Wednesday, October 30, 2013

မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ မတည်ငွေရင်းနှင့်

မန်မာကုမ္ပဏီများ မှတ်ပုံတင်ရာတွင်မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ရမည့်ငွေပမာဏ သတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်း
မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ငွေတို့ကို အောက်ပါ အတိုင်း သတ်မှတ်ခဲ့ပါသည်-
စဉ် လုပ်ငန်းအမျိုးအစား မတည်ငွေရင်း ကနဦးထည့်ဝင်ငွေ
(ကျပ်သန်း) (ကျပ်သန်း)
(က) ရောင်းဝယ်ရေး ၁၀၀ ၅
(ခ) ဝန်ဆောင်မှု ၁၀၀ ၅
(ဂ) ခရီးသွားလုပ်ငန်း ၁၀၀ ၅
(ဃ) ကျောက်မျက်လုပ်ငန်း ၁၀၀ ၅
(င) ဟိုတယ်လုပ်ငန်း ၅၀၀ ၅၀
(စ) စက်မှုလက်မှုနှင့်ထုတ်လုပ်မှု ၅၀၀ ၅၀
(ဆ) ဆောက်လုပ်ရေး ၅၀၀ ၅၀
ကုမ္ပဏီများဖွဲ့စည်းမှတ်ပုံတင်ရာတွင် အထက်ပါအတိုင်း လုပ်ငန်း အမျိုးအစား ခွဲခြားသတ်မှတ်မှုကို ပယ်ဖျက်ပေး ခဲ့ပြီး ဖြစ်သည့်အပြင် ယခု အခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်သာကိုင်သာရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များတွင် ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက်လည်းကောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ စနစ်တကျတိုးတက်စေရေးအတွက် လည်းကောင်း ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် မတည်ငွေရင်းပမာဏနှင့် ကနဦး ထည့်ဝင်ငွေ ပမာဏကန့်သတ်ထားရှိခြင်းကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ပယ်ဖျက်ပေးလိုက်ပါသည်။

ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ
Source: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
မြန်မာကုမ္ပဏီများ မှတ်ပုံတင်ရာတွင်မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ရမည့်ငွေပမာဏ သတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်း  မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ငွေတို့ကို အောက်ပါ အတိုင်း သတ်မှတ်ခဲ့ပါသည်-  စဉ် လုပ်ငန်းအမျိုးအစား မတည်ငွေရင်း ကနဦးထည့်ဝင်ငွေ (ကျပ်သန်း) (ကျပ်သန်း) (က) ရောင်းဝယ်ရေး ၁၀၀ ၅ (ခ) ဝန်ဆောင်မှု ၁၀၀ ၅ (ဂ) ခရီးသွားလုပ်ငန်း ၁၀၀ ၅ (ဃ) ကျောက်မျက်လုပ်ငန်း ၁၀၀ ၅ (င) ဟိုတယ်လုပ်ငန်း ၅၀၀ ၅၀ (စ) စက်မှုလက်မှုနှင့်ထုတ်လုပ်မှု ၅၀၀ ၅၀ (ဆ) ဆောက်လုပ်ရေး ၅၀၀ ၅၀ ကုမ္ပဏီများဖွဲ့စည်းမှတ်ပုံတင်ရာတွင် အထက်ပါအတိုင်း လုပ်ငန်း အမျိုးအစား ခွဲခြားသတ်မှတ်မှုကို ပယ်ဖျက်ပေး ခဲ့ပြီး ဖြစ်သည့်အပြင် ယခု အခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်သာကိုင်သာရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များတွင် ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက်လည်းကောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ စနစ်တကျတိုးတက်စေရေးအတွက် လည်းကောင်း ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် မတည်ငွေရင်းပမာဏနှင့် ကနဦး ထည့်ဝင်ငွေ ပမာဏကန့်သတ်ထားရှိခြင်းကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ပယ်ဖျက်ပေးလိုက်ပါသည်။  ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ  Source: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment