ စက်စဖွင့်တာနဲ့ အလိုအလျောက် run ဖို့ ခွင့်ပြုထားမိလိုက်တာ များပါတယ်.... ဒီလို program တွေကို task manager ကနေတစ်ဆင့် ပိတ်လိုက်ခြင်းဖြင့် သင့် laptop လုပ်နေရတဲ့အလုပ်ကို လျှော့ချပေးနိုင်သလို ဘက်ထရီကိုလည်း ကြာကြာသုံးနိုင်စေမှာဖြစ်ပါတယ်... ဖြစ်နိုင်မယ်ဆိုရင်တော့ သင်တကယ်သုံးမယ့် program တစ်ခုကိုပဲ ဖွင့်ပြီးသုံးဖို့ ကြိုးစားသင့်ပါတယ်...

၃) External Device များကို ဖယ်ရှားပါ
USB flash drive တွေ ဒါမှမဟုတ် external CD drive တွေဟာ သင့် ဘက်ထရီကနေ အားအများကြီးယူသုံးပါတယ်... ဒီ device တွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် သင့် laptop ဘက်ထရီကနေ စွမ်းအင်စီးထွက်မှု ကျဆင်းသွားမှာဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ပိုမိုအသုံးပြုနိုင်ပါလိမ့်မယ်...

၎) CD drive ကို အသုံးမပြုပါနဲ့
Optical Disk drives တွေဟာ အားအတော်စားပါတယ်... ဒီ drive တွေဟာ သူတို့ကိုမသုံးတဲ့အချိန်မှာတောင် အားကို ဖြုန်းပစ်ပါတယ်... ဂိမ်းကစားတာမျိုး CD ထည့်ပြီးသုံးဖို့ရှိမယ်ဆိုရင် virtual drive software တစ်ခုခုကို install လုပ်ထားလိုက်ပါ... ဒါဆိုရင် optical drive ထဲက data တွေကို virtual drive အနေနဲ့ သိမ်းထားပြီးယူသုံးနိုင်ပါပြီ... Optical drive ကို အသုံးပြုတဲ့အချိန်ကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သင့်ဘက်ထရီကို ကြာရှည်သုံးစွဲဖို့ အထောက်အကူပြုပါလိမ့်မယ်...

၅) Hard disk ကို Defragment လုပ်ပါ
Defragment ပုံမှန်မလုပ်တဲ့ hard disk ဟာ data တွေအကို အသုံးပြုတဲ့အခါမှာ အလုပ်ပိုလုပ်ရပါတယ်... ဒါကြောင့် သင့် hard disk ကို defragment ပုံမှန်လုပ်ခြင်းအားဖြင့် hard disk ရဲ့ လည်ပတ်လုပ်ဆောင်မှုကို လျှော့ချပေးနိုင်ပါတယ်... hard disk အလုပ်လုပ်တာနည်းလေလေ သင့်ဘက်ထရီကိုလည်း အချိန်ကြာကြာဆွဲသုံးနိုင်လေလေဖြစ်ပါတယ်....

၆) သင့်ဘက်ထရီကို ဂရုစိုက်ပါ
ဘက်ထရီတွေဟာ ပြုပြင်ထိန်းသိမ်းမှု အများကြီးလိုအပ်ပါတယ်.... ရိုးရိုးရှင်းရှင်းသာဖြစ်တဲ့ ဒီနည်းလမ်းလေးတွေကိုလိုက်နာလိုက်ရုံနဲ့ သင့်ဘက်ထရီရဲ့သက်တမ်းကို ပိုရှည်ကြာပါစေလိမ့်မယ်... ပထမဆုံး သင့်ဘက်ထရီကို အချိန်အကြာကြီးအားသွင်းထားတာမျိုး... အားသွင်းရင်း အသုံးပြုတာမျိုးကို ရှောင်ရပါမယ်... ဒီလိုမျိုးတွေလုပ်ဆောင်ခြင်းဟာ ဘက်ထရီအတွက် မကောင်းပါဘူး... ဘက်ထရီကို အားသွင်းမယ် ပြီးမှအသုံးပြုမယ်ဆိုတာမျိုးကသာ သင့်ဘက်ထရီကို ပုံမှန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်...

၇) Standby အစား Hibernate မှာထားပါ
သင်အလုပ်လုပ်တာက ခဏနားမယ်ဆိုရင် Standby မှာ မထားဘဲ Hibernate မှာထားပါ... Standby mode ဟာ သင့်ဘက်ထရီကို ဆက်သုံးနေမှာဖြစ်ပါတယ်... လူအများစုဟာ ဒီ mode နှစ်ခုရဲ့ ခြားနားချက်ကို ကောင်းကောင်းမသိကြပါဘူး... ဒါကြောင့် အလုပ်ကို ချက်ချင်းပြန်စလို့ရတဲ့ Standby ကိုပဲ သုံးဖြစ်ကြတာများပါတယ်... Standby mode ကို မသုံးခြင်းအားဖြင့် သင့်ဘက်ထရီ သုံးနိုင်မယ့်အချိန်ကို ထပ်ပြီးဆွဲဆန့်ထားနိုင်ပါလိမ့်မယ်...

၈) Graphic ကို လျှော့သုံး
graphic များများတောင်းတဲ့ game တွေကို ကစားတာဟာ အချိန်အနည်းငယ်အတွင်း သင့်ဘက်ထရီကို မြန်မြန်ကုန်စေပါတယ်... ဒါကြောင့် ဂိမ်းကစားတဲ့အခါလည်း အနိမ့်ဆုံး setting တွေနဲ့ ကစားခြင်းဖြင့် သင့် laptop ဘက်ထရီကို ချွေတာနိုင်ပါတယ်...

၉) အသံတိုး
Laptop ရဲ့ speaker နဲ့ သီချင်းခဏခဏဖွင့်နားထောင်တာမျိုးမလုပ်ပါနဲ့.... Headphone ဒါမှမဟုတ် earphone တစ်ခုခုနဲ့ ချိတ်သုံးပါ... ဒီနည်းအားဖြင့် ဘက်ထရီကို ကြာကြာခံစေပါလိမ့်မယ်...

၁၀) မလိုအပ်ဘဲ WiFi နဲ့ Bluetooth မသုံးနဲ့
WiFi တို့ Bluetooth တို့ဟာ ဘက်ထရီက အားတော်တော်ဆွဲသုံးပါတယ်... သင့် laptop ဘက်ထရီကို ကြာကြာခံစေချင်ရင် မသုံးတဲ့အချိန်တိုင်း အဲ့ဒီ features တွေကို ပိတ်ထားဖို့ လိုပါလိမ့်မယ်...

၁၁) အပူလွန်တာကိုရှောင်
ဘက်ထရီတွေဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ရှိကြပါတယ်... အပူလွန်ကဲမှုကတော့ ဘက်ထရီသက်တမ်းအပေါ် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်... အလုပ်များများခိုင်းတဲ့အခါ ဘက်ထရီတွေက ပိုပူလာပါလိမ့်မယ်... ဒါကြောင့် laptop ကို ပန်ကာအောက်မှာ သုံးသင့်ပါတယ်... ဒါ့အပြင် laptop အတွင်းပိုင်းနဲ့ ဘက်ထရီတွေက အပူတွေကို အပြင်ပျံ့နှံ့သွားစေနိုင်တဲ့ cooling pad လေးတွေကိုလည်း သုံးနိုင်ပါတယ်... ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ laptop cooling pad လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်...

---------------------------------------------------------------
Ref: Computer Freaks
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
Photo: Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့ ----------------------------------------------------------------  Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်... ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့ ပြီးတဲ့အထိ အသုံးပြုသွားနိုင်ဖို့ လိုတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်... ဒီအချက်တွေဟာ သင့် laptop battery ကို ကြာကြာသုံးနိုင်ဖို့အတွက် အလွန်ထိရောက်တဲ့ အခြေခံအချက်လေးတွေဖြစ်ပါတယ်...  ၁) Screen Brightness ကို လျှော့ချထားပါ သင်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သင့် Laptop Screen ရဲ့ brightness ကို ချိန်ညှိအသုံးပြုဖို့လိုပါမယ်... သင့် laptop ဟာ LED screen မဟုတ်ဘူးဆိုရင် back light ကို လျှော့ချလိုက်ခြင်းဟာ အားအကုန်ကို သိသိသာသာ သက်သာစေပါလိမ့်မယ်....  ၂) Background program များကို ပိတ်ထားပါ သင်မသိဘဲနဲ့ Window စနစ်ကနေ နောက်ကွယ်မှာ run နေတဲ့ background program အများကြီးရှိပါတယ်... user အများစုဟာ program တွေကို install လုပ်တဲ့အခါ စက်စဖွင့်တာနဲ့ အလိုအလျောက် run ဖို့ ခွင့်ပြုထားမိလိုက်တာ များပါတယ်.... ဒီလို program တွေကို task manager ကနေတစ်ဆင့် ပိတ်လိုက်ခြင်းဖြင့် သင့် laptop လုပ်နေရတဲ့အလုပ်ကို လျှော့ချပေးနိုင်သလို ဘက်ထရီကိုလည်း ကြာကြာသုံးနိုင်စေမှာဖြစ်ပါတယ်... ဖြစ်နိုင်မယ်ဆိုရင်တော့ သင်တကယ်သုံးမယ့် program တစ်ခုကိုပဲ ဖွင့်ပြီးသုံးဖို့ ကြိုးစားသင့်ပါတယ်...  ၃) External Device များကို ဖယ်ရှားပါ USB flash drive တွေ ဒါမှမဟုတ် external CD drive တွေဟာ သင့် ဘက်ထရီကနေ အားအများကြီးယူသုံးပါတယ်... ဒီ device တွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် သင့် laptop ဘက်ထရီကနေ စွမ်းအင်စီးထွက်မှု ကျဆင်းသွားမှာဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ပိုမိုအသုံးပြုနိုင်ပါလိမ့်မယ်...  ၄) CD drive ကို အသုံးမပြုပါနဲ့ Optical Disk drives တွေဟာ အားအတော်စားပါတယ်... ဒီ drive တွေဟာ သူတို့ကိုမသုံးတဲ့အချိန်မှာတောင် အားကို ဖြုန်းပစ်ပါတယ်... ဂိမ်းကစားတာမျိုး CD ထည့်ပြီးသုံးဖို့ရှိမယ်ဆိုရင် virtual drive software တစ်ခုခုကို install လုပ်ထားလိုက်ပါ... ဒါဆိုရင် optical drive ထဲက data တွေကို virtual drive အနေနဲ့ သိမ်းထားပြီးယူသုံးနိုင်ပါပြီ... Optical drive ကို အသုံးပြုတဲ့အချိန်ကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သင့်ဘက်ထရီကို ကြာရှည်သုံးစွဲဖို့ အထောက်အကူပြုပါလိမ့်မယ်...  ၅) Hard disk ကို Defragment လုပ်ပါ Defragment ပုံမှန်မလုပ်တဲ့ hard disk ဟာ data တွေအကို အသုံးပြုတဲ့အခါမှာ အလုပ်ပိုလုပ်ရပါတယ်... ဒါကြောင့် သင့် hard disk ကို defragment ပုံမှန်လုပ်ခြင်းအားဖြင့် hard disk ရဲ့ လည်ပတ်လုပ်ဆောင်မှုကို လျှော့ချပေးနိုင်ပါတယ်... hard disk အလုပ်လုပ်တာနည်းလေလေ သင့်ဘက်ထရီကိုလည်း အချိန်ကြာကြာဆွဲသုံးနိုင်လေလေဖြစ်ပါတယ်....  ၆) သင့်ဘက်ထရီကို ဂရုစိုက်ပါ ဘက်ထရီတွေဟာ ပြုပြင်ထိန်းသိမ်းမှု အများကြီးလိုအပ်ပါတယ်.... ရိုးရိုးရှင်းရှင်းသာဖြစ်တဲ့ ဒီနည်းလမ်းလေးတွေကိုလိုက်နာလိုက်ရုံနဲ့ သင့်ဘက်ထရီရဲ့သက်တမ်းကို ပိုရှည်ကြာပါစေလိမ့်မယ်... ပထမဆုံး သင့်ဘက်ထရီကို အချိန်အကြာကြီးအားသွင်းထားတာမျိုး... အားသွင်းရင်း အသုံးပြုတာမျိုးကို ရှောင်ရပါမယ်... ဒီလိုမျိုးတွေလုပ်ဆောင်ခြင်းဟာ ဘက်ထရီအတွက် မကောင်းပါဘူး... ဘက်ထရီကို အားသွင်းမယ် ပြီးမှအသုံးပြုမယ်ဆိုတာမျိုးကသာ သင့်ဘက်ထရီကို ပုံမှန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်...  ၇) Standby အစား Hibernate မှာထားပါ သင်အလုပ်လုပ်တာက ခဏနားမယ်ဆိုရင် Standby မှာ မထားဘဲ Hibernate မှာထားပါ... Standby mode ဟာ သင့်ဘက်ထရီကို ဆက်သုံးနေမှာဖြစ်ပါတယ်... လူအများစုဟာ ဒီ mode နှစ်ခုရဲ့ ခြားနားချက်ကို ကောင်းကောင်းမသိကြပါဘူး... ဒါကြောင့် အလုပ်ကို ချက်ချင်းပြန်စလို့ရတဲ့ Standby ကိုပဲ သုံးဖြစ်ကြတာများပါတယ်... Standby mode ကို မသုံးခြင်းအားဖြင့် သင့်ဘက်ထရီ သုံးနိုင်မယ့်အချိန်ကို ထပ်ပြီးဆွဲဆန့်ထားနိုင်ပါလိမ့်မယ်...  ၈) Graphic ကို လျှော့သုံး graphic များများတောင်းတဲ့ game တွေကို ကစားတာဟာ အချိန်အနည်းငယ်အတွင်း သင့်ဘက်ထရီကို မြန်မြန်ကုန်စေပါတယ်... ဒါကြောင့် ဂိမ်းကစားတဲ့အခါလည်း အနိမ့်ဆုံး setting တွေနဲ့ ကစားခြင်းဖြင့် သင့် laptop ဘက်ထရီကို ချွေတာနိုင်ပါတယ်...  ၉) အသံတိုး Laptop ရဲ့ speaker နဲ့ သီချင်းခဏခဏဖွင့်နားထောင်တာမျိုးမလုပ်ပါနဲ့.... Headphone ဒါမှမဟုတ် earphone တစ်ခုခုနဲ့ ချိတ်သုံးပါ... ဒီနည်းအားဖြင့် ဘက်ထရီကို ကြာကြာခံစေပါလိမ့်မယ်...  ၁၀) မလိုအပ်ဘဲ WiFi နဲ့ Bluetooth မသုံးနဲ့ WiFi တို့ Bluetooth တို့ဟာ ဘက်ထရီက အားတော်တော်ဆွဲသုံးပါတယ်... သင့် laptop ဘက်ထရီကို ကြာကြာခံစေချင်ရင် မသုံးတဲ့အချိန်တိုင်း အဲ့ဒီ features တွေကို ပိတ်ထားဖို့ လိုပါလိမ့်မယ်...  ၁၁) အပူလွန်တာကိုရှောင် ဘက်ထရီတွေဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ရှိကြပါတယ်... အပူလွန်ကဲမှုကတော့ ဘက်ထရီသက်တမ်းအပေါ် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်... အလုပ်များများခိုင်းတဲ့အခါ ဘက်ထရီတွေက ပိုပူလာပါလိမ့်မယ်... ဒါကြောင့် laptop ကို ပန်ကာအောက်မှာ သုံးသင့်ပါတယ်... ဒါ့အပြင် laptop အတွင်းပိုင်းနဲ့ ဘက်ထရီတွေက အပူတွေကို အပြင်ပျံ့နှံ့သွားစေနိုင်တဲ့ cooling pad လေးတွေကိုလည်း သုံးနိုင်ပါတယ်... ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ laptop cooling pad လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်...  --------------------------------------------------------------- Ref: Computer Freaks နှိုင်းရင့်နွေမှတင်ဆက်သည်... https://www.facebook.com/hnaingyintnway ----------------------------------------------------------------   အေးချမ်းမွန် Credit To >နှိုင်းရင့်နွေ <Thanks

No comments:

Post a Comment