Saturday, November 23, 2013

ဂီတနှင့် ကျန်းမာရေး


ဂီတနှင့် ကျန်းမာရေး
ဂီတဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်အပေါ်မှာ အကျိုး သက်ရောက်မှု ရှိတယ် ဆိုတာကို သုတေသန တွေက တွေ့ရှိ ခဲ့ပါတယ်။ အနာ ကျက်ဖို့ အတွက် ဂီတကို အသုံး ပြုတဲ့ ဂီတ ကုထုံးခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ် တစ်ခု ကလည်း တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက် လာနေ ပါတယ်။ ဂီတ ကုထုံးဟာ နာကျင်မှုကို ကုသ ရာမှာ ကူညီ နိုင်ပါတယ်။ စိတ်ဓာတ် ကျဆင်းမှုကို သက်သာ စေပြီး လူနာကို တည်ငြိမ် အေးချမ်း စေပါတယ်။ ကြွက်သား တင်းအား တွေကို ပြေလျော့ စေပြီး လှုပ်ရှားမှု တွေကိုလည်း တိုတက် စေပါတယ်။ ဒါကြောင့် ဂီတ ကုထုံးက ကင်ဆာ လူနာတွေ၊ ဂနာ မငြိမ်တဲ့ ကလေး တွေနဲ့ တခြား လူနာတွေ ကုသ ရာမှာ ကူညီ နိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ တို့ဟာ ခန္ဓာကိုယ်နဲ့ စိတ် အပေါ်မှာ ဂီတရဲ့ အကျိုး သက်ရောက်မှု တွေပဲ ဖြစ်ပါတယ်။
ဦးနှောက် လှိုင်းများ
ခပ်ပြင်းပြင်း နာရီ စည်းချက် တွေပါတဲ့ ဂီတဟာ ဦးနှောက်လှိုင်း တွေကို စည်းချက်နဲ့ အချိန် ကိုက်လှုံ့ဆော်ပေပး နိုင်ပါတယ်လို့ သုတေ သနတွေက တွေ့ရှိ ထားပါတယ်။ စည်းချက်က ပိုမြန်ရင် အာရုံ စူးစိုက် မှုကို စူးရှ ထက်မြက် စေပြီး နိုးနိုး ကြားကြား တွေးခေါ် နိုင်စေ ပါတယ်။ စည်းချက်က နှေးရင်တော့ စိတ်ကို တည်ငြိမ် အေးချမ်း စေနိုင် ပါတယ်။
ဒါ့အပြင် ဂီတ ကြောင့် ဦးနှောက်လှုံ့ဆောက်မှု တွေမှာ ပြောင်းလဲ မှုက ဦးနှောက်ကို သူ့ကိုယ်ပိုင် အရှိန်ကို ပြောင်းလဲ ရာမှာ ပိုမိုလွယ်ကူ စေတယ်လို့ သုတေသန တွေက တွေ့ရှိရ ပါတယ်။ ဆိုလို တာက သင်ဟာ ဂီတကို နားထောင် နေရာမှ ရပ်တန့် လိုက်ရင်တောင် သင့်စိတ် အပေါ်မှာ ဂီတရဲ့ အကျိုးသက် ရောက်မှု တွေက ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။
အသက် ရှူနှုန်းနှင့် နှလုံး ခုန်နှုန်း
ဦးနှောက် လှိုင်းတွေမှာ ပြောင်းလဲ မှုနဲ့ အတူ ခန္ဓာကိုယ်က တခြား လုပ်ဆောင် မှုတွေ မှာလည်း ပြောင်းလဲ မှုတွေ ဖြစ်လာ ပါတယ်။ အသက် ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း လိုမျိုး အလို အလျောက် အာရုံ ကြောစနစ်က လုပ်ဆောင်တဲ့ ခန္ဓာကိုယ် အလုပ် တွေကိုလည်း ဂီတက ပြောင်းလဲ စေပါတယ်။
ငြိမ့်ညောင်းတဲ့ ဂီတသံက အသက် ရှူနှုန်းနဲ့ နှလုံး ခုန်နှုန်း တွေကို နှေးစေပြီး ခန္ဓာကိုယ်ကို ပြေလျော့ အနား ရတဲ့ အနေ အထား ဖြစ် စေပါတယ်။ ဒါကြောင့် ဂီတ ကုထုံးဟာ တာရှည် စိတ်ဖိ စီးမှု တွေကြောင့် ခန္ဓာကိုယ်မှ ထိခိုက် ရမှု တွေကို ကာကွယ် နိုင်ပြီး ဖြေလျော့ အနား ရစေ ရုံသာမက ကျန်းမာရေး ကိုပါ တိုးတက် စေပါတယ်။
စိတ် အခြေ အနေ
ဂီတဟာ စိတ်ဓာတ် ကျဆင်း မှုနဲ့ စိုးရိမ် ပူပန်မှု တွေကို လျော့ပါး သက်သာ စေပြီး အကောင်း မြင်တဲ့ စိတ်အခြေ အနေကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိ စီးမှုကြောင့် ဖြစ်လာတဲ့ တုံ့ပြန်မှု တွေကို မဖြစ်အောင် ကာကွယ် ပေးထား နိုင်တဲ့ အတွက် ထိုးထွင်း ဖန်တီး နိုင်စွမ်းနဲ့ အကောင်း မြင်မှု တွေကို တိုးတက် စေပြီး ကျန်းမာ ရေးကို ကောင်းမွန် စေပါတယ်။
အခြား အကျိုး ကျေးဇူးများ
ဂီတဟာ သွေးဖိအား လျော့ကျ စေတဲ့အတွက် အချိန် ကြာလာတာနဲ့ အမျှ လေဖြတ် နိုင်ခြေနဲ့ တခြား ကျန်းမာရေး ပြဿ နာတွေ ဖြစ်နိုင် ခြေကို လျော့ကျ စေပါတယ်။ ခန္ဓာကိုယ် ခုခံအား စနစ်ကို အားကောင်း စေပါတယ်။ ကြွက်သား တင်းအား တွေကို ပြေလျော့ စေပါတယ်။

ဂီတနှင့် ကျန်းမာရေး  ဂီတဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်အပေါ်မှာ အကျိုး သက်ရောက်မှု ရှိတယ် ဆိုတာကို သုတေသန တွေက တွေ့ရှိ ခဲ့ပါတယ်။ အနာ ကျက်ဖို့ အတွက် ဂီတကို အသုံး ပြုတဲ့ ဂီတ ကုထုံးခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ် တစ်ခု ကလည်း တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက် လာနေ ပါတယ်။ ဂီတ ကုထုံးဟာ နာကျင်မှုကို ကုသ ရာမှာ ကူညီ နိုင်ပါတယ်။ စိတ်ဓာတ် ကျဆင်းမှုကို သက်သာ စေပြီး လူနာကို တည်ငြိမ် အေးချမ်း စေပါတယ်။ ကြွက်သား တင်းအား တွေကို ပြေလျော့ စေပြီး လှုပ်ရှားမှု တွေကိုလည်း တိုတက် စေပါတယ်။ ဒါကြောင့် ဂီတ ကုထုံးက ကင်ဆာ လူနာတွေ၊ ဂနာ မငြိမ်တဲ့ ကလေး တွေနဲ့ တခြား လူနာတွေ ကုသ ရာမှာ ကူညီ နိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ တို့ဟာ ခန္ဓာကိုယ်နဲ့ စိတ် အပေါ်မှာ ဂီတရဲ့ အကျိုး သက်ရောက်မှု တွေပဲ ဖြစ်ပါတယ်။  ဦးနှောက် လှိုင်းများ  ခပ်ပြင်းပြင်း နာရီ စည်းချက် တွေပါတဲ့ ဂီတဟာ ဦးနှောက်လှိုင်း တွေကို စည်းချက်နဲ့ အချိန် ကိုက်လှုံ့ဆော်ပေပး နိုင်ပါတယ်လို့ သုတေ သနတွေက တွေ့ရှိ ထားပါတယ်။ စည်းချက်က ပိုမြန်ရင် အာရုံ စူးစိုက် မှုကို စူးရှ ထက်မြက် စေပြီး နိုးနိုး ကြားကြား တွေးခေါ် နိုင်စေ ပါတယ်။ စည်းချက်က နှေးရင်တော့ စိတ်ကို တည်ငြိမ် အေးချမ်း စေနိုင် ပါတယ်။  ဒါ့အပြင် ဂီတ ကြောင့် ဦးနှောက်လှုံ့ဆောက်မှု တွေမှာ ပြောင်းလဲ မှုက ဦးနှောက်ကို သူ့ကိုယ်ပိုင် အရှိန်ကို ပြောင်းလဲ ရာမှာ ပိုမိုလွယ်ကူ စေတယ်လို့ သုတေသန တွေက တွေ့ရှိရ ပါတယ်။ ဆိုလို တာက သင်ဟာ ဂီတကို နားထောင် နေရာမှ ရပ်တန့် လိုက်ရင်တောင် သင့်စိတ် အပေါ်မှာ ဂီတရဲ့ အကျိုးသက် ရောက်မှု တွေက ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။  အသက် ရှူနှုန်းနှင့် နှလုံး ခုန်နှုန်း  ဦးနှောက် လှိုင်းတွေမှာ ပြောင်းလဲ မှုနဲ့ အတူ ခန္ဓာကိုယ်က တခြား လုပ်ဆောင် မှုတွေ မှာလည်း ပြောင်းလဲ မှုတွေ ဖြစ်လာ ပါတယ်။ အသက် ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း လိုမျိုး အလို အလျောက် အာရုံ ကြောစနစ်က လုပ်ဆောင်တဲ့ ခန္ဓာကိုယ် အလုပ် တွေကိုလည်း ဂီတက ပြောင်းလဲ စေပါတယ်။  ငြိမ့်ညောင်းတဲ့ ဂီတသံက အသက် ရှူနှုန်းနဲ့ နှလုံး ခုန်နှုန်း တွေကို နှေးစေပြီး ခန္ဓာကိုယ်ကို ပြေလျော့ အနား ရတဲ့ အနေ အထား ဖြစ် စေပါတယ်။ ဒါကြောင့် ဂီတ ကုထုံးဟာ တာရှည် စိတ်ဖိ စီးမှု တွေကြောင့် ခန္ဓာကိုယ်မှ ထိခိုက် ရမှု တွေကို ကာကွယ် နိုင်ပြီး ဖြေလျော့ အနား ရစေ ရုံသာမက ကျန်းမာရေး ကိုပါ တိုးတက် စေပါတယ်။  စိတ် အခြေ အနေ  ဂီတဟာ စိတ်ဓာတ် ကျဆင်း မှုနဲ့ စိုးရိမ် ပူပန်မှု တွေကို လျော့ပါး သက်သာ စေပြီး အကောင်း မြင်တဲ့ စိတ်အခြေ အနေကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိ စီးမှုကြောင့် ဖြစ်လာတဲ့ တုံ့ပြန်မှု တွေကို မဖြစ်အောင် ကာကွယ် ပေးထား နိုင်တဲ့ အတွက် ထိုးထွင်း ဖန်တီး နိုင်စွမ်းနဲ့ အကောင်း မြင်မှု တွေကို တိုးတက် စေပြီး ကျန်းမာ ရေးကို ကောင်းမွန် စေပါတယ်။  အခြား အကျိုး ကျေးဇူးများ  ဂီတဟာ သွေးဖိအား လျော့ကျ စေတဲ့အတွက် အချိန် ကြာလာတာနဲ့ အမျှ လေဖြတ် နိုင်ခြေနဲ့ တခြား ကျန်းမာရေး ပြဿ နာတွေ ဖြစ်နိုင် ခြေကို လျော့ကျ စေပါတယ်။ ခန္ဓာကိုယ် ခုခံအား စနစ်ကို အားကောင်း စေပါတယ်။ ကြွက်သား တင်းအား တွေကို ပြေလျော့ စေပါတယ်။  Written by ဂျူလိုင်မိုး

No comments:

Post a Comment