Friday, November 22, 2013

MAMAs ပွဲအတွက် ပူးပေါင်းဖျော်ဖြေမယ့် Stevie Wonder နဲ့ K-Pop Star Hyorin

MAMAs ပွဲအတွက် ပူးပေါင်းဖျော်ဖြေမယ့် Stevie Wonder နဲ့ K-Pop Star Hyorin

          နော်ဝေနိုင်ငံသား ညီအစ်ကိုနှစ်ယောက်ပါဝင်တဲ့ Ylvis နဲ့ အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ Cryon Pop ကိုရီးယားအဖွဲ့တို့ ပူးပေါင်းတင်ဆက်မယ်ဆိုတဲ့ သတင်းအပြီးမှာ နောက်သတင်းအသစ် တစ်ခုဖြစ်တဲ့ အရှေ့နဲ့အနောက် ပူးပေါင်းမှု အစီအစဉ်တစ်ခု ထွက်ပေါ်လာပါတယ်။ ၂၀၁၃ခုနှစ်အတွက် MAMAs (Mnet Asian Music Awards) လို့ခေါ်တဲ့ ပွဲအတွက်ဖြစ်ပါတယ်။ SISTAR အဖွဲ့ရဲ့ ခေါင်းဆောင် Hyorin နဲ့ Stevie Wonder တို့က အတီးပိုင်းနဲ့ အဆိုပိုင်း ပူးပေါင်းမှုအဖြစ် Stevie Wonder ရဲ့ “I Just Call to Say I Love You” သီချင်းကို  တင်ဆက်မယ်လို့ဆိုပါတယ်။
          အသက် (၆၃)နှစ်ရှိပြီဖြစ်တဲ့ US ရဲ့ တေးဂီတ icon ဟာ Hot 100 မှာ နံပါတ်(၁) ကိုးခုပိုင်ဆိုင်ထားပြီး Hyorin ကတော့ K-Pop Hot 100 မှာ နံပါတ်(၁)လေးခု ပိုင်ဆိုင်ထားခဲ့ပါပြီ။ လေးခုကတော့ SISTAR အဖွဲ့အနေနဲ့ဖြစ်ပြီး ကျန်နှစ်ခုမှာ တစ်ခုက SISTAR19 ၊ ကျန်တစ်ခုကတော့ သူမတစ်ကိုယ်တော်အနေနဲ့ရရှိထားတာပါ။ သီချင်းအမည်က “Crazy of You” ဖြစ်ပါတယ်။
          Paris Hilton လည်း ဒီပွဲကိုတက်မှာဖြစ်ပြီး ပွဲကြည့်သူအနေနဲ့ပဲလား ၊ တက်ရောက် ဖျော်ဖြေဦးမှာလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ MAMAs ပွဲရဲ့ DJ စင်နားမှာ သူမက “MAMAs ပွဲအကြိုအတွက်ပါ”လို့ ဓါတ်ပုံရိုက်ပြီး Instagram မှာ တင်ခဲ့ပါတယ်။
          တခြား K-pop စတားတွေဖြစ်တဲ့ BIGBANG , Lee Seung Gi, INFINITE နဲ့ Rain တို့လည်း ဒီပွဲကို တက်ရောက်ကြမှာပါ။ လွန်ခဲ့တဲ့ (၂)နှစ်လုံး စစ်မှုထမ်းရင်း အချိန်ကုန်နေတဲ့ Rain ကတော့ သူ့ရဲ့ တကျော့ပြန်ဖျော်ဖြေမှုအဖြစ် ဒီပွဲမှာ တက်ရောက်ဖျော်ဖြေဦးမှာပါ။
          2NE1 ကလည်း သူမတိုရဲ့ “Missing You” သီချင်းရဲ့ ပွဲဦးထွက် သရုပ်ပြမှုအနေနဲ့ ဖျော်ဖြေတင်ဆက်ဦးမှာပါ။
          ကြည့်ရှုချင်တဲ့ Fans များအနေနဲ့ MAMAs ပွဲကို America’s You Tube မှာ တိုက်ရိုက်လွှင့်မှာ ဖြစ်ပြီး ပွဲကို 4 a.m. E.T (Eastern Time Zone) မှာ စတင်မှာဖြစ်ပါတယ်။
Ref:billboard

No comments:

Post a Comment