Friday, November 22, 2013

ဟောလီးဝုဒ်စတားတစ်ချို့ရဲ့ နာမည်ကျော်မဖြစ်ခင် ၀င်ငွေရှာနည်းများ

ဟောလီးဝုဒ်စတားတစ်ချို့ရဲ့ နာမည်ကျော်မဖြစ်ခင် ၀င်ငွေရှာနည်းများ

ဟောလီးဝုဒ်စတားတွေ နာမည်ကျော်မဖြစ်ခင်က သူတို့လဲ အခြားအလုပ်တွေ လုပ်ခဲ့ဖူးကြပါတယ်တဲ့။ အဲဒီတုန်းကတော့ သူတို့ကို ဘယ်သူမှ သတိမထားမိကြပါဘူး။ သူတို့ရဲ့ အလုပ်လေးတွေကလဲ စိတ်ဝင်စားစရာ ကောင်းနေတာတော့ အမှန်ပါပဲ။
ဟောလီးဝုဒ်စတားတွေ နာမည်ကျော်မဖြစ်ခင်က သူတို့လဲ အခြားအလုပ်တွေ လုပ်ခဲ့ဖူးကြပါတယ်တဲ့။ အဲဒီတုန်းကတော့ သူတို့ကို ဘယ်သူမှ သတိမထားမိကြပါဘူး။ သူတို့ရဲ့ အလုပ်လေးတွေကလဲ စိတ်ဝင်စားစရာ ကောင်းနေတာတော့ အမှန်ပါပဲ။

(၁)     One Direction အဖွဲ့ရဲ့ နာမည်ကျော် Harry Styles ကတော့ ဒီအဖွဲ့ထဲမပါခင်က မုန့်ဖိုတစ်ခုမှာ လုပ်ခဲ့ပါတယ်တဲ့။ အခုအဖွဲ့သား Louisရဲ့ ကောင်မလေးနဲ့ အတူလုပ်ခဲ့တာပါတဲ့။ သူတို့နှစ်ဦးကိုလဲ သူပဲ မိတ်ဆက်ပေးခဲ့တာလို့ဆိုပါတယ်။

(၂)     ပေါ့ပ်ဘုရင်မ Beyonce ကတော့ မာန်မာနကင်းစွာနဲ့ မိမိကိုယ်ကို နှိမ့်ချပြီးတော့ အခုလို ထုတ်ဖော်ပြောသွားပါတယ်။ သူမဟာ သူမအမေရဲ့ အလှပြင်ဆိုင်မှာ ကြမ်းပြင်ပေါ်က ဆံပင်တွေကို လှည်းကျင်းသူတစ်ယောက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

(၃)     နောက်ထပ် မွန်းစတားဘုရင်မ Lady Ga Ga ကတော့ “Fame monster”မထွက်ခင်က နယူးယောက်မြို့မှာရှိတဲ့ Greek ဆိုတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးမယ်လုပ်ခဲ့ပါတယ်တဲ့။

(၄)     အဆိုတော် Carrie Underwood ကတော့ ဂတ်စ်ဆိုင်မှာ စာရင်းကိုင်တစ်ယောက်အဖြစ် ဆယ်ကျော်သက်အရွယ်က လုပ်ခဲ့ပါတယ်တဲ့။

(၅)     အင်္ဂလန် ၊ အမေရိကန် နာမည်ကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Lily Collinsကတော့ “ကျွန်မအသက် (၁၅)နှစ်မှာ အင်္ဂလန်နိုင်ငံမှာရှိတဲ့ မဂဇင်းတွေထဲမှာ ဂျာနယ်လစ်အဖြစ် စလုပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

(၆)     Carly Rae Jepsen ကတော့ သူမအဆိုတော်မဖြစ်ခင်က စားပွဲထိုး၊ ဘားကောင်တာ တွေမှာ လုပ်ခဲ့ပါတယ်တဲ့။ “အဆိုတော်အလုပ်ကို အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် လုပ်ခွင့်ရဖို့အတွက် ကျွန်မအလုပ်တွေတော်တော်များများ လုပ်ဖြစ်ခဲ့ပါတယ်”လို့ ပြောသွားပါတယ်။

(၇)     အမေရိကန်သရုပ်ဆောင် Crystal Reedကတော့ သူမ ဒီအလုပ်မလုပ်ခင်က ဆိုတဲ့ နာမည်ကြီး အမေရိကန် ရေခဲမုန့်ကုမဏီမှာ ရေခဲမုန့် ထည့်ပေးသူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်တဲ့။

(၈)     Friday Night Lights ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် Aimee Teegarden ကတော့ “ကျွန်မရဲ့ ဇာတ်လမ်းတွဲ ဒုတိယအပိုင်းလောက်ရောက်တဲ့အခါ ကျွန်မအနေနဲ့ အပြင်ကမ္ဘာမှာ တကယ့်အလုပ်နဲ့တူတဲ့ အလုပ်တစ်ခုရှိသင့်တယ်ထင်ပြီး Hollister ကုမဏီမှာ ၀င်လုပ်ခဲ့တာပါ။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီမှာ လုပ်တယ်လေ။ ဧည့်သည်တွေ ကျွန်မကိုမြင်တဲ့အခါ မင်းက Friday Night Lights ဇာတ်လမ်းတွဲ ထဲကတစ်ယောက်မဟုတ်လားလို့ မေးကြတယ်။ ဒါဟာ ပျော်စရာတစ်ခုလိုပဲ”လို့ ပြောသွားပါတယ်။

(၉)     ဖက်ရှင်ဒီဇိုင်နာ စတားတစ်ဦးဖြစ်တဲ့ India de Beaufort ကတော့ သူမရဲ့ လက်ရှိအလုပ် မလုပ်ခင်က ဆံပင်ညှပ် အလှပြင်ဆိုင်မှာ ခေါင်းလျှော်သူတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။
(Ref:Seventeen)

No comments:

Post a Comment