Thursday, October 31, 2013

စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်


စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်

တရုတ်နိုင်ငံ ရှန်ဟိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် စွမ်းအင် သုံးစွဲမှုကို သက်သာ စေနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး စမတ်ပြ တင်းပေါက်များကို တီထွင်နိုင်ခဲ့ကြသည်ဟု သိရသည်။
သိပ္ပံပညာရှင်များသည် စမတ် ပြတင်းပေါက်များကို တီထွင်ခဲ့ရာ တွင် ထွင်းဖောက်မြင်နိုင်သည့်Vanadium Dioxide (Vo2) အလွှာပါး သစ်တစ်မျိုးကို အသုံးပြု ခဲ့ကြသည်။(Vo2) အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပြီး သတ္တုတစ်ပိုင်း လျှပ်ကူး ပစ္စည်းအကူးအပြောင်းကို အပြန်အလှန် လုပ်ဆောင်ပေး သည့် ကိရိယာဖြစ်သည်။
Vo2 အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီစင်တီဂရိတ် အောက်တွင် အနီအောက် ရောင်ခြည်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပြီး အပူချိန်ကို ကာကွယ် နိုင်စွမ်း ရှိသည်။ သို့သော် အပူချိန် ၆၈ ဒီဂရီစင်တီ ဂရိတ်အထက် ကျော်လွန်သွားပါက အနီအောက် ရောင်ခြည်ကို တုံ့ပြန် နိုင်စွမ်းရှိပြီး သတ္တုအဖြစ် ပြောင်းလဲ ပေးနိုင်သည်ဟု သိရသည်။
အပူချိန်နိမ့်သည့် အချိန်တွင် အနီအောက် ရောင်ခြည်များကို ဖောက်ထွင်း မြင်နိုင်ခြင်းနှင့် အပူချိန်မြင့် လာလျှင် ၎င်းအပူချိန်ကို ခုခံနိုင်သည့် ဂုဏ်သတ္တိများ ရှိခြင်းကြောင့် စမတ်ပြတင်းပေါက်များ တပ်ဆင်ခြင်းသည် ဆောင်းရာသီတွင် အခန်း ကို နွေးထွေးစေပြီး နွေရာ သီတွင် အခန်းကို အေးမြစေကြောင်း စမတ်ပြတင်းပေါက်များ ကို လပေါင်းများစွာ ကြာအောင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ၎င်းစမတ် ပြတင်းပေါက်များသည် လျှပ်စစ်ဓာတ်ကို ၅ဝရာခိုင် နှုန်းခန့် သက်သာ စေနိုင်ကြောင်း ရှန်ဟိုင်း တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ကောင်းယန်မန့်က ပြောကြားသည်။
အခြား ပြတင်းပေါက်များနှင့် နှိုင်းယှဉ် ကြည့်ရာတွင် စမတ်ပြတင်း ပေါက်များသည် အပူချိန်ကို ပို၍ ခုခံနိုင်စွမ်း ရှိကြောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အကယ်၍သာ ၎င်းစမတ် ပြတင်းပေါက်များကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခဲ့ပါက ၎င်းပြ တင်း ပေါက်များသည် အလင်းပေးခြင်း၊ အအေးခံခြင်းနှင့် အပူခံခြင်း များအတွက် သုံးစွဲရမည့် စွမ်းအင်များအား လျှော့ချရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm/tech/item/29373-2013-10-31-15-42-44
အေးချမ်းမွန် Credit To >မြ၀တီ <Thanks
https://www.facebook.com/excellencemedia
စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်   တရုတ်နိုင်ငံ ရှန်ဟိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် စွမ်းအင် သုံးစွဲမှုကို သက်သာ စေနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး စမတ်ပြ တင်းပေါက်များကို တီထွင်နိုင်ခဲ့ကြသည်ဟု သိရသည်။  သိပ္ပံပညာရှင်များသည် စမတ် ပြတင်းပေါက်များကို တီထွင်ခဲ့ရာ တွင် ထွင်းဖောက်မြင်နိုင်သည့်Vanadium Dioxide (Vo2) အလွှာပါး သစ်တစ်မျိုးကို အသုံးပြု ခဲ့ကြသည်။(Vo2) အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပြီး သတ္တုတစ်ပိုင်း လျှပ်ကူး ပစ္စည်းအကူးအပြောင်းကို အပြန်အလှန် လုပ်ဆောင်ပေး သည့် ကိရိယာဖြစ်သည်။  Vo2 အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီစင်တီဂရိတ် အောက်တွင် အနီအောက် ရောင်ခြည်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပြီး အပူချိန်ကို ကာကွယ် နိုင်စွမ်း ရှိသည်။ သို့သော် အပူချိန် ၆၈ ဒီဂရီစင်တီ ဂရိတ်အထက် ကျော်လွန်သွားပါက အနီအောက် ရောင်ခြည်ကို တုံ့ပြန် နိုင်စွမ်းရှိပြီး သတ္တုအဖြစ် ပြောင်းလဲ ပေးနိုင်သည်ဟု သိရသည်။  အပူချိန်နိမ့်သည့် အချိန်တွင် အနီအောက် ရောင်ခြည်များကို ဖောက်ထွင်း မြင်နိုင်ခြင်းနှင့် အပူချိန်မြင့် လာလျှင် ၎င်းအပူချိန်ကို ခုခံနိုင်သည့် ဂုဏ်သတ္တိများ ရှိခြင်းကြောင့် စမတ်ပြတင်းပေါက်များ တပ်ဆင်ခြင်းသည် ဆောင်းရာသီတွင် အခန်း ကို နွေးထွေးစေပြီး နွေရာ သီတွင် အခန်းကို အေးမြစေကြောင်း စမတ်ပြတင်းပေါက်များ ကို လပေါင်းများစွာ ကြာအောင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ၎င်းစမတ် ပြတင်းပေါက်များသည် လျှပ်စစ်ဓာတ်ကို ၅ဝရာခိုင် နှုန်းခန့် သက်သာ စေနိုင်ကြောင်း ရှန်ဟိုင်း တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ကောင်းယန်မန့်က ပြောကြားသည်။  အခြား ပြတင်းပေါက်များနှင့် နှိုင်းယှဉ် ကြည့်ရာတွင် စမတ်ပြတင်း ပေါက်များသည် အပူချိန်ကို ပို၍ ခုခံနိုင်စွမ်း ရှိကြောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အကယ်၍သာ ၎င်းစမတ် ပြတင်းပေါက်များကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခဲ့ပါက ၎င်းပြ တင်း ပေါက်များသည် အလင်းပေးခြင်း၊ အအေးခံခြင်းနှင့် အပူခံခြင်း များအတွက် သုံးစွဲရမည့် စွမ်းအင်များအား လျှော့ချရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။  http://www.myawady.net.mm/tech/item/29373-2013-10-31-15-42-44  အေးချမ်းမွန် Credit To >မြ၀တီ <Thanks https://www.facebook.com/excellencemedia

No comments:

Post a Comment