Saturday, November 23, 2013

စိတ်ကို ဘယ်လို ကူးရပါ့


စိတ်ကို ဘယ်လို ကူးရပါ့

(တစ်)

အာဏာ ရှင်တွေရဲ့ အုပ်ချုပ်မှု ယန္တရားကြီးကြောင့် ပျက်စီး သွားရတဲ့ နယ်ပယ် အသီးသီး ထဲမှာ လူတွေရဲ့ စိတ်ကူး စိတ်သန်း နယ်ပယ် လည်းပါမယ် လို့ ကျွန်တော် ထင်တယ်ဗျာ။

မြန်မာ့ စီးပွားရေး လောက ချုံးချုံး ကျသွား ရကြောင်း ကိုတော့ ၀န်ခံ ထားကြပြီး သားပါ။ မြန်မာ့ ပညာရေးလောက သုံးစား မရတော့ကြောင်း လည်းဆွေးနွေး ခဲ့ကြပြီး သားပါ။ မြန်မာ့ အားကစားလောက ဖုတ်လှိုက်ဖုတ် လှိုက်ဖြစ်နေကြောင်း လည်း သုံးသပ် ခဲ့ကြပြီး သားပါ။ မြန်မာ့ အနုပညာလောက စံချိန်စံညွှန်းတွေ လျော့ကျ သွားကြောင်း လည်း ဝေဖန် ခဲ့ကြပြီး သားပါ။ ဘယ်ခေါင်းစဉ် ခွဲ ကိုပဲ ကောက်လှန်လှန် သိပ်မဟန် တာတွေ ချည်းသာ လို့ ၀န်ခံ ရမယ့် အနေအထား ပါ။ အဲသည့်လိုမြန်မာ တို့ ပျက်သွား ရပုံနဲ့ ပတ်သက် လို့ ပြောကြ ဆိုကြ တဲ့ အခါ စိတ်ကူးပုံ စိတ်ကူးနည်းတွေ အထိ ကမ္ဘာက သြချ ရလောက်အောင် ပျက်စီး ယိုယွင်း သွားကြ ရတဲ့ အကြောင်းတွေ ကဖြင့် မကြားချင်မှ အဆုံး ပါပဲ။

(နှစ်)

ဂျပန် ကနေပြန်လာသူ လေးငါးယောက်လောက် က သူတို့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ စာရေးသူ ကျွန်တော့် ကို မကြာခဏ မျှဝေပေး တတ်ကြပါတယ်။ တစ်ခါ မှာတော့ တစ်ယောက် က ဂျပန် မီးရထား စီးသူတွေ နဲ့ ဂျပန် ဘူတာရုံတွေ အကြောင်း ကို ဖောက်သည် ချလာခဲ့ ပါလေရော။ စာဖတ်သူ ကျွန်တော့် မိတ်ဆွေ တို့ တိရိစာန် ဥယျာဉ် အ၀င် အ၀က လူဝင်ပေါက် မှာ တပ်ထား တဲ့ ဒလက်ကြီးတွေ ကို မြင်ဖူး ကြမယ်ထင် ပါတယ်။ လူဝင်တဲ့ အခါ ဒလက် ကလည် သွားပြီး လူက ဒလက်နဲ့ အ တူ ပါသွား ရတဲ့၊ လူဝင်လူ ထွက်ကို စနစ် တကျဖြစ်အောင် လုပ်ပေး ထားတဲ့ ကိရိယာ လို့ ဆိုပါတော့။

ဂျပန်က မီးရထား ဘူတာရုံတွေ မှာ အဲသည့်လို ဒလက်တွေ တပ် ထားပေး ပါတယ်။ ဒလက် ထဲ ကို လူဝင်ပြီး လှည့်တဲ့ အခါ လက်မှတ် တစ်စောင်ပေးလိုက် တာ နဲ့ဒလက်က အလိုလို လည် သွားပြီးသား ဆိုပါတော့။ လက်မှတ် တစ်စောင် တည်းပေးပြီး ဒလက် ထဲမှာ လူနှစ်ယောက် ၀င်ရပ် ရင် ဒလက် က မလည် ပါဘူး။ ထ စ်နေ ပါတယ် ဒါဆိုလူက မလည်တဲ့ ဒလက် ထဲမှာ တစ်နေပြီး အထဲ ကို ၀င်လို့ မရတော့ ပါဘူး။ သိပ်ကောင်း တဲ့ ဂျပန် စနစ်ပေါ့။

ဒါပေမဲ့ အဲသည့်လို သိပ်ကောင်း တဲ့ ဂျပန်စနစ် ကို ခေါင်းခြောက် သွားအောင် လုပ်ဖို့ ပေါ်ပေါက် လာတာက မြန်မာ့ စိတ်ကူးပါ။ မြန်မာနိုင်ငံသား က ဂျပန်ကို မေး ပါတယ်။ လူနှစ်ယောက် က လူ တစ်ယောက် တည်း နီးနီးလောက်ဖြစ်အောင် ဖက်ပြီးတော့ ကပ်ထား မယ်။ ပြီးတော့ လက်မှတ် တစ်စောင် တည်းပြပြီး ၀င်မယ်ပေါ့။ ဂျပန် အမျိုးသား က ရယ် ပါတယ်။ မရပါ ဘူး ဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက် ပဲ ကပ်ပြီး ၀င်ဝင် စက်ကနှစ်ယောက် မှန်း သိပါတယ်ပေါ့။ လက်မှတ်နှစ်စောင် မပေးရင် မလည် ပါဘူးပေါ့။

မြန်မာက လက်မလျှော့ ပါဘူး။ ဒါဆို ကလေးတွေ ကုန်းပိုးသ လိုပိုးပြီးဝင်မယ် ဆိုရင်ရောပေါ့။ သည် တစ်ခါမှာတော့ ဂျပန် ငိုင်ကျ သွားပါတယ်။ Cross Question အမေးခံ လိုက်ရတဲ့ လူလို ဘာပြန် ဖြေရမှန်း မသိ ဖြစ်သွား ပုံရပါတယ်။အေးဗျာ ကျွန်တော် တို့ ဂျပန်တွေ ဘယ်သူမှ အဲသည် လို မတွေး မိကြ ဘူးတဲ့။ စိတ်မကူး မိကြဘူး တဲ့။ ၀မ်းသာ ရမှာ လား မသိ။ ၀မ်းနည်း ရမှာလား မသိ။ မြန်မာ့ စိတ်ကူး ရဲ့ သူမတူအောင် ထောင့်စေ့ ပုံ။ လူ တစ်ယောက် အတွက် လက်မှတ် တစ်စောင် ခ သက်သာ အောင် ကုန်းပိုးပြီး ၀င်ရင် ရနိုင်တယ် လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ် မကူးမိကြ။

(သုံး)

နောက် တစ်ခါ အခွေ ကိစ္စလေး ပြောချင်သေး တယ်ဗျ။ အမျိုးမျိုး အ ထွေထွေသော အခွေတွေပေါ့။ စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရော အစုံ။

ကျွန်တော် တို့ ဆီမှာ အဲသည့် အခွေ မျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလော နဲ့ ၀ယ်လို့ ရနိုင် တယ် ဆိုတာကို အားလုံး သိပြီးသား ပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့် မူရင်း အခွေတွေ ကို ငွေနှစ်ရာ နဲ့ လည်းရနိုင်၊ ငွေသုံးရာ နဲ့ လည်းရနိုင် တဲ့ အခွေ တွေ ဆိုပါတော့။ လူထု ပါးစပ်ထဲ မှာ ကတော့ လွယ်လွယ်ခေါ်နေတဲ့ ဝေါဟာရ တစ်လုံး ရှိပါတယ်။ ခိုးကူး တဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်း အနှီးကြီးကြီး နဲ့ လုပ်ထား ကြရ တဲ့ တေးဂီတ ထုတ်လုပ် သူတွေ၊ ရုပ်ရှင် ဗီဒီယို ထုတ်လုပ် သူတွေ ဟာ စီးပွားပျက် မတတ် ထိခိုက်ကြ ရတာ ကို လည်း အားလုံး သိပြီးသား ပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန် ရှိသူတွေနဲ့၊ ရဲတွေ နဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူ ဖို့ ဆောင်ရွက်နေ ကြတာတွေ ကလည်း မကြာ မကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေ တဲ့ အခြေအနေ။

တစ်ရက် အနောက် ကမ္ဘာ မှာ အနေကြာ ခဲ့ အနေကြာ ဆဲသူ တစ်ယောက် နဲ့ စကား ၀ိုင်း ဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေ ဘက်ဆီကို စကားဝိုင်းရောက် သွားတော့ အိုင်တီနည်း ပညာ သိပ် ကိုရှေ့တန်း ရောက် တဲ့နိုင်ငံမှာ အခွေတွေ ကို ကူး မရောင်းဘူး လားလို့ ကျွန်တော် က မေးမိ ပါတယ်။ ဆိုကြ ပါစို့ လေဒီဂါဂါ ရဲ့အခွေ၊ တေလာ ဆွစ် ရဲ့ အခွေ၊ ဂျပ်စတင် ဘီဘာ ရဲ့ အခွေ။

အမေးခံရ တဲ့လူ ကြောင် တက်တက် ဖြစ်သွား သဗျ။ သူတို့ ဆီမှာ တစ်ခါမှ စိတ် ကူးလေ့ ကူးထ မရှိတဲ့ စိတ်ကူး မျိုး ကို သိလိုက် ရလို့ အံ့သြ သွားပုံ လည်း ရပါတယ်။ အေးဗျာ .. တဲ့။ ကူးရောင်းရင်တော့ ဈေး သက်သာမှာ သေချာပေါက်ပေါ့ တဲ့။ ဒါပေမဲ့ အဲသည့် ကမ္ဘာက လူတွေ က အဲသည် လို မျိုး လုပ်ပြီး ပိုက်ဆံ ရှာ ဖို့ စိတ်ကူး လေ့ ရှိကြပုံ မရဘူး တဲ့။ မအံ့သြ ဘူးလား။

(လေး)

သွေးဆေး ထဲမှာ အုတ်နီခဲ မှုန့်ရောပြီး ရောင်းရင်ဖြစ် မယ်လို့ စိတ်ကူး သူတွေ ရှိပါ တယ်။ နှမ်း ထဲမှာ ကျောက် စရစ်ခဲ ကလေးတွေ ရောပြီးရောင်းရင်ဖြစ် မယ် လို့ စိတ် ကူးသူတွေ ရှိပါတယ်။ သူတစ်ပါး ပြုစု ထားတဲ့ အဘိဓာန် စာအုပ်ကြီး ထဲကနေ ကိုယ့်စိတ် ကြိုက် စကားလုံး တချို့ ရွေးထုတ် ကာ ကိုယ့် ကိုယ်ကိုယ် အိတ်ဆောင် အဘိ ဓာန်ပြုစု သူ လုပ်ရင်ဖြစ် မယ်လို့ စိတ်ကူး သူတွေ ရှိပါတယ်။ အနောက် တိုင်းဆေးပညာ ကနေ လာတဲ့ သောက်ဆေးတွေ ကို အမှုန့် လုပ်၊ ပုလင်းထဲ ထည့်၊ ရွာစဉ် လှည့် ကာ မိမိ ကိုယ်တိုင် ဖော်စပ် ထားတဲ့ ဆေး အဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေး ဆရာကြီး အဖြစ် ကုသဖို့ စိတ်ကူး သူတွေ ရှိပါတယ်။

စိတ် ဆိုတာ ကူးလို့ ရတဲ့ အရာဖြစ် လို့ ဘယ်သူမ ဆို စိတ်ကူးနိုင်ခွင့် ရှိကြသူတွေ ချည်းပါပဲ။ ဒါပေမဲ့ ဘယ်လို စိတ်ကူး မျိုးကို ကူးနေ သလဲ၊ ဂုဏ် သိက္ခာ ရှိတဲ့ လူတွေ ကူးတဲ့ စိတ်ကူးမျိုး မှ ဟုတ်ရဲ့လား ဆိုတာ က ဘ၀ ရဲ့ပြဿနာပါ။

ကြီးမြတ် တဲ့လူမျိုး ဟာ ပေါက်တတ် ကရတွေ ကို စိတ်ကူးလေ့ ကူးထ မရှိပါဘူး။ အခု ကျွန်တော် တို့ စိတ်ကူးနေ ကြတာတွေ က လက်မှတ် တစ်စောင် တည်းနဲ့ လူနှစ်ယောက် ၀င်လို့ ရအောင် ကုန်းပိုးပြီး ၀င်မယ် ဆိုတဲ့ စိတ်ကူး မျိုး။ သူများ တကာ နှလုံးသား နဲ့၊ ဉာဏ်ပ ညာ နဲ့ ရင်းနှီး ထုတ်လုပ် ထား တဲ့ အခွေကို ခိုးကူးမယ် ဆိုတဲ့ စိတ်ကူးမျိုး။

လူမျိုး တစ်မျိုးရဲ့ အဆင့် အတန်းကို ခန့်မှန်း တဲ့ အခါ သူတို့မှာ ဘယ်လို စိတ်ကူး မျိုးတွေ ရှိနေကြ သလဲ ဆိုတာ ကလည်း ထည့်သွင်း တိုင်းတာ ရတဲ့ ပေတံ တစ်ချောင်း ပါ။ အခု ... ကျွန်တော် တို့ စိတ်ကူးနေ ကြပုံတွေ ...။

ရှက် ပါတယ်။ ။

မောင်သာချို
7Day News
စိတ်ကို ဘယ်လို ကူးရပါ့  (တစ်)   အာဏာ ရှင်တွေရဲ့ အုပ်ချုပ်မှု ယန္တရားကြီးကြောင့် ပျက်စီး သွားရတဲ့ နယ်ပယ် အသီးသီး ထဲမှာ လူတွေရဲ့ စိတ်ကူး စိတ်သန်း နယ်ပယ် လည်းပါမယ် လို့ ကျွန်တော် ထင်တယ်ဗျာ။  မြန်မာ့ စီးပွားရေး လောက ချုံးချုံး ကျသွား ရကြောင်း ကိုတော့ ၀န်ခံ ထားကြပြီး သားပါ။ မြန်မာ့ ပညာရေးလောက သုံးစား မရတော့ကြောင်း လည်းဆွေးနွေး ခဲ့ကြပြီး သားပါ။ မြန်မာ့ အားကစားလောက ဖုတ်လှိုက်ဖုတ် လှိုက်ဖြစ်နေကြောင်း လည်း သုံးသပ် ခဲ့ကြပြီး သားပါ။ မြန်မာ့ အနုပညာလောက စံချိန်စံညွှန်းတွေ လျော့ကျ သွားကြောင်း လည်း ဝေဖန် ခဲ့ကြပြီး သားပါ။ ဘယ်ခေါင်းစဉ် ခွဲ ကိုပဲ ကောက်လှန်လှန် သိပ်မဟန် တာတွေ ချည်းသာ လို့ ၀န်ခံ ရမယ့် အနေအထား ပါ။ အဲသည့်လိုမြန်မာ တို့ ပျက်သွား ရပုံနဲ့ ပတ်သက် လို့ ပြောကြ ဆိုကြ တဲ့ အခါ စိတ်ကူးပုံ စိတ်ကူးနည်းတွေ အထိ ကမ္ဘာက သြချ ရလောက်အောင် ပျက်စီး ယိုယွင်း သွားကြ ရတဲ့ အကြောင်းတွေ ကဖြင့် မကြားချင်မှ အဆုံး ပါပဲ။  (နှစ်)   ဂျပန် ကနေပြန်လာသူ လေးငါးယောက်လောက် က သူတို့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ စာရေးသူ ကျွန်တော့် ကို မကြာခဏ မျှဝေပေး တတ်ကြပါတယ်။ တစ်ခါ မှာတော့ တစ်ယောက် က ဂျပန် မီးရထား စီးသူတွေ နဲ့ ဂျပန် ဘူတာရုံတွေ အကြောင်း ကို ဖောက်သည် ချလာခဲ့ ပါလေရော။ စာဖတ်သူ ကျွန်တော့် မိတ်ဆွေ တို့ တိရိစာန် ဥယျာဉ် အ၀င် အ၀က လူဝင်ပေါက် မှာ တပ်ထား တဲ့ ဒလက်ကြီးတွေ ကို မြင်ဖူး ကြမယ်ထင် ပါတယ်။ လူဝင်တဲ့ အခါ ဒလက် ကလည် သွားပြီး လူက ဒလက်နဲ့ အ တူ ပါသွား ရတဲ့၊ လူဝင်လူ ထွက်ကို စနစ် တကျဖြစ်အောင် လုပ်ပေး ထားတဲ့ ကိရိယာ လို့ ဆိုပါတော့။  ဂျပန်က မီးရထား ဘူတာရုံတွေ မှာ အဲသည့်လို ဒလက်တွေ တပ် ထားပေး ပါတယ်။ ဒလက် ထဲ ကို လူဝင်ပြီး လှည့်တဲ့ အခါ လက်မှတ် တစ်စောင်ပေးလိုက် တာ နဲ့ဒလက်က အလိုလို လည် သွားပြီးသား ဆိုပါတော့။ လက်မှတ် တစ်စောင် တည်းပေးပြီး ဒလက် ထဲမှာ လူနှစ်ယောက် ၀င်ရပ် ရင် ဒလက် က မလည် ပါဘူး။ ထ စ်နေ ပါတယ် ဒါဆိုလူက မလည်တဲ့ ဒလက် ထဲမှာ တစ်နေပြီး အထဲ ကို ၀င်လို့ မရတော့ ပါဘူး။ သိပ်ကောင်း တဲ့ ဂျပန် စနစ်ပေါ့။  ဒါပေမဲ့ အဲသည့်လို သိပ်ကောင်း တဲ့ ဂျပန်စနစ် ကို ခေါင်းခြောက် သွားအောင် လုပ်ဖို့ ပေါ်ပေါက် လာတာက မြန်မာ့ စိတ်ကူးပါ။ မြန်မာနိုင်ငံသား က ဂျပန်ကို မေး ပါတယ်။ လူနှစ်ယောက် က လူ တစ်ယောက် တည်း နီးနီးလောက်ဖြစ်အောင် ဖက်ပြီးတော့ ကပ်ထား မယ်။ ပြီးတော့ လက်မှတ် တစ်စောင် တည်းပြပြီး ၀င်မယ်ပေါ့။ ဂျပန် အမျိုးသား က ရယ် ပါတယ်။ မရပါ ဘူး ဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက် ပဲ ကပ်ပြီး ၀င်ဝင် စက်ကနှစ်ယောက် မှန်း သိပါတယ်ပေါ့။ လက်မှတ်နှစ်စောင် မပေးရင် မလည် ပါဘူးပေါ့။  မြန်မာက လက်မလျှော့ ပါဘူး။ ဒါဆို ကလေးတွေ ကုန်းပိုးသ လိုပိုးပြီးဝင်မယ် ဆိုရင်ရောပေါ့။ သည် တစ်ခါမှာတော့ ဂျပန် ငိုင်ကျ သွားပါတယ်။ Cross Question အမေးခံ လိုက်ရတဲ့ လူလို ဘာပြန် ဖြေရမှန်း မသိ ဖြစ်သွား ပုံရပါတယ်။အေးဗျာ ကျွန်တော် တို့ ဂျပန်တွေ ဘယ်သူမှ အဲသည် လို မတွေး မိကြ ဘူးတဲ့။ စိတ်မကူး မိကြဘူး တဲ့။ ၀မ်းသာ ရမှာ လား မသိ။ ၀မ်းနည်း ရမှာလား မသိ။ မြန်မာ့ စိတ်ကူး ရဲ့ သူမတူအောင် ထောင့်စေ့ ပုံ။ လူ တစ်ယောက် အတွက် လက်မှတ် တစ်စောင် ခ သက်သာ အောင် ကုန်းပိုးပြီး ၀င်ရင် ရနိုင်တယ် လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ် မကူးမိကြ။  (သုံး)   နောက် တစ်ခါ အခွေ ကိစ္စလေး ပြောချင်သေး တယ်ဗျ။ အမျိုးမျိုး အ ထွေထွေသော အခွေတွေပေါ့။ စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရော အစုံ။   ကျွန်တော် တို့ ဆီမှာ အဲသည့် အခွေ မျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလော နဲ့ ၀ယ်လို့ ရနိုင် တယ် ဆိုတာကို အားလုံး သိပြီးသား ပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့် မူရင်း အခွေတွေ ကို ငွေနှစ်ရာ နဲ့ လည်းရနိုင်၊ ငွေသုံးရာ နဲ့ လည်းရနိုင် တဲ့ အခွေ တွေ ဆိုပါတော့။ လူထု ပါးစပ်ထဲ မှာ ကတော့ လွယ်လွယ်ခေါ်နေတဲ့ ဝေါဟာရ တစ်လုံး ရှိပါတယ်။ ခိုးကူး တဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်း အနှီးကြီးကြီး နဲ့ လုပ်ထား ကြရ တဲ့ တေးဂီတ ထုတ်လုပ် သူတွေ၊ ရုပ်ရှင် ဗီဒီယို ထုတ်လုပ် သူတွေ ဟာ စီးပွားပျက် မတတ် ထိခိုက်ကြ ရတာ ကို လည်း အားလုံး သိပြီးသား ပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန် ရှိသူတွေနဲ့၊ ရဲတွေ နဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူ ဖို့ ဆောင်ရွက်နေ ကြတာတွေ ကလည်း မကြာ မကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေ တဲ့ အခြေအနေ။  တစ်ရက် အနောက် ကမ္ဘာ မှာ အနေကြာ ခဲ့ အနေကြာ ဆဲသူ တစ်ယောက် နဲ့ စကား ၀ိုင်း ဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေ ဘက်ဆီကို စကားဝိုင်းရောက် သွားတော့ အိုင်တီနည်း ပညာ သိပ် ကိုရှေ့တန်း ရောက် တဲ့နိုင်ငံမှာ အခွေတွေ ကို ကူး မရောင်းဘူး လားလို့ ကျွန်တော် က မေးမိ ပါတယ်။ ဆိုကြ ပါစို့ လေဒီဂါဂါ ရဲ့အခွေ၊ တေလာ ဆွစ် ရဲ့ အခွေ၊ ဂျပ်စတင် ဘီဘာ ရဲ့ အခွေ။  အမေးခံရ တဲ့လူ ကြောင် တက်တက် ဖြစ်သွား သဗျ။ သူတို့ ဆီမှာ တစ်ခါမှ စိတ် ကူးလေ့ ကူးထ မရှိတဲ့ စိတ်ကူး မျိုး ကို သိလိုက် ရလို့ အံ့သြ သွားပုံ လည်း ရပါတယ်။ အေးဗျာ .. တဲ့။ ကူးရောင်းရင်တော့ ဈေး သက်သာမှာ သေချာပေါက်ပေါ့ တဲ့။ ဒါပေမဲ့ အဲသည့် ကမ္ဘာက လူတွေ က အဲသည် လို မျိုး လုပ်ပြီး ပိုက်ဆံ ရှာ ဖို့ စိတ်ကူး လေ့ ရှိကြပုံ မရဘူး တဲ့။ မအံ့သြ ဘူးလား။  (လေး)   သွေးဆေး ထဲမှာ အုတ်နီခဲ မှုန့်ရောပြီး ရောင်းရင်ဖြစ် မယ်လို့ စိတ်ကူး သူတွေ ရှိပါ တယ်။ နှမ်း ထဲမှာ ကျောက် စရစ်ခဲ ကလေးတွေ ရောပြီးရောင်းရင်ဖြစ် မယ် လို့ စိတ် ကူးသူတွေ ရှိပါတယ်။ သူတစ်ပါး ပြုစု ထားတဲ့ အဘိဓာန် စာအုပ်ကြီး ထဲကနေ ကိုယ့်စိတ် ကြိုက် စကားလုံး တချို့ ရွေးထုတ် ကာ ကိုယ့် ကိုယ်ကိုယ် အိတ်ဆောင် အဘိ ဓာန်ပြုစု သူ လုပ်ရင်ဖြစ် မယ်လို့ စိတ်ကူး သူတွေ ရှိပါတယ်။ အနောက် တိုင်းဆေးပညာ ကနေ လာတဲ့ သောက်ဆေးတွေ ကို အမှုန့် လုပ်၊ ပုလင်းထဲ ထည့်၊ ရွာစဉ် လှည့် ကာ မိမိ ကိုယ်တိုင် ဖော်စပ် ထားတဲ့ ဆေး အဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေး ဆရာကြီး အဖြစ် ကုသဖို့ စိတ်ကူး သူတွေ ရှိပါတယ်။  စိတ် ဆိုတာ ကူးလို့ ရတဲ့ အရာဖြစ် လို့ ဘယ်သူမ ဆို စိတ်ကူးနိုင်ခွင့် ရှိကြသူတွေ ချည်းပါပဲ။ ဒါပေမဲ့ ဘယ်လို စိတ်ကူး မျိုးကို ကူးနေ သလဲ၊ ဂုဏ် သိက္ခာ ရှိတဲ့ လူတွေ ကူးတဲ့ စိတ်ကူးမျိုး မှ ဟုတ်ရဲ့လား ဆိုတာ က ဘ၀ ရဲ့ပြဿနာပါ။  ကြီးမြတ် တဲ့လူမျိုး ဟာ ပေါက်တတ် ကရတွေ ကို စိတ်ကူးလေ့ ကူးထ မရှိပါဘူး။ အခု ကျွန်တော် တို့ စိတ်ကူးနေ ကြတာတွေ က လက်မှတ် တစ်စောင် တည်းနဲ့ လူနှစ်ယောက် ၀င်လို့ ရအောင် ကုန်းပိုးပြီး ၀င်မယ် ဆိုတဲ့ စိတ်ကူး မျိုး။ သူများ တကာ နှလုံးသား နဲ့၊ ဉာဏ်ပ ညာ နဲ့ ရင်းနှီး ထုတ်လုပ် ထား တဲ့ အခွေကို ခိုးကူးမယ် ဆိုတဲ့ စိတ်ကူးမျိုး။  လူမျိုး တစ်မျိုးရဲ့ အဆင့် အတန်းကို ခန့်မှန်း တဲ့ အခါ သူတို့မှာ ဘယ်လို စိတ်ကူး မျိုးတွေ ရှိနေကြ သလဲ ဆိုတာ ကလည်း ထည့်သွင်း တိုင်းတာ ရတဲ့ ပေတံ တစ်ချောင်း ပါ။ အခု ... ကျွန်တော် တို့ စိတ်ကူးနေ ကြပုံတွေ ...။  ရှက် ပါတယ်။ ။   မောင်သာချို 7Day News

No comments:

Post a Comment