Wednesday, October 30, 2013

Apple ကုန်ပစ္စည်း သစ် ထပ်မံ မြင်တွေ့ ရမည်

Apple ကုန်ပစ္စည်း သစ် ထပ်မံ မြင်တွေ့ ရမည်
ပြီးခဲ့တဲ့ လက ၊ ရက်ပိုင်းများ က မိတ်ဆက် ကြေညာ ခဲ့တဲ့ ပစ္စည်းများ ကို Apple စီအီးအို Tim Cook က New Product ကို ခေါင်းစဉ် မတပ် ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့် New Product များက နောက်နှစ်ဆန်း ပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း ပြီး ခဲ့တဲ့ တနင်္လာနေ့ က အင်တာ ဗျူး တစ်ခု မှာ ဖြေကြား ခဲ့ ပါတယ်။
ကုန်ပစ္စည်း အသစ် အနေနဲ့ Apple iTV နဲ့ iWatch ဖြစ်မယ် လို့ အများစု က ယုံကြည် ခန့်မှန်း ထားပြီးသား ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်း အတွင်း မိတ်ဆက် လို့ နှစ်လယ် လောက် နောက်ပိုင်း မှာ ဖြန့်ချိ ရောင်းချမယ် လို့တောင် တစ်ခါတည်း ခန့်မှန်း ထားကြ ပါတယ်။ Apple မှာ ပါဝင် ရင်းနှီး မြှုပ်နှံထား သူများ ကိုတော့ ကုန်ပစ္စည်း အသစ် အကြောင်း ကို လျှို့ ဝှက်စွာ မိတ်ဆက် ပေးလိုက် ပြီး ဖြစ်ကြောင်း သတင်းများ မှာ ရေးသား ဖော်ပြ ထား ပါတယ်။
Software မှာ ရော၊ Hardware မှာရော Unique ဖြစ်တဲ့ ပစ္စည်းများ ကို ဆက်တိုက် ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း Tim Cook က ပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၉၀ အတွင်း က iPhone အလုံး ရေ ၃၃.၈ သန်း၊ iPad ၁၄.၁ သန်း၊ Mac ၄.၆ သန်း၊ iPod ၃.၄၉ သန်း ရောင်းချ ခဲ့ရပြီး Revenue အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ နဲ့ အသားတင် အမြတ်ငွေ ၇.၅ ဘီလျံတို့ ရရှိ ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့  အဖိုး အတန် ဆုံး နည်းပညာ ကုမ္မဏီ များ စာရင်း ထဲမှာ လည်း Apple က ထိပ်ဆုံး မှာ ရှိနေအုံး မယ် လို့ ယုံကြည် ထားကြ ကြောင်း သိရ ပါတယ်။
Aung Kham ( TSJ Team )
Apple ကုန်ပစ္စည်း သစ် ထပ်မံ မြင်တွေ့ ရမည်  ပြီးခဲ့တဲ့ လက ၊ ရက်ပိုင်းများ က မိတ်ဆက် ကြေညာ ခဲ့တဲ့ ပစ္စည်းများ ကို Apple စီအီးအို Tim Cook က New Product ကို ခေါင်းစဉ် မတပ် ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့် New Product များက နောက်နှစ်ဆန်း ပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း ပြီး ခဲ့တဲ့ တနင်္လာနေ့ က အင်တာ ဗျူး တစ်ခု မှာ ဖြေကြား ခဲ့ ပါတယ်။  ကုန်ပစ္စည်း အသစ် အနေနဲ့ Apple iTV နဲ့ iWatch ဖြစ်မယ် လို့ အများစု က ယုံကြည် ခန့်မှန်း ထားပြီးသား ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်း အတွင်း မိတ်ဆက် လို့ နှစ်လယ် လောက် နောက်ပိုင်း မှာ ဖြန့်ချိ ရောင်းချမယ် လို့တောင် တစ်ခါတည်း ခန့်မှန်း ထားကြ ပါတယ်။ Apple မှာ ပါဝင် ရင်းနှီး မြှုပ်နှံထား သူများ ကိုတော့ ကုန်ပစ္စည်း အသစ် အကြောင်း ကို လျှို့ ဝှက်စွာ မိတ်ဆက် ပေးလိုက် ပြီး ဖြစ်ကြောင်း သတင်းများ မှာ ရေးသား ဖော်ပြ ထား ပါတယ်။  Software မှာ ရော၊ Hardware မှာရော Unique ဖြစ်တဲ့ ပစ္စည်းများ ကို ဆက်တိုက် ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း Tim Cook က ပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၉၀ အတွင်း က iPhone အလုံး ရေ ၃၃.၈ သန်း၊ iPad ၁၄.၁ သန်း၊ Mac ၄.၆ သန်း၊ iPod ၃.၄၉ သန်း ရောင်းချ ခဲ့ရပြီး Revenue အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ နဲ့ အသားတင် အမြတ်ငွေ ၇.၅ ဘီလျံတို့ ရရှိ ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့  အဖိုး အတန် ဆုံး နည်းပညာ ကုမ္မဏီ များ စာရင်း ထဲမှာ လည်း Apple က ထိပ်ဆုံး မှာ ရှိနေအုံး မယ် လို့ ယုံကြည် ထားကြ ကြောင်း သိရ ပါတယ်။  Aung Kham ( TSJ Team )

No comments:

Post a Comment