Monday, October 28, 2013

လူကြမ်းကြီး မိုးသီး

လူကြမ်းကြီး မိုးသီး


၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတကြီး ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ ဦးရွှေမန်းကို ပြောလိုက်ချိန်မှာ လူကြမ်းတစ်ဦး မြန်မာနိုင်ငံရေး စင်မြင့်ကို ပရိယာယ်နဲ့ ဝင်လာမယ် လို့  သတင်းရတယ်။

သူငယ်ချင်းတို့ ရေ ............ ငရဲခွေးကြီး အကြံကြီးသဖြင့် သတိကြီးစေရန် ဒီ Post ကို တင်လိုက်တယ်။

အဲတော့ ကိုယ်ပြောချင်တာက လက်ရှိ နိုင်ငံရေး အဖွဲ့ အစည်းမှာ NLD ၊ အစိုးရ ၊ ၈၈ ညီအစ်ကို မောင်နှမ တွေ ၊ NNDP ၊ တိုင်းရင်းသား ပါတီတွေ အစရှိသဖြင့် ပါတီဝင်တွေ ၊ ပါတီထောက်ခံ သူတွေ အစရှိသဖြင့် ပြည်သူတွေ အများကြီး တစ်ဘက်နဲ့ တစ်ဘက် ထောက်ပြကြဝေဖန်ကြ ၊ ပစ်တင်ကြ ၊ ပါးစပ်နဲ့ ပဲ ရန်ဖြစ်ကြ ဒီ အဆင့် လောက်နဲ့ ပဲ မောင် နှမတွေ ပီးဆုံးသွားတယ်...။

အကောင်းဆုံး အထိမ်းအကွတ်တွေ အဖြစ်နဲ့  ဆက်ပြီး လမ်းကြောင်းမှန်ပေါ်ကို သွားနေကြတယ်။ အခု နိုင်ငံရေးလော ကထဲကို အသစ်ဝင်လာမယ့် ဆရာကြီးက လူတွေအချင်းချင်း သတ်အောင် လုပ်တတ်တယ် ၊ လူတွေ အချင်းချင်း သွေးကွဲအောင် လုပ်ဖို့  ၀င်မလေးဘူး ၊ ဘယ်သူ သေသေ ငတေ မှန်ရင် ပီးရော လူကြီး ၊ ရိုဟင်ဂျာ အဖွဲ့ အစည်း ဆရာကြီးတွေ နဲ့ လဲ ဖက်လဲတကင်း ပတ်သက်ခြင်းရှိတယ် ၊ ပြီးတော့ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ စိတ်တွေ ရှိတဲ့ လူတစ်စု ထဲက လူ ၊ နိုင်ငံရေး လုပ်စားပြီး နိုင်ငံခြားမှာ ကြီးပွားနေတဲ့ လူ တစ်ဦးပေါ့ ဒါတွေဟာ သူ့ အရည်အချင်းတွေ ပဲ သူငယ်ချင်း...။

သူအခု ဖောက်နေတဲ့ လမ်းကြောင်းက Alternative Parliament ဆိုလားပဲ ကိုယ်တော့ နဲနဲ တောင် ကြောချမ်းမိတယ်..။ လိုင်းတစ်ခုပေါ့ သူ့ တို့  အကြံအစည် ကတော့ ဆည်ကတုတ်ဝမှ ငါးများကို ပိတ်ပြီး ငါးဖမ်းခြင်းပါပဲ...။ ငါးတွေ ပြေးလို့  မလွတ်တဲ့နည်း နဲ့  ငါးတွေ သူဆီလာတဲ့ နည်း ၊ ငါးတွေ အမြန်ရတဲ့ နည်းကို သူ ကျင့်သုံးမယ်..။ သူတို့ ရဲ့ ရည်ရွယ်ချက်က....လွှတ်တော်မှာ ပြည်သူ့ အသံ မပေါက်ဘူး ၊ အဲတော့ သူတို့ ပဲ ပြည်သူ အသံကို လွှတ်တော်ထိ ပေါက်အောင်   ပြည်သူ့ ကိုယ့်စား လုပ်ဆောင်ပေး မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ၀င်လာတယ်....။ပြောရရင် ပြည်သူ နဲ့  လွှတ်တော်ကြားက Agent ပုံစံနဲ့  ဂွင်ဝင်ဖန်တာပေါ့ဗျာ..။

တကယ်တော့ ဒီလို Agent လိုမျိုး မလိုအပ်ပါဘူး။ ပြည်သူနဲ့  လွှတ်တော် ကိုယ်စားလှယ်တွေ Facebook ကနေ ပြည်သူအသံတွေ တိုက်ရိုက် ထိတွေ့ နိုင်တယ် ၊ အစိုးရရော လွှတ်တော်ရော သူ့ လမ်းကြောင်းနဲ့  သူ အသီးသီး ပြည်သူအကျိုးကို မျက်စိဖွင့် နားစွင့်ရင်း လုပ်ဆောင်ပေးကြတယ်..။ ကြာတာနဲ့  မြန်တာ တော့ လုပ်ငန်းစဉ် အဆင့်ဆင့် နဲ့  Process အခြေအနေတစ်ခုကြောင့်တော့ ရှိတာပေါ့ ။ဒီလူက အခုဟာက အစိုးရနဲ့  ပြည်သူ ရဲ့  ကြားမှာ Agent ပုံစံ အဖြစ် ၀င်လာခြင်းပေါ့..။ Agent ဆိုတဲ့ သဘောတရား အရ သူများအကျိုးကို ဆောင်ရွက်ရင်း မိမိအတွက်အမြတ်ထုတ်သော စနစ်ပဲ သူငယ်ချင်း.။ ရှင်းရှင်းပြောရရင် သူ့ အကျိုးကို ပဲ သူကြည့်တဲ့ စနစ်ပေါ.။ ဒီလူ့ ကို ယုံကြည်ဖို့ နောက်ကြောင်းကို လိုက်ကြည့်ရင် ယုံကြည်ချင်စရာ က နတ္ထိလေ ၊။

တိုင်းပြည်မှာ လူတွေက ပြသနာကို Agent ကို အားကိုးမယ်...Agent က ပြည်သူကိုလဲ ပိုင် ၊ အစိုးရကို လဲ နိုင်တဲ့ လုပ်ကွက်ကို သူက ဇာတ်လမ်းထွင်တာပေါ့...။ အစိုးရ ငါပြောတာ မလုပ်ဖူးလား...ပြည်သူနဲ့  လှည့်တိုက် လိုက်ရမလား...ပေါ့ ။၊

ပြည်သူ ရော ငါက မင်းတို့ ရဲ့ အရှင်သခင် ၊ ငါကို မယုံကြည်သူနဲ့  ငါ့ကို ယုံကြည်သူနဲ့  ပြည်သူတွေ ၂ ခြမ်းကွဲသွားစေနိုင်တဲ့ အချက်တွေ ရှိတယ်။ အခြား NLD အစရှိသော ပါတီကြီးတွေကိုလဲ တိုက်ခိုက် လာနိုင်တဲ့ ၊ ထိခိုက်လာနိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားနိုင်တယ်...။ပြည်သူရော အစိုးရရော ၂ ဖက်လုံးအတွက် အန္တရယ်များတယ်..။သွားမယ့် ခရီးတွေ ကြန့် ကြာစေနိုင်တယ်..။


ဂွင်ဆင်နေတဲ့ ငပွကြီး လူကြမ်း မင်းသားကတော့ မိုးသီးဇွန်ပဲ ဖြစ်ပါတယ်...။ အခု မိုးသီးဇွန်ဟာ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့  အစည်းအဝေး ၃ ပွင့်ဆိုင် ခေါင်းချင်းဆိုင်နေကြပါတယ်..။ပြောချင်တာက ၈၈ က ကိုမင်းကိုနိုင်တို့ ၊ ကို ကိုကြီးတို့ ၊ မနီလာသိန်းတို့ ဟာ ပြည်သူတွေ လေးစားခြင်းခံထားရရဲ့  အရိုးခံတွေပါ...သူတို့ တွေ ကို အသုံးချခံတွေ မဖြစ်စေချင်ပါဘူး..။နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ လဲ ဒီလို ပါပဲ မိမိ နိုင်ငံနဲ့  မိမိ ရဲ့ မှန်ကန်တဲ့ ယုံကြည်ချက်တွေ အတွက် အကျဉ်းသားဘ၀နဲ့  ဂုဏ်ရှိရှိ ပြည်သူတွေ အသိမှတ်ပြုခံထားရသူတွေပါ...။ဆွမ်းဆန်ထဲကို မစင်ရောလိုက်တာနဲ့  အဲဒီ ဆွမ်းဆန်ဟာ ဘယ်လောက်ကောင်းကောင်း မစင်ရောလိုက်တာနဲ့  ဆွမ်းဆန်ဟာ ပျက်စီးသွားရတတ်ပါတယ်
အဲဒါကြောင့် အချိန်မှီ ချု ပ်ကြခြင်းဖြင့် အစုတ်သက်သာစေရန် စိတ်ရည်သန်ကာ ဒီ Post ဖြင့် လက်ဦးမှု့ ရယူလိုက်ပါကြောင်း တင်ပြလိုက်ပါရစေ.

ဘစည်(စင်္ကာပူ)

No comments:

Post a Comment